Pages

Sunday, July 5, 2009

"ကာရာအိုကေပါတော့လဲ စားရတာပေါ့ကွာ"တဲ့













ပုပ္ပားတောင် (ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်း မြန်မာပြည်)

အကျွန်ုပ်နှင့် ဆရာတော်များသည် ကထိန်ပွဲအတွက် ကျောက်ပန်းတောင်မြို့နယ်မှ ရွာတစ်ရွာသို့ သွားရောက်ခဲ့ရပေသည်၊ ရွာသို့ေ၇ာက်သောအခါ ဆရာတော်ကို ဦးချပြီး စကားပြောနေစဉ် ဧည့်သည်တစ်သိုက်ဝင်ရောက်လာကြလေသည်။

ထိုအထဲမှ ဒကာကြီးတစ်ယောက်သည် ဆရာတော်ကို ဦးတိုက်ပြီးသောအခါ အောက်ပါအတိုင်း လျှောက်ထားလေသည် "ဆရာတော်ဘုရား တပည့်တော်က ဒီကျောင်းရဲ့ ကထိန့် ဒကာပါ ဘုရား၊ တပည့်တော်မှာ ကထိန်ပစ္စည်းများနှင့် ကာရာအိုကေလဲ ပါလာပါတယ်ဘုရား” ဟုလျှောက်ထားလေသည်။

ထိုအခါ မှတ်သားဖွယ်ရာ ဆရာတော်မိန့်ကြားလိုက်သည်မှာ "ကာရာအိုကေပါတော့လဲ စားရတာပေါ့ကွာ” တဲ့ ၊ ဆရာတော်ပြောလိုက်သော စကားကြောင့် ကျောင်းအတွင်းရှိ ရဟန်းသံဃာများနှင့် ဒကာ ဒကာမအပေါင်းတို့ အူလှိုက်သဲလှိုက်ရယ်ရလေတော့သည်။

ခရီးအဝေးမှ ရောက်လာသော အကျွန်ုပ်နှင့် ဆရာတော်များသည်လည်း ဟက်ဟက်ပက်ပက် ရယ်လိုက်ရသည့်အတွက် မောပန်းနွမ်းနယ်မှုအားလုံးတို့လည်း ပြေပျောက်သွားလေတော့သတည်း။

0 comments:

Post a Comment

Pages (143)1234 Next
 

Go Up အပေါ်သို့