Pages

Sunday, June 6, 2010

“ပျော်ရွှင် အောင်မြင်သော နေထိုင်နည်း”

ပျော်ရွှင်ဘွယ်ကောင်း၍ အောင်မြင်သော နေထိုင်နည်းဟူသည် ယခုလက်ငင်း ပြုလုပ်ရမည်ဖြစ်သော အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ လွန်ခဲ့ပြီးသော အတိတ်၊ မရောက်သေးသော အနာဂါတ်ကို တွေးပူနေ၍ မဖြစ်ပါ။ အတိတ်က ပြုလုပ်ခဲ့သော
အရာများကို ပြန်လည်ပြုပြင်၍ မရတော့ပါ။ ကမ္ဘာကြီးအတွင်းဝယ် ရှိသော အရာများဟာ အမြဲမပြတ်ပြောင်း လဲနေသည့်အတွက်ကြောင့် အနာဂတ်ကိုလည်း ကြိုတင်ခန့်မှန်၍ မရနိုင်ပါ။ အသိစိတ်ဖြင့် ထိန်းချုပ်နိုင်သော အခိုက်အတန့်လေးသည်
ကား ပစ္စုပ္ပန်ပင်ဖြစ်လေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက
“ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္စျေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။
အတိတ်က အကြောင်းအရာတွေအပေါ် ပြန်လည်အောက်မေ့ ခင်တွယ်နေတဲ့ တဏှာအစေးကို ခန်းခြောက်စေ နိုင်ရမည်။ အနာဂတ်ဝယ်ဖြစ်ပေါ်လာမည့် အကြောင်းအရာတွေကိုလည်း ကြိုတွေးပြီး တဏှာဖြင့် ကြောက်ကြ မစိုက်နဲ့။ပစ္စုပ္ပုန်အလယ်တည့်တည့်မှာလည်း သက်ရှိသက်မဲ့တွေအပေါ် တဏှာဖြင့် မခင်တွယ်လေနဲ့။” မိန့်တော်မူလေသည်။
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် ကဗျာဆရာ ပြဇာတ်ရေးဆရာကြီး ကာဠီဒါသကတော့
“မနေ့ကသည် အိမ်မက်တစ်ခုမျှသာဖြစ်သည်၊
မနက်ဖြန်ဆိုသည်ကား စိတ်ကူးယဉ်မျှသာ၊
သို့သော် ယနေ့ကို ကောင်းမွန်စွာ နေထိုင်ပါလျှင်
မနေ့ကတိုင်းလို ပျော်ရွှင် ချမ်းမြေ့ခြင်း၏ အိမ်မက်ဖြစ်စေလိမ့်မည်
မနက်ဖြန်တိုင်းကိုလည်း မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့၏
စိတ်ကူးရုပ်ပုံလွှာအဖြစ် ထင်မြင်လာစေလိမ့်မည်
ထို့ကြောင့် ယနေ့မှာပင် ကောင်းမွန်စွာ ရှုမြင် နေထိုင်လိုက်ပါ။

0 comments:

Post a Comment

Pages (143)1234 Next
 

Go Up အပေါ်သို့