Pages

Saturday, May 15, 2010

”တရားဟောကောင်းသော သံဃာတော်ကိုမှ အလိုရှိသူ”

တစ်ခါက မြို့တစ်မြို့တွင် ဒါယိကာမကြီးတစ်ယောက်ရှိလေသည်။ သားထောက်နောက်ခံကလည်း မရှိသည့်အ တွက် သူမရှာဖွေထားသော ပစ္စည်းများကို ရောင်းချထုခွဲကာ ကျောင်းကြီးတစ်ဆောင်ဆောက်လုပ်ထားလေ သည်။ ဒါယိကာမကြီးသည် ထိုကျောင်းကြီးကို တရားဟောကောင်းသော ဆရာတော်ကိုသာလျှင် လှူဒါန်း မည်ဖြစ်ကြောင်း တရားဝင်ကြေငြာထားလေသည်။ တစ်နေ့ သူမ၏ ကျောင်းကြီးပေါ်တွင် တရားပွဲကျင်းပ လေသည်။ အနယ်နယ် အရပ်ရပ်မှ တရားဟောကောင်းသော ဆရာတော်များကို ပင့်ကာ တရားနာလေသည်။ တရားဟောသည့် ဆရာတော်များသည် အသံနေ အသံထားဖြင့် မဟောမူ၍ ရှေးရိုးအတိုင်း ရိုးရိုးသာလျှင်
“ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်းသား”စသည်ဖြင့် တရားသံဖြင့်ဟောလေသည်။ ဒါယိကာကြီးသည် အသံနေ အသံထား မပါသဖြင့် ရှေ့က သောကြားသွားသောဆရာတော် အတော်တော်များများကို မကြိုက်လှချေသည်။ သို့ဖြစ်သဖြင့် သူမ၏ ကျောင်းကိုလည်း မလှူဒါန်းချေ။ တစ်နေ့တော့ ဇာတ်ပျက်ပြီး သာသနဘောင်ရောက်လာကာ တ၇ား ဟောမှုဖြင့် နာမည်ကြီးနေသော ဦးဇင်းငယ်တစ်ပါးကို ပင့်လေသည်။ ထိုဦးဇင်းသည် ဒါယိကာမကြီး သဘော ထားကို သိထားပြီးဖြစ်လေသည်။ သို့ဖြစ်သဖြင့် တရားဟောသော အခါတွင်းကား ဓမ္မကထိကဦးဇင်းငယ်သည်
“ဗောဓိလေးရယ်တဲ့ အိုမဏ္ဍိုင် အိုမဏ္ဍိုင်၊ ဗောဓိလေးရယ်တဲ့ အိုမဏ္ဍိုင်ဗျ မဏ္ဍိုင်ဗျ၊”ဟု အသံကို ဆွဲကာ အသံနေ အသံထားဖြင့် တရားကို ဟောလိုက်လေသည်။ ကျောင်းဒါယိကာမကြီးသည် သူမကြိုက်သော အသံမျိုးဖြစ်လေ ရာ တရားကိုပင် ဆက်မနာနိုင်တော့ဘဲ
“ကြည်ညိုစရာကောင်းလိုက်ပါတဲ့ ဒီကိုယ်တော် ဒီကိုယ်တော်၊ ကြည်ညိုစရာ ကောင်းလိုက်ပါတဲ့ ဒီကိုယ်တော် ဒီကိုယ်တော်”ဟု အသံနေ အသံထားဖြင့် ပြန်လျှောက်လေသည်။ ထိုအခါ ဆရာတော်က
“ခန်းဝါလေးကိုနော်ဗျာ ဒီမောင်ပိုင်တော့မှာမို့၊
ခန်းဝါလေးကိုနော်ဗျာ(ဆွဲရန်) ဒီမောင်ပိုင်တော့မှာမို့၊
သဒ္ဓါခိုင်မြဲမြဲနဲ့ လှူဒါန်းပါနော် လှူဒါန်းပါနော်၊
ထိုအခါ ကျောင်းအမကြီးက
“ခန်းဝါလေးတွင် မကပါဘုရား
ခန်းဝါလေးတွင် မကပါဘုရား
အကုန်လုံးကိုလ တပုံပုံးဂျိတွေနဲ့
လှူဒါန်းမယ်ဘုရား၊ လှူဒါန်းမယ်ဘုရား”ဟု လျှောက်ထားကာ ကျောင်းကြီးကို ဓမ္မကထိကမင်းသားကိုယ်တော် အား ရေစက်ချကာ လှူဒါန်းလိုက်လေတော့သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့