တစ်ခါက ရွာတစ်ရွာတွင် အလွန်အင်မတန်မှ ပညာရှိကြသော ပုဂ္ဂိုလ်အပေါင်း နေထိုင်ကြလေသည်။ ထိုရွာမှ ပညာရှိတစ်ယောက်သည် အိမ်အတွင်းသို့ အလွန်ရှည်းလျားသော ၀ါးတစ်လုံးကို အရှည်လိုက် မသွင်းဘဲလျှက် ကန့်လန့်ဖြတ်သွင်းနေလေသည်။ သူသည် ဘယ်လိုပင် ကြိုးစားသော်လည်း ထိုဝါးကို အိမ်အတွင်းသို့ သွင်းမရဘဲ ဖြစ်နေလေသည်။ ထိုအချင်းအရာကို မြင်းသော သူငယ်ချင်းဖြစ်သူ ဒုတိယပညာရှိတစ်ယောက်သည်
"သူငယ်ချင်းဘာလုပ်နေတာလဲ"ဟု မေးလေသည်။
ထိုအခါ ၀ါးကို သွင်းနေသော သူငယ်ချင်းဖြစ်သူသည်
"ငါ ဒီဝါးအရှည်ကြီးကို အိမ်ထဲကို သွင်းနေတာ မရဘဲ ဖြစ်နေတယ်၊ ဘယ်လိုသွင်းရမလဲ အကြံပေးပါအုံး သူငယ်ချင်းရာ"ဟု အကြံတောင်းလေသည်။
ထိုအခါ ဒုတိယပညာရှိသည်
"ငါလဲ မသိဘူးကွ၊ အေး သို့သော် ရွာတောင်ပိုင်းမှာတော့ ပညာရှိကြီး ဦးဥာဏရှိလေရဲ့၊ သူ့ဆီကို သွားမေးရင်တော့ မင်းရဲ့ဝါးကို အိမ်အတွင်းကို ဘယ်လိုသွင်းရမလဲ ဆိုတာကို ဒို့များ သိနိုင်လိမ့်မယ်၊ ဒို့ သူ့ဆီကို သွားပြီး မေးကြစို့။"ဟု ဆိုပြီး ရွာတောင်ပိုင်းတွင် နေထိုင်သော ပညာရှိကြီး ဦးဥာဏဆီသို့ သွားကြလေသည်။
သူတို့သည် ကံကောင်းသဖြင့် လမ်းတွင်ပင် ပညာရှိကြီး ဦးဥာဏကို တွေ့ရှိလေသည်။ ထိုအခါ သူတို့သည် အိမ်အတွင်းသွင်းမရသော ၀ါးပြဿနာကို မေးရန်အလို့ငှာ ပညာရှိကြီးထံသို့ ချဉ်းကပ်သွားလေသည်။ သို့သော် သူတို့သည် ထူးဆန်းသော အရာကို မြင်ကြလေသည်။ ထူးဆန်းသော အရာသည်ကား မြင်းကို အများက ကျောပေါ်က စီးကြသည်။ သို့သော် ပညာရှိကြီး ဦးဥာဏသည်ကား မြင်း၏ တင်ပါးပေါ်က(ဖင်မြီးပိုင်က) စီးနေလေသည်။
ထိုအခါ ပထမ ဒုတိယပညာရှိတို့သည် သူတို့၏ ပထမရင်ဆိုင်နေရသော ၀ါးပြဿနာကို မေးရန်မေ့သွားကြသည်။ လောလောဆယ် မြင်နေရသော ပြဿနာကို မေးမြန်းကြလေတော့သည်။
"အို ပညာရှိကြီး ဦးဥာဏ! အဘယ်ကြောင့် သင်ဟာ မြင်းရဲ့ ကျောကုန်းပေါ်က မစီးဘဲ မြင်းရဲ့တင်ပါးပေါ်က စီးသလဲ၊"ဟု မေးလေသည်။ ထိုအခါ ပညာရှိကြီး ဦးဥာဏသည်
"အေး ငါ ဟာ မြင်းရဲ့ကျောကုန်းပေါ်က မစီးဘဲ တင်းပါးပေါ်က စီးတာကတော့ ကြိုးရှည်နေလို့ဟေ။"ဟု ဖြေကြားလိုက်လေတော့သတည်း။
Tuesday, December 15, 2009
Sunday, December 13, 2009
ငါလဲ ကံဆိုးတာပါဘဲ
တစ်နေ့ မိမိသည် ရန်ကုန်မှ ဇာတိရပ်မြေသို့ မန်းရွှေပြည်အထူးယာဉ်ဖြင့် ခရီးထွက်သွားခဲ့သည်။ ကံဆိုးချင်တော့ ကားပေါ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတစ်အုပ်စုနှင့် ပက်ပင်သွားတိုးလေသည်။မိမိနှင့် ထိုင်ခုံအတူကျသောသူသည် သူတို့အဖွဲ့အတွင်းမှ ကျောင်းသားတစ်ယောက်ပင် ဖြစ်လေသည်။ မိမိနှင့် အတူကျသည်ကို ရည်ရွယ်၍ သူ၏ သူငယ်ချင်းတက္ကသိုလ်ကျောင်းသား ကျောင်းသူများက သူ့ကို စကျသည်။
"တွတ်ပီတို့တော့ ကံဆိုးပြီ"တဲ့။ ဟူ၍ စကြနောက်ကျနဲ့ ကျယ်လောင်စွာ ရယ်မောနေကြသည်။
မိမိကလဲ စိတ်အတွင်းမှ ပြောလိုက်သည်ကား
"ငါလဲဘဲ မင်းတို့နှင့် ကျတာကိုက ကံဆိုးတာပါဘဲကွာ"ဟူ၍ပင် ဖြစ်သတည်း။
"တွတ်ပီတို့တော့ ကံဆိုးပြီ"တဲ့။ ဟူ၍ စကြနောက်ကျနဲ့ ကျယ်လောင်စွာ ရယ်မောနေကြသည်။
မိမိကလဲ စိတ်အတွင်းမှ ပြောလိုက်သည်ကား
"ငါလဲဘဲ မင်းတို့နှင့် ကျတာကိုက ကံဆိုးတာပါဘဲကွာ"ဟူ၍ပင် ဖြစ်သတည်း။
Thursday, December 10, 2009
ဒီဘ၀မှာဘဲ ရဟန္တာဖြစ်အောင် အားထုတ်တော်မူပါ!
မိမိသည် ပြာသိုလ်လဆန်း(၆)ရက်နေ့က ရန်ကုန်မြို့ မိုးကုတ်ရိပ်သာဌာနချုပ်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမှာ မိမိသည် ထိုရိပ်သာ၌ တရားထိုင်နေသော မန္တလေး သာသနတက္ကသိုလ်မှ အဆောင်မှူးဆရာတော်ဦးဝဏ္ဏိတနှင့် မိမိနှင့် မန္တလေးသာသနတက္ကသိုလ်၌ အတူတူနေခဲ့ဖူးသော သူငယ်ချင်းဖြစ်သူ ဦးအာဒိစ္စတို့ကို တွေ့ရှိရန်နှင့် မိမိသည် ထိုရိပ်သာ၌ တရားထိုင်ရန်အလို့ငှာ စာရင်းကြိုတင်ပေးရန်အတွက် ရောက်ရှိသွားခြင်းသည်။ မိမိရောက်ရှိသွားသော အချိန်သည် ယောဂီများနေ့ဆွမ်းဘုဉ်းပေးရန်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် မိမိသည် အပြင်၌ စောင့်နေရသည်။ မိမိသည် အချိန်ကြာမြင့်စွာ စောင့်နေရသဖြင့် လမ်းလျှောက်နေလေသည်။ ထိုစဉ် အသက်ကြီးကြီး ယောဂီဒါယိကာမကြီးတစ်ယောက်သည် မိမိနားကပ်လာကာ အောက်ပါအတိုင်းပြောသွားလေသည်။ ဒါယိကာမကြီးပြောလိုက်သည်ကား
"ကိုယ်တော်လေး အသက်အရွယ်ငယ်ငယ်လေးရှိသေးတယ်၊ ဒီဘ၀မှာပင် ရဟန္တာဖြစ်အောင် အားထုတ်နော်"
"ကိုယ်တော်လေး အသက်အရွယ်ငယ်ငယ်လေးရှိသေးတယ်၊ ဒီဘ၀မှာပင် ရဟန္တာဖြစ်အောင် အားထုတ်နော်"
Wednesday, December 9, 2009
အမူးသမား မောင်ဖိုးတာ
အမူးသမား မောင်ဖိုးတစ်ယောက် မူးကန်းကန်းနဲ့ဘဲ ဘုရားတန်စောင်းအတွင်းရောက်ရှိသွားသည်။ သူသည် ဘုရားတန်စောင်းအတွင်းရောက်သွားသောအခါ ငါးပါးသီလကို ကျူးလွန်သဖြင့် ငရဲတွင် အပြစ်ခံနေရသော ပုဂ္ဂိုလ်များအကြောင်း သရုပ်ဖေါ်ရေးဆွဲထားသောပန်းချီကားများကို သွားမြင်လေသည်။
ထိုတွင် မောင်ဖိုးတာသည် ပထမပန်းချီကားကို စတင်ဖတ်လေတော့သည်။ ပထမပန်းချီကားသည် အတိတ်ဘ၀က သူတစ်ပါးအသက်ကို သတ်သောသူများ ငရဲကို ခံနေရပုံ သရုပ်ဖေါ်ဆွဲထား လေသည်။ မောင်ဖိုး တာသည် ပထမပန်းချီကားကို ဖတ်ပြီးသောအခါ မှတ်ချက်ပေးလိုက်သည်ကား
"ခံပေါ့ကွာ သူများအသက် သတ်တဲ့ကောင်တွေ"တဲ့။
ထို့နောက် ဒုတိယပန်းချီကားကို ဆက်ဖတ်လေသည်။ ဒုတိယပန်းချီကားသည် သူတစ်ပါးပစ္စည်းကို ခိုးသော သူများ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ဆွဲထားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် မောင်ဖိုးတာ မှတ်ချက်ပေးလိုက်သည်ကား
"သူတစ်ပါးဥစ္စာကို ခိုးတဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် သူတစ်ပါးသားမယားကို ပြစ်မှားသော ပုဂ္ဂိုလ်များ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ရေးဆွဲထားသည့် တတိယပန်းချီကားကို ဆက်ဖတ်လေသည်။ မောင်ဖိုးတာ စာဖတ်ပြီးသောအခါ ကောက်ချက်ပေးလိုက်သည်ကား
"ဖွန်ကြောင်တဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် မုသားစကားပြော၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော စတုတ္ထ ပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် ကောက်ချက်ပေးလိုက်သည်ကား
"မုသားစကားပြောတဲ့ ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် အရက်သောက်၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော ပဉ္စမပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် မောင်ဖိုးတာသည် ကောက်ချက် ပေးလိုက်သည်ကား
"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ"

Subscribe to:
Posts (Atom)