Pages

Thursday, December 16, 2010

“အပေါင်ပဲ ခံတယ်”

တစ်နေ့ မန္တလေးမြို့ပေါ်တွင် အလွန်အင်မတန်မှ ချမ်းသာသော မိသားစုတစ်စုမှ ကြီးကျယ်ခမ်းနားသော အလှူပွဲကြီးတစ်ခုကို ကျင်းပလေသည်။ အလှူ့ရှင်များသည်ကား လူချမ်းသာ မျက်နှာသိများဖြစ်ရာ မြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများ ကြွရောက် ချီးမြှောက်တော်မူကြသည်။ အချိန်သည်ကား နေ့လယ် ဆွမ်းဘုဉ်းပေးချိန်ဖြစ်သည်။ ဆရာတော်များ ဆွမ်းဘုဉ်းပေးကြသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် လဘက်ရည် ဆုံးဆောင်တော်မူကြသည်။ ထိုအချိန်တွင် ဆရာတော်ငယ်တစ်ပါးသည်
“အရှင်ဘုရား ဆေးလိပ်သောက်ပါအုံးဘုရား”ဟု ဆိုကာ ဆရာတော်ကြီးတစ်ပါးကို ဆေးလိပ် ကပ်လိုက်လေ သည်။ ထိုအခါ ဆရာတော်ကြီးက
“တပည့်တော် ဆေးလိပ်မသောက်တတ်ပါ”ဟု ပြန်လည် မိန့်ကြားတော်မူလေသည်။ထို့နောက် ဆရာတော်ငယ် ကပင်
“ဒါဆိုရင် ကွမ်းလေးတော့ ဘုဉ်းပါအုံးဘုရား”ဟု ဆိုကာ ကွမ်းယာကို ဆက်ကပ်လေသည်။ ဤတွင် ဆရာတော် ကြီးက
“ကွမ်းလဲ မစားပါဘူးကွာ”ဟု မိန့်ကြားတော်မူလေသည်။ ထိုအခါ စကားအနည်းငယ်များသော စပ်စုတတ်သော ဆရာတော်လေးက
“အရှင်ဘုရားက ဒါဆိုရင် ရွှေကျင်နဲ့တူတယ်”ဟု အတွန့်တက်လာလေသည်။ ထိုအခါ ဆရာတော်ကြီးက
“ရွှေလဲ မကျင်ဘူး၊ ငွေလဲမကျင်ဘူး၊ အပေါင်တော့ ခံတယ်”ဟု ပြတ်ပြတ်သားသား မိန့်ကြားတော်မူလိုက်လေ သည်။ ထိုအခါ ဆရာတော်ငယ်လေးသည်လည်း ငြိမ်ကျသွားလေတော့သည်။
မှတ်ချက် နောက်မှ ထိုဆရာတော်လေးသည် ထိုဆရာတော်ကြီး၏ ဘွဲ့အမည်ကို သိရလေသည်။ ထိုခပ်ဆတ် ဆတ်မိန့်တော်မူလိုက်သော ဆရာတော်ကြီးသည်ကား မန္တလေးမြို့၏ ကျက်သရေဆောင် မစိုးရိမ်တိုက်မှ ဆရာ တော်ကြီးဦးရာဇဓမ္မာဘိဝံသပင်ဖြစ်လေတော့သည်။
ရွှေကျင်ဟူသည်ကား မြန်မာပြည်တွင် ရွှေကျင်ဂိုဏ်း သုဓမ္မာဂိုဏ်း ဒွါရဂိုဏ်းစသည်ဖြင့် သံဃဂိုဏ်းကြီး (၉)ဂိုဏ်း ရှိလေသည်။သုဓမ္မာဂိုဏ်းဝင်သံဃာတော်များသည်ကား အများအားဖြင့် ကွမ်းစား ဆေးသောက်တော်မူကြသည်။ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များသည်ကား အများအားဖြင့် ကွမ်းစား ဆေးသောက်သော အမှုကို ပြုတော်မမူကြချေ။ ထို့ကြောင့်ဆရာတော်ကလေးက ဆရာတော်ကြီးဦးရာဇဓမ္မကို
“အရှင်ဘုရားက ရွှေကျင်နဲ့ တူတယ်”ဟုမေးလေသည်။

Sunday, December 12, 2010

“အာဂဆရာတော်နှစ်ပါးပါပေသည်တကား”

တစ်ခါက တောရွာကျောင်းတစ်ကျောင်းတွင် ဆရာတော်တစ်ပါးရှိလေသည်။ ဆရာတော်သည် “သူသည် အမြှောက်မကြိုက်”ကြောင်းကို လူရှုပ်ရှုပ်ရှိလျှင် အမြဲမပြတ်ပြောကြားလေ့၊ မိန့်တော်မူလေ့ရှိသည်။ တစ်နေ့ အလှူပွဲတစ်ခုတွင် ဆရာတော်သည် ဒါယကာအများနှင့် စကားလက်ဆုံကျရာ ဒါယကာတစ်ဦးမှ
“ဆရာတော် တရားဟော တော်တော်ကောင်းကြောင်း ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးနေတယ်ဘုရား”ဟု လျှောက်ထားရာ ဆရာတော်က
“ဟေ ဒကာ! ဒကာ ငါ့ဆီက တစ်ခုခု လိုချင်ရင် ဒဲ့တိုးပြောပါ၊ ဟိုဝေ့ သည်ဝေ့ လုပ်မနေနဲ့၊ အဲဒါမျိုး ငါမကြိုက်ဘူး၊ မင်းငါ့ကို မြှောက်နေမှန်း ငါသိတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာ မင်း မြဲမြဲမှတ်ထား”ဟု မိန့်တော်မူသဖြင့်
“အော် ဆရာတော်ကတော့ တကယ်အမြှောက်မကြိုက်တဲ့ အာဂဆရာတော်တစ်ပါးပါ ပေသည်တကား”ဟု မြှောက်သော ဒါယကာသည်ပင် လက်ဖျားခါ ယုံကြည်သွားလေသည်။ သို့ဖြစ်သဖြင့် ထိုနယ်မှ ဒါယကာများသည် ထိုဆရာတော်အား ဘယ်လိုမှ မြှောက်ပင့်၍ မရကြောင်း နားလည်လိုက်သည်။မြှောက်ပင့်၍လဲ မပြောဝန့်ကြပေ။ ထိုနယ်တစ်ဝိုက်တွင် ထိုဆရာတော်သည် ဘယ်လိုမှ မြှောက်ပင့်၍ မရသော ဆရာတော်တစ်ပါးအဖြစ် နာမည်ကျော်ကြားနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
တစ်နေ့ ထိုဆရာတော်၏ မြှောက်ပင့်၍ မရကြောင်း အမြှောက်ကြိုက်သော ဆရာတော်မဟုတ်ကြောင်းကို အခြားနယ်မှ ဒါယကာတစ်ဦးသည် သိရှိလေသည်။ ထို့ကြောင့် ဒါယကာသည် ထိုအာဂဆရာတော်ကို ဖူးမြှော်ရန်အလို့ငှာ ရောက်ရှိလာလေသည်။ ဒါယကာသည် ရောက်လျှင် ရောက်ချင်း ဆရာတော်ကို ဦးချလေသည်။ ထို့နောက် အလ္လာပ သလ္လာပစကားပြောကြသည်။ ဒါယကာသည် စကားပြောစဉ်
“ဆရာတော်ကျောင်းကတော့ ပြသာဒ်အဆောင် ဘုံဆောင်တွေနဲ့ ဆောက်ထားတာ ဆိုတော့ နတ်ဘုံ နတ်နန်းတွေကျနေတာပဲဘုရား၊ ဥယျာဉ်ကြည့်ပြန်တော့လဲ တာဝတိံသာနတ်ပြည်က နန္ဒ၀န်ဥယျာဉ်တမျှပါပဲဘုရား၊တော်တော်လေးကို သာယာပါပေတယ်ဘုရား”ဟု မသိမသာ ဆရာတော်ကို မြှောက်ပင့်နေလေသည်။ ဆရာတော်သည်ကား
“ဒကာ မင်းလဲ ငါ့ကို လာမြှောက်နေတာလား၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာတော့ ဒကာသိတယ်နော်၊”ဟု မိန့်တော်မူသဖြင့် ဒါယကာသည် ဆက်မမြှောက်တော့ပေ။ ရိုးရိုးစကား တရားစကားပြောခြင်းဖြင့်သာ စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။ သို့သော် ပြန်ခါးနီတွင် ဒါယကာလျှောက်လိုက်သည်ကား
“တပည့်တော်တော့ ဘုန်းကြီးတွေ အတော်များများကို မြှောက်ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းပါပဲဘုရား၊ အမြှောက်မကြိုက်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးပဲ တွေ့ဖူးသေးတယ်ဘုရား”ဟု ဆိုသောအခါ အမြှောက်မကြိုက်သော အာဂဆရာတော်သည်
“ဟုတ်တာပေါ့ ဒကာရ”ဟု လက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာ အော်ဟစ် မိန့်ကြားတော်မူလေသည်။
ထိုမိန့်ကြားသံကို ကြားရသော ဒါယကာသည်ကား
“အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု”ဖြင့် ကျောင်းပေါ်မှ ဆင်းကာ ပြန်သွားလေတော့သတည်း။

နောက်အာဂဆရာတော်တစ်ပါးရှိပါသေးသည်။ စပ်မိလာသဖြင့် တင်ပြလိုက်ရပေသည်။
တစ်နေ့ ရန်ကုန်မြို့တွင် ထင်းရှားသော ကျောင်းတိုက်တစ်တိုက်သို့ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဒါယကာနှစ်ဦးရောက်ရှိလာလေသည်။ထိုဒါယကာနှစ်ဦးသည် ဆရာတော်ကို တွေ့သောအခါ
“ဆရာတော်ဘုရား ရုပ်ရှင်မင်းသား ကိုစိုးသူတို့မိသားစုက မနက်ဖြန် မွေးနေ့ဆွမ်း ကပ်မှာဖြစ်တဲ့အတွက် သင်္ကန်းငါးစုံ၊ ငါးဆင့်စတီချိုင့်တစ်လုံး၊ သပိတ်တစ်လုံး၊ ပုဂံခွက်ယောက်စသည်တို့ကို ငှားလိုက်ပါအုံးတဲ့ဘုရား၊ သင်္ကန်းဖိုးကတော့ အိမ်ကျမှ ကပ်ပါမယ်တဲ့ဘုရား”ဟု လျှောက်ထားကြသောအခါ ဆရာတော်က
“ဟေ ဒကာတွေ ရှပ်ရှင်မင်းသားစိုးသူကလွှတ်လိုက်တာဆိုဟုတ်ပါပြီး၊ စိုးသူနဲ့ ဒို့ကလဲ ဆရာ+တပည့်လိုနေနေတာ ငှားရမှာပေါ့ကွ၊ သို့သော် စိုးသူရဲ့ အိမ်လိပ်စာကိုတော့ ငါ့ပြောပြအုံးလေကွယ်”ဟု မေးသောအခါ ဒါယကာနှစ်ဦးက
“ကိုစိုးသူက ဗဟန်းမြို့နယ်၊၀င်ဒါမီယာ၊ ခြံအမှတ်(၅၅)မှာနေပါတယ်ဘုရား”လျှောက်လေသည်။ ထိုအခါ စိုးသူရဲ့ အိမ်လိပ်စာကို အတိအကျသိထားသော ဆရာတော်က
“မင်းတို့ လူလိမ်တွေပဲ၊ စိုးသူက အဲဒီမှာ နေတာမှ မဟုတ်တာ ၊ လိပ်စာက အလွဲချည်းပဲ၊ စိုးသူရဲ့ လိပ်စာကို ငါအတိအကျသိတယ်၊ ငါ့လားပြီး မလိပ်နဲ့ ၊ အေ နောက်တစ်ခါလာလိမ်လို့ကတော့ မင်းတို့နှစ်ယောက်ကို ရဲလက်ထဲအပ်ပစ်မယ်၊ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်”ဟု ဆိုကာ ငေါက်ငမ်းလွှတ်လိုက်လေသည်။ ဆရာတော်သည် တစ်ဆက်တည်းမှာပင် ဘေးနားမှာရှိနေသော သူ၏တပည့်များကို
“မင်းတို့လဲ ငါလို သူများအလိမ်မခံရအောင်ကြိုးစားကြ၊ ငါ ရန်ကုန်မှာနေတာ နှစ်ပေါင်း (၃၀)ရှိသွားပြီ၊ တစ်ခါမှ အလိမ်မခံရသေးဘူး၊ လူဆိုတာ လှစ်နေရတယ်ကွ၊ ယနေ့ခေတ်မှာ လူလိမ်လူညာက များပါဘိသနဲ့၊ ငါ့လိုလှစ်နေမှ တော်ကာကြမယ်ကွ”ဟု အောင်မြင်သော အသံဖြင့် မိန့်ကြားတော်မူနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
မိနစ်ဝက်ခန့် သြ၀ါဒပေးပြီးသောအခါ ဆရာတော်သည် ကျင်ငယ်(အပေါ့)စွန့်ရန်အလို့ငှာ အောက်သို့ ဆင်းသွားလေသည်။ သို့သော် ဆရာတော်၏ ယနေ့မှ ထုတ်စီးထားသော အသစ်စက်စက် ကတ္တီပါဖိနပ်သည်ကား မရှိတော့ပေ။ ထိုအခါမှ ဆရာတော်သည် ဒေါသူပုန်ထကာ
“ဟို ခွေးမသားနှစ်ကောင် ငါ့ဖိနပ်ကို အလစ်သုတ်သွားပြီနဲ့တူတယ် မရှိတော့ဘူး၊ ငါ့တစ်သက် တခါမှ အလိမ်မခံရဘူး၊ ဒီခွေးကောင်းနှစ်ကောင်နဲ့ တွေ့မှ အလိမ်ခံရတယ်ကွာ”ဟု ကြိမ်းမောင်းကာ အာဂဆရာတော်လဲ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ဘေးတွင် ရှိကြသော တပည့်များသည်ကား
ပြုံးစိစိဖြင့်ရှိနေကြသည်။ ထိုတပည့်တို့၏ အပြုံးသည်လည်း အဓိပ္ပာယ်များစွာ ရှိလှပေ၏။

ဤနေရာတွင် စကားစပ်မိလာသဖြင့် အနည်းငယ် ဓမ္မစကား တင်ပြပေအံ့။ မန္တလေးမြို့တွင် မစိုးရိမ်ကျောင်းတိုက်ကိုတည်ထောင်တော်မူသော ဆရာတော်ဦးသူရိယသည် ပစ္စည်းတစ်ခုပျောက်သွားလျှင် အခြားပုဂ္ဂိုလ်များကို ပြောရမည်ကို အလွန်ရှက်တော်မူလေ့ရှိသည်။ ဆရာတော်၏ အယူအဆအရ မိမိယခုဘ၀ ပစ္စည်းပျောက်ခြင်းသည် အတိတ်ဘ၀က သူများဥစ္စာကို ခိုးခဲ့သောကြောင့်သာ မကောင်းကျိုးဆက်အဖြစ် ပစ္စည်းပျောက်ခြင်းသည်။ဤသည်ကို မသိကြသော အချို့သော ပုဂ္ဂိုလ်တို့သည်
“ငါပစ္စည်းပျောက်တယ်၊ ငါပစ္စည်းပျောက်တယ်”ဟု လူအများသိရန် အလို့ငှာ အရပ်လေးမျက်နှာလှည့်လည်ပြောကြလေသည်။ ဤသို့ ပြောခြင်းသည်
“အတိတ်ဘ၀က ငါသူများဥစ္စာကို ခိုးခဲ့တာပဲဟေ”ဟူ၍ ပြောကြားနေသကဲ့သို့ပင် ဖြစ်သည်။ထို့ကြောင့် သူတော်ကောင်းဆရာတော်ကြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီးက ပစ္စည်းပျောက်လျှင် စိတ်တိုမည့်အစား ရှက်၍ပင်နေလေတော့သည်။
“အော် ရှေးဆရာတော်ဘုရားကြီးများသည်ကား အလွန်ပင် ကြည်ညိုဖွယ်ကောင်းလှပါပေသည်တကား”
မိမိတို့၏ ပစ္စည်းကို အခိုးမခံရစေရန်အလို့ငှာ သူများပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမည် သာဖြစ်ပေသည်။

Tuesday, November 30, 2010

“ရှူရမှာလား သုံးရမှာလား”

ဤအဖြစ်အပျက်ကလေးသည် လွန်ခဲ့သော နှစ်ပေါင်း (၂၆)နှစ်လောက်က ဖြစ်ပါပေသည်။ နွေဦးပေါက်ပြီဆိုလျှင် သံဃာတော်များသည် အစိုးရက ကျင်းပပေးသော ဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲများကို ဖြေဆိုကြရ လေသည်။ သံဃာတော်များသည် စာမေးပွဲများဖြေပြီးသည့်နောက် ကျောင်းများ ခေတ္တခဏ ပိတ်သည်နှင့်တစ် ပြိုင်နက် သူတို့၏ အရပ်ဒေသများသို့ ပြန်ကြွကြလေသည်။ ထိုသံဃာတော်အပေါင်းတွင် ဦးဇင်းလေးတစ်ပါးသည် လည်း စာမေးပွဲကို ကောင်းစွာ ဖြေဆိုပြီးနောက်သူ၏ဇာတိရွာသို့ ပြန်ကြွသွားလေသည်။ဦးဇင်းလေးသည် ရွာတွင် သီတင်းသုံးနေထိုင်စဉ် လပေါင်းများစွာကြာ ကွဲကွာနေသော မိဘ၊ ဆရာသမားများ၊ ရဟန်းဒါယကာ+ ရဟန်း ဒါယိကာမများ၊ဆွေမျိုးအပေါင်း၊သူငယ်ချင်းအပေါင်းနှင့်တွေ့ကာအလွန်ပီတိဖြစ်နေခဲ့သည်။စကားများသည်လည်း ပြော၍ အားမရအောင်ဖြစ်နေခဲ့သည်။သူသည်နှစ်လကြာနေပြီးနောက် ကျောင်းပြန်လည်ဖွင့်သည့်အတွက် မြို့သို့ ပြန်ရတော့မည်ဖြစ်ပေသည်။သို့အတွက်ကြောင့် သူသည်မိဘ၊ဆွေမျိုး၊သူငယ်ချင်းများကို လိုက်လံနှုတ်ဆက်လေ တော့သည်။ထိုမိဘဆွေမျိုး သူငယ်ချင်းများသည် မြို့သို့ တစ်ဖန်စာသင်ကြွတော့မည်ဖြစ်သော သူတို့၏ ဦးဇင်းကို တတ်စွမ်းသလောက်ထောက်ပန့်လှူဒါန်းကြလေသည်။ ထိုဇင်းလေးသည် နောက်ဆုံးနှုတ်ဆက်ရန်ကျန်နေသော သူများသည်ကား သူ၏ ရဟန်းဒါယကာ+ရဟန်းဒါယိကာမများပင်ဖြစ်သည်။ သို့ဖြစ်သဖြင့် သူသည် သူ၏ ရဟန်း ဒါယကာ+ရဟန်းဒါယိကာမများအိမ်သို့ ကြွသွားလေသည်။ဦးဇင်းလေးသည် သူ၏ ရဟန်းဒါယကာ+ရဟန်းဒါယ ကာမများနှင့် ပက်ပင်းတိုးလေသည်။ထိုအခါ သူသည်
“ဒကာကြီး+ဒကာမကြီးတို့ ဦးဇင်း မနက်ဖြန် မြို့ကို စာသင်ပြန်ကြွတော့မယ်”ဟု နှုတ်ဆက်ပြောကြားလေသည်။
ဤတွင် ရဟန်းဒါယကာကြီးက
“ဦးဇင်းကို ငွေလှူအုံးမည်”ဟု ဆိုကာ ငွေနှစ်ကျပ်ကို လှူဒါန်းလေသည်။ ထိုအခါ ဦးဇင်းဖြစ်သူက ငွေနှစ်ကျပ်ကို ကြည့်ကာ
“ဒကာကြီးရယ် ဒီလောက် ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ ဒကာကြီးက ဦးဇင်းကို ငွေနှစ်ကျပ်လာလှူ တယ်၊ ဒီငွေနှစ်ကျပ်က ဘာအတွက်လဲ၊ သုံးဘို့လား၊ သို့မဟုတ် ရှူဘို့လား၊ သုံးဘို့ဆိုရင်တော့ ဘာမှသုံးရမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒကာကြီးပဲ ပြန်ယူလိုက်ပါ၊ ရှူဘို့ဆိုရင်တော့ နှစ်ကျပ်လှူစရာမလိုပါဘူး၊ ငါးပြားစေ့တစ်စေ့
ဆိုရပါတယ်၊ ငါးပြားပဲလှူပါ ဒကာကြီး”ဟု ဆိုလိုက်သောအခါ ဒါယကာကြီးသည်
“ရဟန်းအမကြီးရေ ငါလှူတာ နည်းတယ်တဲ့၊ နင်သာ ကြည့်လှူလိုက်ပေတော့”ဟု မျက်စိပျက် မျက်နှာပျက်ဖြစ် ကာ အိမ်ခန်းအတွင်းသို့ ၀င်ပြေးသွားလေတော့သတည်း။
မှတ်ချက်။။ ထိုခေတ် ထိုကာလက တက်ရွန်သင်္ကန်းတစ်စုံပင် နှစ်ရာ့ငါးဆယ်ပေးရသော ခေတ်ဖြစ်သောကြောင့် “နည်းသည်ဟု ပြောမလား၊ များသည်ဟု ပြောရမလား၊ မနည်း မများဟု ပြောရမလား ”စာဖတ်သူတို့ ဆုံးဖြတ်ကြ ကုန်ရာသတည်း။

Tuesday, November 23, 2010

“ကြက်သားထက်တောင် ကြိုက်သေး”

ရမည်းသင်းမြို့ပေါ်ရှိ စာသင်တိုက်တစ်ခုတွင် ဦးဝံသသည် ဆွမ်းစာကျောင်းဘုန်းကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ သုံးလခန့်ရှိပြီးဖြစ်သည်။ ဦးဝံသသည် ဒါယကာ ဒါယကာမများအပေါ် အပြောကောင်းသလို အမြှောက်လည်းကောင်းသည်။ ထို့ကြောင့် လှူမည့်တန်းမည့်သူများ မကြာခဏ ရောက်လာတတ်သည်။ တစ်နေ့ ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ယောက် ဆွမ်းချိုင့်လာပို့ရာ အပြောကောင်းသော ဦးဝံသမှာ မြင်မြင်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
“ဟာ ဒကာမကြီး ဆွမ်းလာပို့တာလား”
“မှန်ပါဘုရား တပည့်တော် သဒ္ဓါဆွမ်းလာပို့တာပါဘုရား”
“အင်း သာဓုဗျာ သာဓု သာဓု-- ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“မှန်ပါ ကြက်သားဟင်းပါဘုရား”
“ဟေ ဟုတ်လား ဟန်ကြတာပဲ ကျောင်းက စာချဘုန်းကြီးတွေကို ကြက်သားနဲ့ မကပ်ရတာ ကြာပေါ့ဗျာ ကြက်သားထက် ကောင်းတဲ့ဟင်း မရှိတော့ဘူး”
“မှန်ပါဘုရား”ဟု ဒါယကာမကြီးမှာ ၀မ်းသာအားရဖြင့် ဆွမ်းဟင်းများလှယ်ပြီး ပြန်ရန် ကျောင်းအောက်ထပ်လှေကားအနီးမှ ဖိနပ်ဝင်ယူနေ၏။
မကြာမီ ဒါယကာမတစ်ယောက်ဆွမ်းချိုင့်လာပို့ပြန်၏။ ထုံးစံအတိုင်း နှုတ်ဆက်ပြန်၏။
“ဟာ ဒကာမကြီးဆွမ်းချိုင့်လာပို့တာလား”
“မှန်ပါဘုရား မွေးနေ့မို့ ဆွမ်းလာပို့တာပါဘုရား”
“သာဓုဗျာ သာဓု သာဓု ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“၀က်သားဟင်းပါအရှင်ဘုရား”
“ဟေ ဟန်ကျတာပဲ စာချဘုန်းကြီးတွေကို ၀က်သားနဲ့ကပ်ရတာပေါ့၊ ကျုပ်တို့က ၀က်သားဆို ကြက်သားထက်တောင် ကြိုက်သေးတယ်၊ ကြက်သားကမှ အရိုးထွင်နေရသေး”
ဦးဝံသသည် အရင်ကြက်သားဟင်းလာလှူသော ဒါယကာမကြီးပြန်သွားပြီထင်၍ နောက်ဝက်သားဟင်း လာပို့သော ဒါယကာမကြီးကို မြှောက်ပင့်၍ ပြောဆိုနေလေ၏။
လှေကားအနီးမှ ဖိနပ်ဝင်ယူနေသော ကြက်သားလှူသော ဒါယကာမကြီး ကြားသွားရာ
“ဘုန်းကြီးတန်မဲ့ တော်ကြာတစ်မျိုး ခုတစ်မျိုးပြောတတ်တဲ့ဘုန်းကြီး၊ နောက် အရှင်ဘုရားကျောင်းကို ဘယ်တော့မှ ဆွမ်းလာမပို့တော့ဘူး”ဟု ပြောကာ စိတ်ဆိုးထွက်သွားလေတော့သည်။ထိုဦးဝံသသည်လည်း နောက်တစ်ကြိမ် ထိုဒါယိကာမကြီးကို ပြန်လည်တွေ့ဆုံခွင့် မရတော့ချေ။

မှတ်ချက် ဥယျာဉ်တိုက်(ရန်ကင်းတောင်) အနှစ်(၂၀)ပုံရိပ် မဂ္ဂဇင်းမှ ထုတ်နှုတ်ပြင်ဆင်ရေးသားတင်ပြလိုက်ရပေသည်။

Monday, November 22, 2010

“ခေါင်းဖြတ် လောင်းလိုက်”

တစ်ခါက မြို့တစ်မြို့၏ စာသင်တိုက်တစ်တိုက်တွင် ကိုရင်ပုညအမည်ရှိ စာသင်သားတစ်ပါးရှိလေသည်။ ကိုရင် ပုညသည် ည(၁၂)နာရီထိုးသည်အထိ စာကျက်ထားသောကြောင့် အတော်နေမြင့်မှ အိပ်ရာကနိုးသည်ခဲ့လေ သည်။ ထို့နောက် သွားတိုက်၊မျက်နှာသစ်ပြီး ရေးကြီးသုတ်ပြာနှင့် သင်္ကန်းမြန်မြန်ရုံကာ ဆွမ်းခံကြွသွားလေသည်။ ဆွမ်းခံအိမ် ငါးအိမ်ခန့်မျှ ကြွပြီးဖြစ်သော်လည်း ဆွမ်းဟင်းကား တစ်ခွက်သာ ရသေးသည်။ ထိုရထားသော ဆွမ်း ဟင်းသည်လည်း မက်လောက်သော ဆွမ်းဟင်းတော့မဟုတ်ချေ၊ ထို့နောက် ကိုရင်ပုညသည် ခြောက်အိမ် မြောက် အိမ်သို့ဝင်လိုက်ပါပြီ။ အိမ်ရှင်ဒါယကာမကြီးသည်ကား အ၀တ်လျှော်နေသဖြင့် ကိုရင်ပုညကြွလာသည် ကို မမြင်လိုက်ချေ။ အိမ်အတွင်းရှိ ဒါယကာမကြီး၏ သမီးဖြစ်သူက မြင်လိုက်သဖြင့်
သမီး
“အမေ ကိုရင်ဆွမ်းခံကြွလာတယ်”
အမေ
“အေး ငါအ၀တ်လျှော်နေတယ်၊ မအားသေးဘူး၊ ကြောင်အိမ်ထဲမှာ ငါးကြော်ရှိတယ်၊ ယူလောင်းလိုက်”
ထိုဒါယကာမကြီး၏ ငါးကြော်လောင်းလိုက်ဟု ပြောသံကို ကြားရသောအခါ ကိုရင်ပုညသည် စိတ်အတွင်းမှ ကြိတ် ကာပီတိဖြစ်နေတော့သည်။ ဘုဉ်းပေးလိုက်စိတ် တစ်ဖွားဖွားဖြစ်သဖြင့် မိမိတံတွေးများကိုပင် ပြန်လည်မျိုချလိုက် ရသည်။
သမီး
“အမေ ငါးကြော်က တစ်ကောင်တည်းရှိတာ တစ်ကောင်လုံးလောင်းလိုက်ရမှာလား”
ထိုအခါ မိခင်ဖြစ်သူ ပြန်လည်ပြောလိုက်သော စကားကြောင့် ကိုရင်ပုညအကြီးအကျယ် စိတ်ဓာတ်ကျသွားလေ တော့သည်။ မိခင်ဖြစ်သူ ပြောလိုက်သော စကားသည်ကား
“ဟဲ့ ငါးကြော်ကို အကောင်လိုက် လောင်းရအောင် အဲဒီကိုရင်က နင့်လင်များမှတ်လို့လား၊ ခေါင်းဖြတ်လောက် လိုက်”ဟူ၍ပင်ဖြစ်သတည်း။
မှတ်ချက်= ဤပုံပြင်သည် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ ဥယျာဉ်စာသင်တိုင်၏ နှစ်(၂၀) ပုံရိပ် မဂ္ဂဇင်းမှ ပြန်လည် ထုတ်နှုတ်ရေးသား ဖေါ်ပြလိုက်ရပေသည်။

Thursday, November 11, 2010

“ဘုရားပွင့်တောင် သွားမဖူးရဘူး”

မြန်မာပြည်တွင် နာမည်အကြီးဆုံး စာသင်တိုက်ကြီးတစ်တိုက်ကို ညွှန်ပြပါဆိုလျှင် မန္တလေးမြို့မှ မစိုးရိမ်ကျောင်း တိုက်ကြီးကို ညွှန်ပြရမည်ဖြစ်ပေသည်။ မစိုးရိမ်ကျောင်းတိုက်ကြီးသည် အဘယ်ကြောင့် နာမည်ကြီးသလဲဟုဆို လာလျှင် မစိုးရိမ်ကျောင်းတိုက်ကြီးသည် မြန်မာပြည်တွင် စာသင်သားသံဃာအများဆုံးဖြစ်သည်။ စာသင်နည်း စနစ်ကောင်းသည်။ အထူးအားဖြင့် အစိုးရဓမ္မာစရိယ၊ သကျသီဟ၊ စေတီယင်္ဂဏစာမေးပွဲများနှင့် ပတ်သက် သော စာဝါများကို ပို့ချရာတွင် အလွန်နာမည်ကြီးသည်။ ထို့ကြောင့် မစိုးရိမ်ကျောင်းတိုက်ကြီးသည်ကား မြန်မာ ပြည်တွင် အလွန်နာမည် ကြီးလှပေသည်။ ယခုအခါ ထိုစာသင်တိုက်ကြီးကို အုပ်ချုပ်နေသော ဆရာတော်ကြီး သည်ကား ဆရာတော်ကြီးဦး ရာဇဓမ္မာဘိဝံသပင်ဖြစ်ပေသည်။ ဆရာတော်ကြီးသည် စာချအလွန်ကောင်းသည်။ စကားပြောပြတ်သည်။ စကားပြောကောင်းသည်။ ဤနေရာ၌ ဆရာတော်ကြီး၏ ပြောင်မြောက်လှသော မှတ် သားလောက်သော သြ၀ါဒကို ဖေါ်ပြပေအံ့။တစ်နှစ်က မစိုးရိမ်တိုက်မှ စာသင်သားများသည်
“ဆရာတော်ဘုရား တပည့်ရဲ့ဆရာသမားပျံ့လွန်တော်မူသွားတဲ့အတွက်ကြောင့် တပည့်တော်ကို ရွာပြန်ခွင့်ပြု တော်မူပါဘုရား၊ ဒုတိယ စာသင်သားတစ်ပါးကလဲဆရာတော်ဘုရား တပည့်တော်ရဲ့ အမေကွယ်လွန်သွားပါ သဖြင့် တပည့်တော်ကို ရွာပြန်ခွင့်ပြုတော်မူပါဘုရား၊ တတိယစာသင်သားတစ်ပါးကလဲ ဆရာတော်ဘုရား တပည့်တော်ရဲ့ အဖေကွယ်လွန်သွားပါသဖြင့် ရွာပြန်ခွင့်ပြုတော်မူပါဘုရား” စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး ရွာပြန်ခွင့်ကို လျှောက်ကြလေသည်။တစ်ပါးလည်းမဟုတ် နှစ်ပါးလည်းမက စသည်ဖြင့် အလွန်အင်မတန်မှ များပြားလှပေသည်။ အချို့လည်း အမှန်ပင် မိဘကျန်းမာရေးကောင်းသဖြင့်လည်းကောင်း မိဘများကွယ်လွန် သွားသဖြင့်လည်းကောင်း ပြန်ခွင့်ကို ရရန် ဆရာတော်ထံမှ လျှောက်ထားကြလေသည်။ အချို့လည်း လူငယ်တို့ အလျှောက် ဟိုဟိုဒီဒီ ခရီးသွားလိုသောအခါ အကြောင်းအမျိုးမျိုးပြကာ လိမ်လည်လျှောက်ထားကြလေသည်။ စာသင်သားများစွာကို အုပ်ချုပ်လာသော ဆရာတော်ဦးရာဇသည်ကား အချို့တပည့်များ လိမ်လည်လျှောက် ထားကြသည်ကို သိရှိလာလေသည်။ တပည့်များထံမှ အတွေ့အကြုံများလည်း တော်တော်ပင် ရရှိလာပြီးဖြစ် လေသည်။ တပည့်များ၏ အလိမ်ခံရပေါင်းလည်း များလာပြီ ဖြစ်လေသည်။
ထို့ကြောင့် တစ်နှစ်သောကျောင်းပိတ်ချိန်ဝယ် အောက်ပါအတိုင်း ပြတ်ပြတ်သားသား မှတ်သားဖွယ်ရာသြ၀ါဒကို ပေးတော်မူလေတော့သည်။
“အေး မင်းတို့စာသင်သားတွေ စာဝါဖွင့်ပြီဆိုလျှင် စာဝါမတက်ချင်တာနဲ့ အဖေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ အမေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ ဆရာသမားပျန်လွန်တော်မူလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရားနဲ့ လာလျှောက် ကြတယ်၊အချို့လဲ တကယ်အမေ အဖေသေလို့ လာလျှောက်ကြတာတွေပါတယ်၊ တချို့လဲ စာဝါလိုက်ရမှာ ပျင်း တာနဲ့ ငါဆီလာပြီး သေသွားပြီးဖြစ်တဲ့ အဖေသေလို့ သေသွားပြီးဖြစ်တဲ့ အမေသေလို့ပါဘုရားဟု ညာလျှောက်ပြီး တောသွားတောင်သွား သွားကြတယ်၊ အေး ဒီနှစ် စါဝါဖွင့်လို့ကတော့ လာမလျှောက်နဲ့ တစ်ပါးမှ ပြန်မလွှတ်ဘူး သာမှတ်၊ မင်းတို့ အမေ+အဖေ+ဆရာသမားတွေကို ရွာပြန်တာနဲ့ တစ်ခါတည်းပြောခဲ့၊ “အမေတို့ အဖေတို့ရယ် သေမယ်ဆိုရင်လဲ ဦးဇင်းတို့ စာဝါမဖွင့်မီ ကျောင်းမဖွင့်မီစောစောစီးစီးသေထားကြပါ၊ ဒီနှစ်ကျောင်းဖွင့်မှ စာဝါ ဖွင့်မှ အမေတို့ အဖေတို့သေရင် ဆရာတော်က ပြန်မလွှတ်ဘူးတဲ့၊ ဒါကြောင့်သေစရာရှိရင်လဲ စောစောသေ ထားကြပါ၊”လို့တစ်ခါတည်းပြောခဲ့ကြကွာ၊ စာဝါဖွင့်ပြီဆိုမှတော့ ဘယ်လိုအကြောင်းပြပြ ဘယ်မှ ဘယ်သူ့ကိုမှ ပြန်ခွင့်မပေးတော့ဘူး၊ အေး ကုန်အောင်ပြောလိုက်မယ်ကွာ၊ ဒို့ကျောင်းဖွင်တဲ့အချိန် စာဝါချတဲ့အချိန်ကစပြီး မင်း တို့ အမေအဖေသေတာတွေ ဘေးဖယ်ထားလိုက်အုံး၊ ဘုရားပွင့်တောင် သွားမဖူးရဘူးကွာ” ဟူသည်ပင်ဖြစ် သတည်း။

ဤနေရာ၌ အကြောင်းတိုက်ဆိုင်လာသဖြင့် အလားတူ အခြားအဖြစ်အပျက်တစ်ခုကို ဖေါ်ပြပေအံ့။
ရန်ကုန်မြို့တွင် ထင်ရှားသော စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးတွင် နယ်ပေါင်းစုံမှစာ သင်သားများ ပညာသင်ကြားလျှက်ရှိကြသည်။ တစ်နေ့ မြစ်ဝကျွန်းပေါ်မှ စာသင်သားကိုယ်တော်လေး တစ်ပါးသည်
“ဆရာတော်ဘုရား တပည့်တော်အဖေဆုံးသွားလို့ ရွာပြန်ခွင့် ပြုတော်မူပါဘုရား”ဟုလျှောက်ထားရာ ဆရာ တော်က
“မောင်ပဇင်းရ မင်းအဖေက ဘာကြောင့် ဆုံးသွားတာလဲကွ”ဟု သိလိုဇောဖြင့် မေးလေသည်။ တပည့်ဖြစ်သူက
“ပင်လယ်ထဲ ငါးရှာရင် စက်လေမှောက်ပြီး ဆုံးသွားတာပါဘုရား”ဟု ဆက်လျှောက်သောအခါ
“အော် ဖြစ်မှ ဖြစ်ရလေ မောင်ပဇင်းရယ်၊ မင်းရဲ့ ဖခမည်းတော်ကလဲ တော်တော်ကံဆိုးရှာတာပဲ၊ အွန်းစိတ်မ ကောင်းစရာ၊ဒါနဲ့မင်းက ဘယ်တော့ပြန်မှာလဲ မောင်ပဇင်း၊”ဟု မေးသောအခါတွင် တပည့်ဖြစ်သူက
“တပည့်တော် ဒီနေ့ ညနေ သင်္ဘောနဲ့ ပြန်ပါမယ်ဘုရား”လျှောက်ထားလိုက်လေသည်။ ထိုအခါ ဆရာတော်သည် ကရုဏာသက်စွာဖြင့်
“ရော့ မောင်ပဇင်းရေ သင်္ဘောခပေါ့၊ သိပ်တော့မများပါဘူးကွာ”ဟု မိန့်တော်မူကာ ခရီးစရိတ်ကို စွန့်လိုက်လေ သည်။ တပည့်ဖြစ်သူသည်လည်း ဆရာတော်ကို ရိုသေစွာ ဦးချပြီးနောက် အထုတ်အပိုများပြင်ကာ ထိုနေ့ညနေ ခင်းမှာပင် သင်္ဘောဆိပ်သို့ ဆင်းသွားလေတော့သည်။ ထိုကိုယ်တော်လေးကံဆိုးချိန် ရောက်လာပြီ ထင်၏။ ကိုယ်တော်လေးက ညနေခင်းအထွက် ပင်လယ်ထဲတွင် ငါးရှာရင်း သင်္ဘောမှောက် ဆုံးပြီးဆိုသော သူ၏ ဖခည်း တော်သည်ကား သူနေသော စာသင်တိုက်ကြီးသို့ မနိုင့်တနိုင့် အထုပ်အပိုးကြီးများထမ်းကာ ရောက်လာလေ တော့သည်။ထိုဒကာကြီးသည် ပင်ပက်ဆိုသလို သူ၏ သားဦးဇင်း၏ ဆရာသမားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် သွားဆုံ လေရာ
“ဆရာတော်ဘုရား၊ တပည့်တော်က မြစ်ဝကျွန် ဘယ်မြို့ ဘယ်ရွာကပါဘုရား၊ တပည့်တော်ရဲ့ ဦးဇင်းကို တွေ့ချင် လို့ပါဘုရား၊တပည့်တော်က သူရဲ့ ဖခင်ပါဘုရား”ဟု လုံးစိ ပတ်စီ လျှောက်ထားလိုက်ရာ
“ဟာ ဒီကောင် ကျုပ်ကို ညာသွားတာပဲ၊ တပည့်တော်ရဲ့ အဖေ ငါးရှာရင် ပင်လယ်ထဲ ရေနစ်ဆုံးသွားလို့ပါ ဘုရားလို့ ညာလျှောက်သွားတယ်၊ ကျုပ်က လမ်းစရိတ်တောင် စွန့်လိုက်သေးတယ် ဒကာကြီးရာ၊အွန်း ဒီကောင် မညာသင့်တာ ညာတယ်၊ ညာစရာ ရှားလို့ မသေတဲ့ အဖေကို သေအောင်ပြောလျှောက်တယ်၊ အွန်းလာမှ
ဆုံးမလိုက်အုံးမယ်၊”ဟုစိတ်ဆိုးစွာဖြင့် မိန့်ကြားလေတော့သည်။ ထိုအခါ ဒါယကာကြီးသည်လည်း
“ဟာ ဒီသားပဇင်း တခြားညာစရာရှားလို့၊ ကိုယ့်အဖေကိုများ ပင်လယ်ထဲ ငါးရှာရင် သင်္ဘောမှောက်ပြီး ဆုံးတယ် ပြောတယ်၊နမိတ်မရှိ နမာမရှိ၊ရွာရောက်မှ တွေ့သေးတာပေါ့” ဟု ထိုပဇင်းငယ်၏ ဖခမည်းတော်သည်လည်း ကျောင်းသို့ မတည်းနိုင်တော့မူ၍ ဆရာတော်ကို ဦးချ နှုတ်ဆက်စကားဆိုကာ သားဖြစ်သူ မောင်ပဇင်းနောက် လိုက်သွားလေတော့သတည်း။ ထိုကိုယ်တော်လေးသည်လည်း ထိုအချိန်မှစကာ စာသင်တိုက်ကြီးဆီသို့ ပြန်မ လားတော့ချေ။ အကြောင်းကိုလည်း ရှာမတွေ့ချေ။

Friday, November 5, 2010

“အမှိုက်တွေတော့ ရှင်းသွားပြီ ခွေးချီးတွေပဲ ကျန်တော့တယ်”

မုံရွာမြို့တွင် ဇောတိကအမည်ရှိ စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးသည် အလွန်အင်မ တန်မှ နာမည်ကြီးသည်။ ဘာကြောင့်နာမည်ကြီးသလဲ အကြောင်းကို ရှာရသော် ထိုတိုက်ကြီးကို အုပ်ချုပ်တော် မူသော ဆရာတော် ကြီးသည်ကား ပရိယတ်အရည်အသွေးပြည့်ဝသည်။ စာချကောင်းတော်မူသည်။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံတော်မူသည်။ အုပ်ချုပ်မှုလည်း အလွန်ကောင်းသည်။ ဆရာတော်ကြီးသည် တပည့်တစ်ပါးစည်း ကမ်းဖောက်ဖျက်သည်ကိုပက်ပင်းတွေ့ပါက အကြွေးမထား ချက်ချင်းဆုံးမတော်မူသည်။ ဘက်မလိုက် မှန်ကန်စွာ ဆုံးမလေ့ရှိသည့်အတွက် တပည့်ရဟန်းသံဃာတော်များက ဆရာတော်ကြီးကို ချစ်ကြောက်ရိုသေကြသည်။ ထိုဆရာတော်ကြီးသည်ကား စာပေနှင့် စည်းကမ်းပိုင်းသာမက စကားပြောလည်းအလွန်အင်မတန်မှကောင်း ကြောင်းနာမည်ကြီးသည်။တစ်နေ့ ဆရာတော်ကြီး၏ တပည့်အချို့တို့သည်
“ဆရာတော်ဘုရား တပည့်တော်တို့ကို ဇာတိရပ်ရွာသို့ မိဘများကို တွေ့ရန် ခေတ္တခဏ ပြန်ခွင့်ပြုတော်မူပါ ဘုရား”ဟုလျှောက်ကြလေသည်။ ထိုအခါ စကားပြောကောင်းသော ဆရာတော်ကြီးက
“အေး အေး ပြန်ကြပေါ့ကွာ၊ မင်းတို့တတွေ ရွာပြန်တော့ ငါ့ကျောင်းအတွင်း အမှိုက်တွေရှင်းသွားတာပေါ့ကွာ”ဟု
မိန့်ကြားလိုက်လေသည်။ ထို့သို့ ဆရာတော်ဘုရားကြီးက တသက်တာ မှတ်သားလောက်သော သြ၀ါဒပေး သည်ကို ဘေးတွင် ထိုင်ကာ နားထောင်နေကြသော ရွာမပြန်ကြသော တပည့်အချို့က
“အွန်း ဆရာတော်ကြီးက ရွာပြန်တဲ့ ကိုယ်တော်တွေတော့ အမှိုက်တွေနဲ့ နှိုင်းပြီး ပြောနေပြီ၊ ဒို့တတွေတော့ တော်သေးတယ်၊ ရွာမပြန်လို့ပေါ့၊ ရွာပြန်ရင် အမှိုက်ထဲ အထည့်ခံနေရအုံးမယ်၊ ခုတော့ ဒို့တတွေ ကောင်းတဲ့ စာ ရင်းပါသွားတာပေါ့”ဟု တီးတို တီးတိုး ပြောကာ ပျော်နေကြလေ၏။ သို့သော် ထိုကိုယ်တော်လေးများ၏ ပျော်ရွှင် မှုသည် သိပ်မကြာလိုက်ပါ။ ဆရာတော်ကြီး မိန့်ကြားတော်မူလိုက်သော စကားကြောင့် ရုပ်ချည်းပျောက်ကွယ်
သွားရလေသည်။ အဘယ်ကြောင့် ဆိုရသော်ကား ဆရာတော်ကြီးက
“အွန်း ကျောင်းမှာ ခွေးချီးတွေဘဲ ကျန်တော့တယ်”ဟု မိန့်ကြားလိုက်သောကြောင့်ပေတည်း။
မိမိသည် ထိုဆရာတော်ကြီး၏ စကားကို သဘောကျသဖြင့် တသက်တာ မှတ်သားထားလေသည်။ ထိုစကား ကိုတော့ တစ်တစ်နေရာရာ အသုံးချလိုက်အုံးမည်ဟု ကြံစည်ထားလေသည်။
စင်္ကာပူ၏ တစ်နေ့သော နေ့၏ နေ့လည်ခင်းတွင်ပင်ဖြစ်သည်။ မိမိသည် အလွန်ပင်ပန်းသဖြင့် အနားယူလို စိတ်ဖြစ်ပေါ်ပြင်းပြစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အနားမယူနိုင်ခဲ့ပါ။ ဘေးမှ ရန်ကုန်မှ ကြွလာသော ဆရာတော် သုံးပါးသည် စင်္ကာပူမြို့ထဲကြွရန် စကားပြောရင်း သူတို့၏ ဒကာကို စောင့်နေသောကြောင့်ပေတည်း။ မကြာ လိုက်ပါ။ မျှော်နေသော ဒါယကာရောက်လာသည့်အတွက် ထိုဆရာတော်များက
“ဦးဇ၀နရေ တပည့်တော်တို့ မြို့ထဲသွားလည်လိုက်အုံးမယ်လေ၊ အရှင်ဘုရား အေးအေးဆေးဆေး အနားယူ လို့ရတာပေါ့”ဟု ပြောသောအခါ မိမိက
“ကောင်းပါတယ် ဆရာတော်တို့ရယ်၊ တပည့်တော်လဲ ကောင်းကောင်း အနားယူလို့ ရတာပေါ့၊ နေအုံး၊ ဒီနေရာ စပ်မိလို့ ဆရာတော်ကြီးဦးဇောတိကက သူ၏ တပည့်များကို မိန့်တဲ့ သြ၀ါဒလေးပြောရအုံးမယ်”ဆိုကာ မိမိသည် ဆရာတော်ကြီး၏ အထက်ပါမိန့်ကြားချက်ကို ဖောက်သည်ချလိုက်လေသည်။ ထိုအခါ ဆရာတော်တို့သည် အလွန်ပင် ရယ်ကြလေသည်။ ထို့နောက် မိမိက ဆက်လက်ကာ ပြောလိုက်သည်ကား
“ခုလဲ ကိုယ်တော်တို့ သွားတော့ အမှိုက်တွေရှင်းသွားတာပေါ့ဘုရား”ဟု ပြောလိုက်ရာ ထိုဆရာတော်သုံးပါး တို့သည် တဟားဟားရယ်ကြလေသည်။ ဘေးက ကိုယ်တော်လေးများကလဲ
“ဟုတ်တယ် ဟုတ်တယ်”ဟု ထောက်ခံကာ ရယ်ကြလေသည်။ သို့သော် မိမိတို့အဖွဲ့သည် ရယ်လို့မှ မပြီးဆုံးသေး ပါ အပြင်ကြွမည့် ကိုယ်တော်များထဲမှ ကိုယ်တော်တစ်ပါးက
“တပည့်တော်တို့အမှိုက်တွေလဲ အပြင်သွားတော့မယ်၊ ခွေးချည်းတွေလဲ ကောင်းကောင်းနေခဲ့ကြ”ဟု ပြောကာ ကြွသွားကြလေတော့သည်။ ထိုအခါမှ ပိုမိုပွဲကျကာ အခန်းတစ်ခန်းလုံး ရယ်ရွှင်မှုတို့ဖြင့် ဖုံးလွှမ်းသွားလေ၏။ အဆုံးမတော့ “ဟုတ်မလားဟူ၍ ဆရာတော်ကြီး၏ စကားကို အသုံးချကြည့်လိုက်သည်။ သို့သော် အကယ်စင်စစ် ခွေးချည်းဖြစ်ကျန်ခဲ့သည်ကား မိမိတို့အဖွဲ့ပင်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များမိန့်ဆိုကြသည်။ အခြားသူကို လက်ညှိုထိုးပြောလျှင် ကျန်သုံးချောင်းသည်ကား မိမိကို ပြန်လည်ထိုးနေကြောင်း၊ လေညာကို ပစ်လိုက်သော ဖုံမှုန့်သည်ကား မိမိဆီသို့ ပြန်လည်ရောက်
ရှိလာကြောင်း၊ ယခုလည်း မိမိသည် ဟုတ်မည်အထင်ဖြင့် ပြောလိုက်သော စကားသည် မိမိဆီသို့ ပြန်လည် ရောက်ရှိလာ၏။
“အော် သတိထားစရာပါတကား”

Friday, October 29, 2010

“ပီကင်းလက်သီးလောက်တော့ မပြင်းပါဘူး”

တစ်ခါက မြန်မာပြည်သားတစ်ယောက်သည် တရုတ်ပြည် ပီကင်းမြို့တွင် ငါးနှစ်ကြာပညာသင်ကြားပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ ထိုမြန်မာနိုင်ငံသားသည် ပီကင်းမှ ပြန်လာပြီးနောက် စကားပြောတိုင်း ပီကင်း၏ကောင်းကြောင်းနှင့် ပီကင်းအစားအသောက်များ၏ ကောင်းကြောင်းကို အမြဲတမ်းပြော နေလေတော့ သည်။ ဖခင်ဖြစ်သူသည် သားဖြစ်သူ၏ ထိုအတွေးများ ပျောက်သွားစေရန် မြန်မာ့ခေါက်ဆွဲ၏ ဘယ်လောက် ကောင်းကြောင်းသိရှိစေရန် သူကိုယ်တိုင် သားဖြစ်သူကို ခေါက်ဆွဲကြော်ကျွေးလေသည်။ ထို့သို့ခေါက်ဆွဲကြော် စားကြရာတွင် ဖခင်ဖြစ်သူက
“ငါ့သား ဘယ်လိုလဲ အဖေကိုယ်တိုင်ကြော်ထားတဲ့ ခေါက်ဆွဲကြော်နှင့် ငါ့သား ပီကင်းမှာ စားခဲ့ရတဲ့ ခေါက်ဆွဲ ကြော်ဘယ်ဟာက ပိုကောင်းသလဲ ပြောစမ်းပါအုံးကွ”ဟုမေးသောအခါ သားဖြစ်သူက
“အွန်း အဖေခေါက်ဆွဲကြော်လဲ ကောင်းတော့ ကောင်းပါတယ်၊ သို့သော် ပီကင်းခေါက်ဆွဲကြော်ကိုတော့ မမှီဘူး အဖေရာ”ဟု ဆိုလိုက်သောအခါ ဖခင်ဖြစ်သူသည် အနည်းငယ် နှာခေါင်းရှုံ့သွားလေသည်။ သို့သော် ဖခင်ဖြစ်သူသည် မကျေနပ်သေးပါ။သူ၏ လက်ရာသည် ပီကင်းလက်ရာထက်သာကြောင်းကို သားဖြစ်သူအား ပြလိုသေးသည်။ သို့ဖြစ်သဖြင့် တစ်နေ့ သူသည် ဘဲတစ်ကောင်းကို ၀ယ်ကာ ပေါင်းပြီး သားဖြစ်သူအား ကျွေးလေ သည်။ ထိုအချိန်ဝယ် ဖခင်ဖြစ်သူက
“ငါ့သား ပီကင်းဘဲပေါင်းလက်ရာနဲ့ အဖေရဲ့ ဘဲပေါင်းလက်ရာ ဘယ်လက်ရာကကောင်းသလဲ ပြောစမ်းပါအုံးကွ” ဟု မေးသောအခါ
“အွန်း အဖေရဲ့ဘဲပေါင်းလက်ရာလဲကောင်းပါတယ်၊ သို့သော် ပီကင်းဘဲပေါင်းလက်ရာတော့ မမှီသေးဘူး အဖေ ရာ”ဟု ဆိုလာပြန်သဖြင့် ဖခင်ဖြစ်သူသည် ဒုတိယအကြိမ်နှာခေါင်းရှုံ့ခဲ့ရပြန်လေသည်။ နောက်ဆုံးတွင် ဖခင်ဖြစ် သူအတွေးဝင်လာသည်ကား
“အွန်းငါ့သားတော့ မြန်မာသွေးမရှိတော့ဘူး၊ ပီကင်းသွေးတွေ ၀င်နေပြီ၊ ပီကင်းကောင်းကြောင်းပဲပြောနေတာ၊ ဒီအကျင့်ပျောက်သွားအောင်တော့ဆုံးမရမယ်”ဟု အတွေးဝင်လာလေသည်။ သို့ဖြစ်သဖြင့် တစ်ခုသော နက္ခတ် တာယာအပေါင်းနှင့် ပြည့်စုံသော တန်ဆောင်လပြည့်ည၀ယ် ဖခင်ဖြစ်သူက
“ငါ့သားရယ် ကောင်းကင်ကြီးကို ကြည့်စမ်းပါအုံး၊ လကြီးကလဲ သာလို့ နက္ခတ်တာယာအပေါင်းကလဲ ပြည့်စုံလို့၊ ဘယ်လောက်တောင်သာယာလဲ၊ မင်းရဲ့ ပီကင်းညနဲ့ မြန်မာပြည်ရဲ့ တန်ဆောင်မုန်းလပြည့်ည၊ ဘယ်ညက ပိုပြီး သာယာလဲပြောစမ်းပါအုံး ငါ့သားရယ်”ဟု မေးသောအခါ သားဖြစ်သူက
“အွန်းအဖေရယ် မြန်မာပြည်ရဲ့ နက္ခနတ်တာယာအပေါင်းနှင့် ပြည့်စုံတဲ့ တန်ဆောင်းမုန်းလပြည့်ညဟာ တော်တော်လေးသာယာပါတယ်၊ သို့သော် ပီကင်းရဲ့ နက္ခတ်တာယာအပေါင်းနဲ့ ပြည့်စုံတဲ့ တန်ဆောင်းမုန်း လပြည့်ညရဲ့ သာယာမှုကိုတော့ မမှီသေးဘူးအဖေ”ဟု ဆိုလာသဖြင့် ဖခင်ဖြစ်သူသည် အလွန်ဒေါပွသွားကာ
“ဒီလောက်တောင် ပီကင်းကို အကောင်းမြင်ပြီး မြန်မာပြည်ကို အကောင်းမမြင်တဲ့ကောင် သေပေတော့” ဟုဆိုကာ လက်သီးဖြင့် ခပ်ပြင်းပြင်း သားဖြစ်သူ၏ မျက်နှာကို ထိုးလိုက်လေတော့သည်။ အဆုံးတွင် သားဖြစ်သူ ပြောလိုက်သည်ကား
“အွန်း အဖေလက်သီးလဲ တော်တော်ပြင်းပါတယ်၊ သို့သော် ပီကင်းလက်သီးတော့ မမှီသေးဘူးအဖေ”ဟူ၍ပင် ဖြစ်သတည်း။
“အွန်း သားဖြစ်သူသည်ကား ဘယ်လောက်ပင် ဖခင်ဖြစ်သူက ဆုံးမစေတော့ ပီကင်းအပေါ်အကောင်းမြင်ဝါဒကို လျှော့တော့မည်မဟုတ်ပေ၊ အသက်သာ အသေခံလျှင် ခံသွားပေတော့မည်၊ အော် ဒီလိုလူမျိုးလဲရှိသေးပေသည် ကိုး ”။
မှတ်ချက် ဤပြင်ပုံကို သာသနတက္ကသိုလ်တက်စဉ် ဆရာတော်ကြီးဦးသန့်ဇင်ပြောပြသဖြင့် မိမိ၏ စာဖတ်ပရိ သတ်အပေါင်းကို ပြန်လည်တင်ပြလိုက်ရပေသည်။

Thursday, October 28, 2010

“ဟင်းတွေချန်ထားလိုက်ကွာ”

မြန်မာပြည်အထက်ပိုင်းမှဆရာတော်တစ်ပါးသည် ရခိုင်ပြည်နယ်အတွင်းရွာတစ်ရွာတွင်ကျောင်းထိုင်တော်မူလေ သည်။ မြန်မာပြည်အထက်ပိုင်းမှ ဘုန်းကြီးတစ်ပါးဖြစ်သည့်အတွက် ရခိုင်စကားကို မပြောတတ်သေးပါ။ ဆရာ တော်သည် ကျောင်း ထိုင်စတွင် ကျောင်း၌ ကိုရင်ပေါက်စသုံးပါး၊ ကျောင်းသားပေါက်စလေးယောက်လောက် သာရှိသေးသည်။ ဆရာတော်ထိုင်သော ရွာကလေးသည် အလွန်အင်မတန်မှ သေးငယ်လှသည့်အတွက်ဆွမ်း ကွမ်းကား လုံလောက်ရုံသာ အလွန်ကြီးမပေါလှချေ။ သို့သော် တစ်နေ့ ထိုရွာကျောင်းတွင် သဒ္ဓါဆွမ်းကပ်ပွဲ တစ်ခု ရှိရာ ဆွမ်းဟင်းများစွာပိုနေလေသည်။ ဆွမ်းဟင်းများသည်ကား သစ်သီးသစ်ရွက်ဖြင့် ချက်ထားသော ဟင်းမျိုးစုံ၊ ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်း စသည်ဖြင့် ချက်ထားသောဟင်းများတို့ကို အလှူရှင်များက ဆက်ကပ်ကြ လေသည်။ ကိုရင် ကျောင်းသားများ ဘုဉ်းပေးပြီးနောက်တွင်ပင် ထိုဟင်းများစွာတို့သည် ပိုနေလေ၏။ ထို့ကြောင့် ဆရာတော်သည်
“ကိုရင် ဟင်းတွေချန်ထားလိုက်ကွာ၊ မနက်ဖြန် ပြန်နွှေးပြီး ဘုဉ်းရတာပေါ့၊”ဟု မိန့်တော်မူသဖြင့် ရခိုင်ကိုရင်လေး သည် ဟင်းများကို ချန်ထားလိုက်လေသည်။
နောက်နေ့တွင်ကား ဆွမ်းကပ်မရှိတော့သဖြင့် ဆွမ်း ဆွမ်းဟင်းသည်ကား ပုံမှန်အတိုင်းဖြစ်သွားလေသည်။ မပေါ များတောချေ။ သို့ဖြစ်သဖြင့် နံနက်ဆွမ်းစားချိန်ရောက်သောအခါ ဆရာတော်သည်
“ကိုရင်ရေ မနေ့က ငါချန်ထားခိုင်းတဲ့ဆွမ်းဟင်းတွေ နွှေးပြီးပြီးလား”ဟုမေးသောအခါ ချန်ထားသော ကိုရင်ပေါက်စ
“နွှေးပြီးပါပြီဘုရား”ဟု ပြန်လည်လျှောက်ထားလေသည်။ ဤတွင် ဆရာတော်က
“ဒါဆိုလဲ ကပ်ကွာ၊ ဘုဉ်းပေးရတာပေါ့”ဟု ဆိုကာ ကပ်ခိုင်းလေတော့သည်။ ဆရာတော်သည် ကိုရင်ကပ်သော ဟင်းများကို ကြည့်လိုက်သောအခါ ဟင်းသီးဟင်းရွက်ဖြင့် ချက်ထားသော သတ်သတ်လွတ်ဟင်းများကိုသာ တွေ့ရတော့သည်။ အခြားအလွန်ကောင်းသော ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်းများကိုကား မတွေ့ရချေ။
ထိုအခါ ဆရာတော်က
“ကိုရင်မနေ့က ငါချန်ခိုင်းထားတာ၊ ဒါတွင်မကပါဘူးကွ၊ ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်းတွေပါပါတယ်၊ အဲဒီဟင်းကောင်းတွေက ဘယ်ရောက်ကုန်လဲ”ဟုမေးလေသောအခါ ကိုရင်က
“ဆရာတော်က မနေ့က ဟင်းတွေဘဲချန်ထားဆိုလို့ တပည့်တော်တို့က ဟင်းတွေပဲချန်ပြီး ကျန်တဲ့ ငါးတွေကို မျှဝေပြီး တပည့်တော်တို့ရဲ့အိမ်တွေကို ပို့ပစ်လိုက်ပါတယ်ဘုရား”ဟုလျှောက်ထားသောအခါ ဆရာတော်က
“၀က်သား ကြက်သား ငါးတွေကကော ဟင်းမဟုတ်လို့ ဘာတွေလဲကွ”ဟု စိတ်ဆိုးစွာ မေးတော်မူသောအခါ
ကိုရင်က
“ဆရာတော်ဘုရား တပည့်တော်တို့ဘက်မှာ ဟင်းဆိုတာ သစ်သီး သစ်ရွက်တို့ဖြင့် ချက်ထားတာကိုသာ “ဟင်း”ဟု ခေါ်ပါတယ်ဘုရား၊ ကြက်သား ငါး ၀က်သားတို့ကိုတော့ “ဟင်း”ဟုမခေါ်ပါဘုရား၊ အဲဒါတွေကို “ငါး”လို့ သာ ခေါ်ပါတယ်ဘုရား”ဟုလျှောက်ထားသောအခါတွင်ကား ဆရာတော်သည် စိတ်ဓာတ်အကြီးအကျယ်ကျကာ
“အော် ဘာသာစကားမကျွမ်းကျင်တဲ့ငါ့ ဒီတစ်ခါတော့ ခံလိုက်အုံးပေါ့ကွာ”ဟု သူ့ကိုယ်သူ ပြောကာ ရှိမြဲဟင်း လေးဖြင့်သာ ဘုဉ်းပေးလိုက်ရလေတော့သတည်း။
မှတ်ချက် ရခိုင်ပြည်နယ်တွင်း သစ်သီး သစ်ရွက်တို့ဖြင့် ချက်ထားသော ဟင်းများကို ဟင်း ဟုခေါ်သည်။ ငါးကြက် ၀က်စသည့် သားငါးဟင်းများကိုကား ငါး ဟုသာခေါ်ဆိုကြသည်။

Wednesday, October 27, 2010

“ငရဲပြည်ကို ပြန်ရတော့မယ်”

ပြီးခဲ့သော နှစ်က မြန်မာပြည် ကျေးလက်တောရွာမှ ဆရာတော်တစ်ပါးသည် စင်္ကာပူနိုင်ငံသို့ သူ၏ အသိဆရာ တော်တစ်ပါး၏ ပင့်ဖိတ်မှုကြောင့် အလည်အပတ်ကြွရောက်လာခဲ့သည်။ ထိုဆရာတော်သည် အလွန်အင်မ တန်မှ တိုးတက်သော သန့်ပြန့်သော စင်္ကာပူသို့ ရောက်လာပြီဆိုသည်နှင့်တစ်ပြိုင်နက် သူ့အတွက် အထူးအဆန်း တွေချည်းဖြစ်နေလေသည်။ ထိုဆရာတော်သည် စင်္ကာပူမှ တွေ့ရှိရသော အရာများအပေါ်၌ အထူးအဆန်းဖြစ် မည်ဆိုလျှင်လည်းဖြစ်ကောင်း ဖြစ်ပေရာ၏။ စင်္ကာပူနိုင်ငံသည်ကား မီးနှစ်ဆယ့်လေးနာရီရသည်။ ရေနှစ်ဆယ့် လေးနာရီရသည်။ တိုင်းပြည်ကားသပ်ရပ်သည်။ လှပသည်။ လူတွေကြည့်လိုက်လျှင်လည်း တောက်ပြောင် နေလေသည်။ လေဆိပ်ကြီးသည်ကားလည်း အလွန်အင်မတန်မှ ခမ်းနားလှသည်။ အလွန်အင်မတန်မှ ကြီးမား သော လေယာဉ်ကြီးများကိုလည်းတွေ့ရသည်။ မိနစ်တိုင်း နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နေသည်ကို တွေ့ရလေသည်။ မြေအောက်ရထားများကိုလည်း တွေ့ရပေသည်။ နောက်ထူးဆန်းသောအရာတစ်ခုသည်ကား မြန်မာ ဒါယကာ ဒါယိကာမများကပ်ကြသော ဆွမ်း ဆွမ်းဟင်းများပင်ဖြစ်သည်။ တစ်သက်မမေ့စရာ အလွန် အင် မတန်မှ ကောင်းလှပေသည်။ ဆရာတော်၏ ပတ်ဝန်း ကျင်နှင့်ယှဉ်လိုက်လျှင် စင်္ကာပူသည်ကား အလွန်တိုးတက် နေသော တိုင်းပြည်တစ်ပြည်ဖြစ်နေလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် စင်္ကာပူမှာ သုံးလကြာ သီတင်း သုံးနေထိုင်နေစဉ် ကျောင်းအတွင်းဝယ် ကုတ်နေသည် ဟူ၍မရှိပါ။ နေ့စဉ် အပြင်ထွက်ကာ ထူးဆန်းသော အရာ များကို လေ့လာလေ့ရှိသည်။ မှတ်သားလေ့ရှိသည်။ ဒီလိုနှင့် သီတင်းသုံးနေထိုင်လာခဲ့ရာ သုံးလပြည့်၍ မြန်မာပြည်ကို ပြန်ရမည့်နေ့တွင် ဆရာတော်သည် စင်္ကာပူမှ ကျောင်းထိုင်ဆရာတော်ကို အောက်ပါအတိုင်း မိန့် ကြားတော်မူခဲ့လေသည်။
“ယနေ့ တပည့်တော်တော့ နတ်ပြည်ကနေ လူပြည်၊ လူပြည်ကနေ ငရဲပြည်ကို ပြန်ရတော့မယ်၊အော် ၀မ်းတောင် နည်းမိပါတယ်ဆရာတော်ရယ်”ဟူ၍ပင်ဖြစ်သတည်း။
ရှင်းလင်းချက်
နတ်ပြည်ဟူသည်ကား စင်္ကာပူနိုင်ငံကိုဆိုလိုသည်။ လူပြည်ဟူသည်ကား မြန်မာပြည်ပင်ဖြစ်သည်။ ငရဲပြည်ဟူ သည်ကား အသွားရခက် အနေရခက်သော အလွန်အင်မတန်မှ တောကျသော ဆရာတော်၏ မဖွင့်ဖြိုးသေးသော ဇာတိရွာလေးကိုပင် ဆိုလိုရင်းဖြစ်ပေသည်။ “အော် ဆရာတော်၏ စကားသည်ကား အလွန်ပင် အဓိပ္ပာယ်လေးနက်လှပေ၏။ တော်တော်လေးပင်မှတ်သားဖွယ်ကောင်းလှပေ၏”။

Saturday, October 23, 2010

“ဆားထမ်းတဲ့သူ ဆင်းနင်းခံရပြန်ပြီ”

တစ်ခါက ရွာတစ်ရွာတွင် ဇာတ်ပွဲတစ်ပွဲကလေသည်။ ရွာတို့၏ ထုံးတမ်းစဉ်လာအရ တစ်နှစ်မှ တစ်ခါသာကျင်းပလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော တောပွဲဖြစ်သဖြင့် အလွန်အင်မတန်မှ စည်းကားလှသည်။ ပွဲခင်းတစ်ခင်းလုံးသည် အရပ်လေးမျက်နှာရွာများမှ လာကြသော ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နေလေသည်။ ထိုပွဲကျင်းပသော ရွာမှ ဒကာတစ်ယောက်သည်လည်း ပွဲကို အလင်းပေါက်ကြည့်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် သွားလေသည်။ သို့သော် သူသည် အရက်ကို အလွန်အင်မတန်သောက်ထားသောကြောင့်
ပွဲကို မကြည့်နိုင်ပဲ ထိုပွဲခင်းတွင်ပင် အိပ်ပျော်သွားလေသည်။နံနက်မိုးလင်း၍ ပွဲပြီးသွားသောအခါမှ သူ၏ သူငယ်ချင်းများမှ နှိုးသဖြင့် အိပ်ချင်မူတူးထလာလေသည်။ ထိုအခါ
သူသည် နောင်တရလိုက်သည်။
“အော် ငါ အရက်အသောက်များသွားသဖြင့် ပွဲမကြည့်ရလိုက်ပါလား၊ ဇာတ်ကလဲ ဘာဇာတ်ထုတ်ကသွားတယ်မသိ၊တစ်ညလုံး အိပ်ပျော်သွားတယ်၊ အိမ်ရောက်လို့ ဘာဇာတ်ထုတ်ကလဲလို့ ငါ့အမျိုးသမီးက မေးလို့ မဖြေနိုင်ရင်တော့ အအော်ခံရအုံးမယ်၊ အော် မထူးပါဘူးလေ၊ ရှေ့ကပွဲကြည့်ပရိသတ်တွေနောက်လိုက်ပြီး နားထောင်အုံးမှ၊”ဟူ၍ပင်ဖြစ်သည်။ သူသည် အိပ်ချင်မူးတူးနှင့် ရှေ့လူများပြောသွားသည်ကို မှတ်သားလိုက်သည်။ အိမ်ရောက်သောအခါ သူ၏ ဇနီးဖြစ်သူက
“တော် ညက ပွဲသွားကြည့်တယ်၊ ဘာဇာတ်ထုတ်များကလဲ၊”ဟုမေးလေသည်။ ထိုအခါ အမျိုးသားဖြစ်သူက
“အေး ဇာတ်ထုတ်နာမည်ကတော့ ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့”ဟု ဖြေကြားလိုက်သောအခါ
“တော့ဇာတ်ထုတ်နာမည်ကလဲ ဟုတ်ကောဟုတ်ရဲ့လဲ၊ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့၊ ကြား မကြားဖူးပါဘူးတော်၊ တော် တစ်ခုခုတော့ မှားနေပြီထင်တယ်”ဟု အတွန့်တက်သောအခါ
“ငါတစ်ညလုံးအိပ်ရေးအပျက်ခံပြီး ကြည့်လာတာပါဟ”ဟု ဆိုလာသဖြင့် ဇနီးဖြစ်သူသည်
“အော် ဟုတ်မှာပါလေ”ဟု စဉ်းစားကာ ဆိတ်ဆိတ်နေလိုက်လေသည်။
မှတ်ချက် အမူးသမားရှေ့မှ ပွဲကြည့်ပရိသတ်များပြောသွားသော ဇာတ်ထုတ်၏ အမည်မှန်သည်ကား ”ဆဒ္ဒန်ဆင်မင်းဇာတ်”ဟူ၍ပင်ဖြစ်သတည်း။
“အော် အမူးသမားရယ် ကြားလဲ ကြားတတ်ပါပေ၊ ဆားထမ်းတဲ့သူ ဆင်းနင်းသွားလို့တဲ့”

Sunday, October 17, 2010

“မုသာဝါဒကို ဖော်ထုပ်သော စက်ရုပ်”

ယနေ့ခေတ်သည် သိပ္ပံခေတ်ဖြစ်သည်အားလျှော်စွာ သိပ္ပံပညာရှင်များသည် မုသာဝါဒကို ဖော်ထုပ်ပေးသော စက်ရုပ်တစ်ရုပ်ကို တီထွင်လိုက်လေသည်။ ထိုစက်ရုပ်၏ ထူးခြားချက်သည်ကား အကယ်၍ သူ၏ စစ်ဆေးမှုကို မှန်ကန်စွာ မဖြေဆိုပါက အစစ်ဆေးခံရသူကို လက်ဖြင့် ဖြတ်ရိုက်ပစ်လေသည်။ တစ်နေ့ မိသားစုတစ်စုသည် ထိုစက်ရုပ်ရှေ့တွင် အစစ်ခံကြရလေသည်။ ထိုမိသားစုသည် အရေအတွက်အားဖြင့် သုံးယောက်ဖြစ်လေသည်။ ပထမတွင် သားဖြစ်သူု အစစ်ဆေးခံရလေသည်။ စက်ရုပ်က
“မနေ့က မင်းဘယ်သွားနေလဲ”ဟု မေးလေသည်။ သားဖြစ်သူက
“ကျွန်တော်မနေ့က ရုပ်ရှင်ကား သွားကြည့်ပါတယ် စက်ရုပ်ကြီး”ဟု ဖြေကြားသောအခါ စက်ရုပ်ကြီးက
“မင်း ဘာကားကြည့်လာခဲ့သလဲ”ဟု ဆက်မေးသောအခါ သားဖြစ်သူက
“ကျနော် စစ်ကားကြည့်ခဲ့ပါတယ် စက်ရုပ်ကြီးဟု ဖြေဆိုလေသည်။ ထိုအခါ စက်ရုပ်ကြီးသည်
“မင်းငါ့ကို ညာတယ်၊ မင်းမနေ့က ညစ်ညမ်းတဲ့ ရုပ်ရှင်ကားကို ကြည့်ခဲ့တယ်မဟုတ်လား”ဟု ဆိုကာ လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်လေသည်။ ထိုအခါ သားဖြစ်သူက
“ဟုတ်ပါတယ် စက်ရုပ်ကြီးရယ်၊ကျွန်တော် ညစ်ညမ်းကားကြည့်ခဲ့ပါတယ်”ဟု အမှန်အတိုင်းဝန်ခံလေတော့သည်။ ထိုအခါ ဖခင်ဖြစ်သူက
“အော် ငါ့သား တော်တော် ပျက်စီးနေမှကိုး၊ အဖေတို့နဲ့တော့ ကွာပါကွာ၊ ဒို့တုန်းက ညစ်ညမ်းကားကို ကြည့်ဘို့မ ပြောနဲ့ ရိုးရိုးကားတောင် မကြည့်ခဲ့ဘူး၊”ဟု ပြောသောအခါ စက်ရုပ်ကြီးသည် ဖခင်ဖြစ်သူအား
“မင်းဘာညာတာလဲ”ဟု ဆိုကာ သူ၏ လက်ကြီးဖြင့် ဖြတ်ရိုက်လိုက်လေတော့သည်။ ထိုအခါ ဇနီးဖြစ်သူက
“တော်ကလဲ ကိုယ်သားကို ညှာညှာတာတာ ပြောမှပေါ့၊ တော်လဲ ငယ်ရာက ကြီးလာတာပဲ”ဟု ဆိုသောအခါ စက်ရုပ်ကြီးက
“နင်လဲ ညာတာပဲ ဒီသားက သူ့သားမှ မဟုတ်တာ၊ အခြားတစ်ယောက်ရဲ့ သားပဲဟု ပြောကာ ဇနီးဖြစ်သူကိုပင် ဖြတ်ရိုက်လိုက်လေတော့သည်။ ထိုအခါ ဖခင်ဖြစ်သူကော မိခင်ဖြစ်သူပါ သူတို့၏ အမှားများကို ၀န်ခံရလေတော့ သတည်း။
“အော် အဲဒီစက်ရုပ်သာ တကယ်ပေါ်လာလျှင်ကား မိမိအပါအ၀င် လူသားတွေတော့ ခက်ကုန်တော့မယ်”

ဝန်ခံချက်။ ။ ဤပုံပြင်ကို သူငယ်ချင်းဖြစ်သူ ဒေါက်တာ အရှင်ဥတ္တမ(Oke)မှ ပြောပြသဖြင့် တင်ပြလိုက်ရပေ သည်။

Wednesday, October 6, 2010

မန္တ္တလေးတိုင်းမြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာတွင် ဦးကျောက်လုံးအမည်ရ အနှိပ်သည်ကြီးတစ်ယောက်ရှိလေသည်။ သူသည် ထိုနယ်ဝန်းကျင်တစ်ဝိုက်တွင် အလွန်ဟိုလေးတစ်ကျော်ကျော်ဖြစ်
လေသည်။ တစ်နေ့ ဦးကျောက်လုံးသည် မိမိတို့ ကျောင်းသို့ ၀င်လာရာ သူနှင့် စကားများစွာ ပြောဖြစ်လေသည်။ မိမိကပင် စ၍
" ဒကာကြီးဦးကျောက်လုံး ဘယ်လိုလဲ ကောင်းကောင်း နှိပ်နေရပါသလား"ဟု မေးသောအခါ ဦးကျောက်လုံးက
"အော် ဦးဇင်းကလဲ လူသားတွေ ကိုယ်ကာယရှိနေသ၍ နာမှုဆိုတာရှိနေမှာပါ၊ နာမှုရှိနေသ၍တော့ ကျောက်လုံးတို့ မငတ်သေးပါဘူး ဦးဇင်းရယ်၊"ဟုမှတ်သွားဖွယ်ရာများကိုပင် ဖြေကြားခဲ့လေသည်။
မိမိသည် တစ်ဆက်တည်းမှာပင်
"အော် အနှိပ်သည်တစ်ပိုင်း ဂေါပကတစ်ပိုင်းဖြစ်နေတဲ့ ဒို့ဒကာကြီးဦးကျောက်လုံးကတော့ ကြာရင်ကမ္မ၀ါစာတောင် ဖတ်မည့်သဘောရှိပါပေ၏"ဟု အတွေးပင်ဝင်လာခဲ့သည်။ ထို့နောက်
"ဒကာကြီး, စကားမစပ် ခုဒကာကြီးက တစ်ခါနှိပ်ရင် ဘယ်လောက်ယူပါသလဲ" မေးလေသောအခါ
"ဦးဇင်းရေ အရင်ကတော့ နှစ်ရာ့ငါးဆယ်ကျပ်ယူပါတယ်၊ ခုတော့ ကုန်ဈေးနှုန်းတွေကတက်တော့ ငါးရာယူပါတယ်၊ ဒါပေမယ့် တစ်ချို့က နှစ်ရာ့ငါးဆယ်ပဲပေးတယ်၊ တစ်ခါတစ်လေ အကြွေးတောင်
ကျသေးတယ်၊ ငါးရာပေးတဲ့သူကိုတော့ ဆရာစားမချန်အကုန်နှိပ်ရတာပေါ့၊ နှစ်ရာ့ငါးဆယ်သမားတော့ နှစ်ရာ့ငါးဆယ်နဲ့တန်အောင်နှိပ်ပေးရတာပေါ့ဇင်းရယ်၊"ဟု အနှိပ်သည်ကြီး ဦးကျောက်လုံးသည်
သူ၏ ပါးနပ်မှုအကြောင်းတွေ့ကို ခရေစေ့တွင်းကျရှင်းပြနေလေသည်။ထိုစဉ် ရွာအတွင်းမှ ကလေးတစ်ယောက်သည်
"ဘကြီးဦးကျောက်လုံး ကိုသိန်းဟန်က အနှိပ်ခံချင်လို့တဲ့၊ သူ့အိမ်ကို လာခဲ့ပါအုံးတဲ့" ဟု လာရောက်ခေါ်သည်ကိုပင်
"ငါမအားဘူးလို့ပြောလိုက်ကွာ ဦးဇင်းနဲ့ စကားပြောနေတယ်လို့ ပြောလိုက်ကွာ" ဆိုသောအခါ မိမိက မနေသာတော့သဖြင့်
"လိုက်သွားပါ ဒကာကြီးရာ ဦးဇင်းနဲ့စကားပြောလို့ ဘာမှ ရလာမှာမှ မဟုတ်တာ၊ သွားနှိပ်လိုက်ရင် ငွေငါးရာဝင်မည့်အရေးလက်မနှေးနေပါနဲ့ ဒကာကြီးရာ"
"ဦးဇင်းက ဘာမှ မသိဘူး၊ သိန်ဟန်ဆိုတဲ့ကောင်က အနှိပ်သာ ခံချင်တာ ငွေပေးရမှာကျ တွန့်တိုတယ်၊ဟိုတစ်ပတ်က နှိပ်တာ နှစ်ရာငါးဆယ်ပဲပေးတယ်၊ ဒါတောင် အကြွေးတစ်ရာကျန်သေးတယ်၊သွား
တောင်းရင် နေ့ရွေ့ညရွေ့နဲ့ မပေးချင်ဘူး၊ ဒါကြောင့် ဒီကောင်ကို နှိပ်မပေးချင်တာ၊နေပေ့စေ့၊ ဒီကောင်ကို ပစ်ထားလိုက်အုံးမယ်၊"
လာခေါ်သော ကလေးသည်ပင် မပြန်သေးပေ၊ အနှိပ်သည်ကြီး ဦးကျောက်လုံးကို မရ ရအောင် ပေကပ်ခေါ်နေလေ၏။
ဦးကျောက်လုံးသည်ကား ထိုကလေးခေါ်သည်ကိုပင် ပဓာနမထားပေ၊ သူ၏ အနှိပ်သည်ဘ၀ အတွေ့အကြုံများကို ဆက်လက်ကာ ရှင်းပြနေလေသည်။ သို့ဖြစ်သဖြင့် မိမိက
" ဒကာကြီးဦးကျောက်လုံးရေ လူတွေတော့ နှစ်ရာ့ငါးဆယ် သို့မဟုတ် ငါးရာယူတာတော့ ဟုတ်ပါပြီ၊ ဦးဇင်းတို့ ဘုန်းကြီးတွေ နှိပ်ရင်တော့ ဘယ်လောက်ယူပါသလဲ"မေးသောအခါတွင်တော့
ဘုန်းကြီးတွေတော့ ကြေးရယ်လို့တော့ မပြောပါဘူးဘုရား၊ အရှင်ဘုရားတို့ ကြိုက်သလောက်သာ စွန့်ပါဘုရားလို့လျှောက်လိုက်တာပါပဲ၊ များသောအားဖြင့်တော့ ငွေတော့မစွန့်ကြပါဘူး၊ ဆန်နှစ်ပြည့်
သုးံပြည်လောက်တော့ စွန့်ကြတာပေါ့ဘုရား၊သို့သော် တစ်ချို့ဘုန်းကြီးတွေကလဲ ကပ်စေးနဲတယ်ဘုရား၊ ဘာမှမစွန့်ကြဘူးဘုရား၊ 'အေး ဒကာကြီး ဤကဲ့သို့ ပြုရသော ကောင်းမှုကြောင့် ကျန်းမာ
ချမ်းသာပါစေ'လို့ပဲ ဆုပေးလိုက်ကြတာပါပဲ၊ ဒါနဲ့ပဲ ကျေနပ်ခဲ့ရတာပါပဲဘုရား၊အများအားဖြင့် ဘုန်းကြီးတွေထဲမှာတော့ တပည့်တော်တို့ ဘုန်းကြီးကတော့ ကပ်စေးအနဲဆုံးပဲဘုရား၊နှိပ်ခိုင်းတာတော့
နေ၀င်လုနည်းပါးပဲ၊ တပည့်တော်က တိုက်ရိုက်တောင်းရတာ မကောင်းလို့ 'တောင်ကျောင်းကိုယ်တော်နှိပ်ရင်တော့ ဆန်နှစ်ပြည် သုံးပြည်စွန့််တာပဲဘုရား'လို့ သွယ်ဝိုက်လျှောက်တော့ သူက
ဘာပြန်မိန့်သလဲ မှတ်လဲ'ဒကာကြီးရေ တောင်ကျောင်းကိုယ်တော်က ချမ်းသာတယ်ဗျ၊ ဦးဇင်းက ဆင်းရဲတယ်ဗျ၊ဘယ်စွန့်နိုင်မလဲ၊ ကုသိုလ်ယူပေါ့ဗျ၊ ဒီတော့ တပည့်တော်ကလဲ 'ဟွန်း ကိုယ်တော်
စွန်ပါဘူးကိုယ်တော်'ဟုပြန်လျှောက်လိုက်တယ်လေ၊ အဲဒီလိုလျှောက်တော့လဲ မနာဘူးကိုယ်တော်ရေ၊ ရွာကျောင်းဘုန်းကြီးက တဟားဟားရယ်နေတာ၊သူကတော့ မစွန့်ရရင် ပြီးတာပဲ သူ့ကို
ဘာပြောပြော မနာဘူး။ကပ်စေးနည်းချက်ကလဲ ကမ်းကုန်းတယ် အာဂန္တုကသဌေးကတောင် အဖေခေါ်လောက်ပါပေတယ်၊"ဟု အနှိပ်ဆရာကြီးဦးကျောက်လုံးက သူ့၏ အနှိပ်သည်ဘဝ
ငွေမရပုံများကို ညည်းညူးပြောပြလာသဖြင့် မိမိကပင်
"ဒါဆိုရင် ဒကာကြီးအဖြစ်ကလဲ အရင်က မြင်းလှည်းဆရာကြီး တစ်ယောက်လိုဖြစ်နေပြီပေါ့" ဆိုလိုက်သောအခါ အနှိပ်ဆရာကြီးဦးကျောက်လုံးက
"မြင်းလှည်းဆရာကြီးက ဘယ်လိုဖြစ်တာလဲ မိန့်ပါအုံးဘုရား"ဟုဆိုလာသဖြင့်
"ဒကာကြီးရေ တစ်ခါ မြို့တစ်မြို့မှာ ကိုယ်တော်တစ်ပါးက မြင်းလှည်းဂိတ်ကို လာရောက်ပြီး မြင်းလှည်းငှားသတဲ့၊ဒီတော့ မြင်းလှည်းဆရာကြီးက
ကိုယ်တော်ဘယ်ကြွမှာလဲ မေးတော့ ကိုယ်တော်က ထင်းရှားတဲ့ စာသင်တိုက်ကြီးရဲ့နာမည်ကို ပြောသတ၊ဲ့ အဲဒီအခါ မြင်းလှည်းဆရာကြီးက
ကိုယ်တော့စာသင်တိုက်က တော်တော်ဝေးတယ၊် မြို့ပြင်မှာ၊ ဘယ်လောက်ပေးနိုင်မလဲ ပေးကြည့်ပါ၊'ဆိုတော့
ကိုယ်တော်က 'ဒကာမနာစေရပါဘူး'လို့ မိန့်တယ်လေ၊ ဒီတော့ မြင်းလှည်းဆရာကြီးလဲ 'ကြေးတော့ ကောင်းကောင်းရမှာပဲ'ဆိုတဲ့ အတွေးနဲ့ လိုက်သွားတယ်လေ၊ မြင်းလှည်းဆရာကြီးဟာ
လမ်းတွင် ကိုယ်တော်ပေးမည့် ငွေပမာဏကို သိလိုသောကြောင့်
ကိုယ်တော်ဘယ်လောက်လဲ အတိအကျပြောပါအုံးဘုရားဟု မေးပြန်တာပေါ့။ ထိုအခါ ကိုယ်တော်က
'ဒကာမနာစေရပါဘူးလို့ဆိုပြန်လေတယ်လေ။ သို့ဖြစ်သဖြင့် မြင်းလှည်းဆရာလဲ ကြေးကို ဆက်မမေးတော့ဘူးပေါ့၊ ဒီလိုနဲ့ ကျောင်းရောက်သွားရော ဒကာကြီးရာ။
ကျောင်းရောသောအခါတွင် ကိုယ်တော်က ဘာမှ မပြော၊ မြင်းလှည်းခလဲ မပေးပဲ ဆင်းသွားလေတော့၊ မြင်းလှည်းဆရာကြီးက
ကိုယ်တော်မြင်းလှည်းခလေး စွန့်ပါအုံးဘုရားဆိုတော့ ကိုယ်တော်က
'ဟာ ဒီ ဒကာနာချင်ပြီးထင်တယ်'လို့ မိန့်လိုက်တော့ မြင်းလှည်းဆရာလဲ မြင်းလှည်းခမရတဲ့အပြင် အရိုက်ခံရမည့်ကိန်းတောင်ကြုံတွေ့နေရလေတော့ တစ်ချိုးတည်း မြင်းလှည်းကို မောင်းပြေးလာရသ
တဲ့ ဒကာကြီးရေ၊ ဒကာကြီးအဖြစ်က အဲဒီလောက်တော့ မဆိုးသေးပါဘူး ဒကာကြီးရာ၊" ဟု ပြောလိုက်သောအခါ ဒကာကြီး ဦးကျောက်လုံးသည် ခွက်ထိုးခွက်လန်ရယ်ကာ
"အဲဒီ ကိုယ်တော်ကလဲ တော်တော်ဆိုးသားပဲ၊ အွန်းပြောသာပြောရ သူပြောတာလဲ ဟုတ်သားပဲ ဒကာမနာစေရပါဘူးတဲ့၊ မြင်းလှည်းခပေးမယ်လို့ ပြောတာမှ မဟုတ်တာ၊ မြင်းလှည်းဆရာကြီးအဖြစ်
နဲ့စာရင် သိန်းဟန်ကို နှိပ်လို့ရတဲ့ ငွေ၂၅၀က မဆိုးသေးပါဘူး၊ ကဲကိုယ်တော်ရေ လိုက်သွားလိုက်ပါမယ်"ဟုဆိုကာ လာခေါ်သော ကလေးနောက်သို့ လိုက်သွားလေတော့သတည်း။

Friday, September 24, 2010

“အမြောက်နဲ့များပစ်ပြီး စားမလားမသိဘူး”

တစ်ခါက မြန်မာပြည်အထက်အပိုင်းတွင် ရွာသာရွာဟုအမည်ရသော ရွာကလေးတစ်ရွာရှိလေသည်။ ထိုရွာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိလေသည်။ ရွာ၏ အမည်ကို အစွဲပြုကာ ထိုဘုန်းတော်ကြီးကျောင်းကိုလည်း ရွာသာကျောင်းဟုအမည်ပေးကြလေသည်။ထိုကျောင်း၏ဓလေ့အရကိုရင်+ကျောင်းသားများသည်ကိုးနာရီထိုးလျှင် ဆွမ်းခံသွားကြရသည်။ဆယ်နာရီထိုးလျှင်ကျောင်းပြန်ရောက်ကြသည်။မိနစ်သုံးဆယ်ခန့်ခေတ္တခဏနားကြရသည်။ ဆယ်နာရီခွဲလျှင်ကား မြတ်စွာဘုရားအား ဆွမ်းတော်ကပ်ရန်အတွက်လည်းကောင်း ဆရာတော်အား ဆွမ်းကပ် ရန်အတွက်လည်းကောင်း ပြင်ဆင်ကြရသည်။ ဆယ်နာရီလေးဆယ့်ငါးမိနစ်တွင်ကား မြတ်စွာဘုရားအား ဆွမ်း တော်ကပ်ကြသည်။ ဆွမ်းတော်ကပ်ဆိုရိုးသည်ကား (၁၅)မိနစ်အကိုက်ပင်ဖြစ်သည်။ ပြီးသည်နှင့် ဆယ့်တစ်နာရီ ထိုးသည်။ ထို့နောက် ကြေးမောင်းခေါက်သည်။ ခေါင်းလောင်းထိုးသည်။ ကြေးမောင်းခေါက်+ခေါင်းလောင်း ထိုးခြင်း၏ အဓိပ္ပာယ်သည်ကား အရပ်လေးမျက်နှာတွင် ရှိကြသော ပုဂ္ဂိုလ်အပေါင်းတို့အား ကျောင်းမှ ပြုလုပ် လိုက်သော ကုသိုလ်၏ အဖို့ဘာဂကို ရကြစေရန်အလို့ငှာ အမျှဝေလိုက်ခြင်းဖြစ်သည်။ နောက်ရည်ရွယ်ချက် သည်ကား ကျောင်းအတွင်းရှိ သံဃာတော်များကို ဆွမ်းဘုဉ်းပေးရန်အလို့ငှာ ခေါင်းလောင်းတီးပြီး ပင့်လိုက်ခြင်း ပင်ဖြစ်သည်။ သံဃာတော်များသည် ဆွမ်းဘုဉ်းပေးတော့ဟူသော အဓိပ္ပာယ်ကိုလည်းဆောင်ပေး၏။ တစ်နေ့ ထိုသို့ ရွာဦးကျောင်းမှ ကြေးမောင်းခေါက်+ခေါင်းလောင်းထိုးသံကို ကြားရသောအခါ အခြားအရပ်မှ အသက်ကြီးကြီး လူစိမ်းတစ်ယောက်က
“ခင်းဗျားတို့ရွာက နေ့ခင်းကြောင်တောင်ကြီး ကြေးမောင်းတွေခေါက်၊ ကြေးစည်တွေတီး၊ ခေါင်းလောင်းတွေ ခေါက်နဲ့ ဘာလုပ်မလို့လဲဗျ”ဟု မေးသောအခါ ရွာမှ ကြေးမောင်းခေါက်ခြင်းစသည်တို့၏ အဓိပ္ပာယ်ကို အတိ အကျမသိသော ကိုလူလည် မောင်ကျော်မင်းကြည်က
“ဘကြီးကလဲ အဲဒါဘုန်းကြီးတွေ ဆွမ်းစားတော့မယ်ဆိုတဲ့ အကြောင်းကို သိစေရန်အချက်ပေးတာလေဗျ”ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ အသက်ကြီးကြီးဒါယကာကြီးက
“အွန်း မောင်ရင်တို့ရွာက ဘုန်းကြီးကလဲ သူများလှူတဲ့ ဆွမ်းကို စားတာတောင် မောင်းခေါက်၊ကြေငြာပြီး စားလိုက်သေးတယ်၊ကိုယ်တိုင်အလုပ်လုပ်လို့ ကိုယ်တိုင်ရှာလို့ရလာတဲ့ ဆွမ်းကိုသာစားရလို့ကတော့ အမြောက် နဲ့ပစ်ပြီးတောင် စားလောက်တယ်ငါ့တူရေ၊ မင်းတို့ဘုန်းကြီးကတော့ ကြွားချက်ကတော့ သန်ပါပေ”ဟု ပြောကာ ထွက်သွားလေတော့သတည်း။ ကွမ်းယာရောင်း သမား လေးမောင်ကျော်မင်းကြည်တစ်ယောက်တော့ အတွေး တစ်ခုနဲ့ ကျန်ရစ်လေတော့သည်။ သူ၏အတွေးသည်ကား
“ဒီဘကြီးနယ် ပေါက်ပေါက်ရှာရှာပြောတတ်ပါပေ့”ဟူ၍ပင်ဖြစ်သတည်း။ မိမိအတွေးဝင်မိသည်ကား
“ဒီဒကာကြီးပြောလိုက်ပုံကတော့ သံဃာတော်များသည်ပင် ခေါင်းလောင်းထိုးပြီး ဆွမ်းမစားရဲအောင်ပင် ဖြစ် နေပြီ”ဟူသည်ပင်ဖြစ်သတည်း။

Thursday, September 16, 2010

“နွားမ နွားမ နွားမ ယူတော်မူကြပါကုန်လော့”

တစ်ခါက ရွာတစ်ရွာတွင် အလွန်အင်မတန်မှ ဆင်းရဲသော ဒါယကာတစ်ယောက်ရှိလေသည်။ သူ၏ အမည်မှာ ကိုသောင်းရွှေဖြစ်သည်။ ကိုသောင်းရွှေသည် အလွန်ဆင်းရဲသည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိန်းမဆုံးပါးသွားသ ဖြင့် မုဆိုးဘိုတစ်ယောက်ဖြစ်နေလေသည်။သားများ သည်ပင် အရွယ်ရောက်နေပြီးဖြစ်သည်။ သားများကိုရှင်ပြု လိုသော်လည်း လက်ထဲတွင်ငွေကမရှိ။ သို့သော် အိမ်တွင် နို့စားနွားမလေးတစ်ကောင်ရှိလေသည်။ ထိုအဖြစ်ကို သိသော သူငယ်ချင်းများက
“မင်းကလဲကွာ မင်းမှာ နို့စားနွားမလေးတစ်ကောင်ရှိတာ၊ အဲဒါလေးရောင်းပြီးသားတွေကို ရှင်ပြုပေးလိုက်ပေါ့ကွ” ဟု အကြံပေးကြလေသည်။ ထို့သို့ အကြံပေးသဖြင့် ထိုဒါယကာသည်ပင်
“နွားမလေးကို ရောင်းပြီး သားတွေကို ရှင်ပြုပေးရရင်ကောင်းမလား၊ အော် ဒါလေးရောင်းပြန်လျှင်လည်း ငါ့တို့ မိသားစုအတွက် စားစရာမရှိတော့ပြီ၊ အွန်း ဘယ်လိုလုပ်ရရင်ကောင်းမလဲ”ဟု စဉ်းစားခန်းပင် ၀င်နေတော့ သည်။ အဆုံးတွင် ကိုသောင်းရွှေဆုံးဖြတ်ချက်ချလိုက်သည်ကား
“အို ဘာပဲဖြစ်ဖြစ် တစ်သက်မှာ တစ်ခါသာ ပြုရခဲဖြစ်တဲ့ သားရှင်ပြုခြင်းကိစ္စကို နွားမလေးကို ရောင်းပြီး ပြုတော့ မည်”ဟု ဆုံးဖြတ်ချက်ချကာ နွားမလေးကို ရောင်းလိုက်လေသည်။ ကိုသောင်းရွှေသည် နွားမလေးကို ရောင်းသာ ရောင်းလိုက်ရသည်။ စိတ်ကားမကောင်းလှချေ။ အကြောင်းသော်ကား ထိုနွားမလေးသည် တစ်သက်လုံးသူတို့ မိသားစုကို လုပ်ကျွေးခဲ့သောကြောင့်ပေတည်း။ အလှူမင်္ဂလာပြုလုပ်သော နေ့တွင် ရွာသူရွာသားများ၊ သားဖြစ် သူများကတော့ အလွန်ပင်ပျော်နေကြသည်။ ဒါယကာတော်ကိုသောင်းရွှေသည်ကား အလျှူပွဲအတွက် နွားမ လေးကို ရောင်းလိုက်ရသည့်အတွက် စိတ်မပျော်ရွှင်နိုင်ပါ။ရေစက်ချ တရားနာချိန်ရောက်ပါပြီ၊ ဆရာတော်ကြီး သည် အလှူဒါယကာ ကိုသောင်းရွှေတစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်စေရန်အလို့ငှာ တရားကို အစွမ်းကို ဟောပေးနေပါသည်။ သို့သော် ကိုသောင်းရွှေတစ်ယောက်၏ စိတ်သည်ကား ရောင်းလိုက်သော နွားမလေးဆီသို့ ရောက်နေလေတော့သည်။ အဆုံးတွင် အမျှအတမ်းပေးဝေရမည့်အချိန်ကို ရောက်သောအခါတွင်ကား နွားမထံ စိတ်ရောက်နေသော ကိုသောင်းရွှေတစ်ယောက် အမျှကို အောက်ပါ အတိုင်းဝေလိုက်လေတော့သည်။
“နွားမ နွားမ နွားမ ယူတော်မူကြပါကုန်လော့”ဟူ၍ပင်ဖြစ်သည်။ ထိုအခါ တရားဟောဆရာတော်နှင့် သံဃာ တော်များ တရားနာပရိသတ်များသည်ပင် ကိုသောင်းရွှေ၏ အမျှဝေသံကို ကြားကာ အူလှိုက်သည်းလှိုက် ရယ်ကြလေတော့သတည်း။

Saturday, September 11, 2010

တခါကဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။သူတို့နှစ်ဦးတို့တွင် လင်ယောက်ျားဖြစ်သူသည်ကား အလွန်ကပ်စေး နှဲသည်။ဇနီးသည်ကားအလွန်စေတနာကောင်းသည်။တစ်နှစ်တွင်သူတို့သည် စပါး ကြက်သွန်ငရုတ်စသည်တို့ကို ထူးခြားစွာရလေသည်။ ထို့ကြောင့်သူတို့သည်ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ သားဖြစ်သူများကို ရှင်ပြု ပေးကြလေသည်။ လင်သားဖြစ်သူသည် ဇနီးသည်၏ အလိုအရလည်းကောင်း ထုံးတမ်းစဉ်လာဖြစ်နေသည်က တစ် ကြောင်း သားဖြစ်သူများကို ရှင်ပြုပေးလိုက်ရသည်။ ငွေကုန်မှာကိုကားအလွန် ကြောက်နေလေသည်။ ရှင်ပြု ပွဲကြီးကို ပြုလုပ်ပါပြီ။အလှူပွဲကြီးနေ့ နံနက်ခင်းတွင် ပရိသတ်များကို ထမင်း ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေနေစဉ် အလွန်ကပ်စေးနှဲသော အလှူဒါယကာကြီးသည် “ငါ့ဟာတွေကုန်ပါပြီ ငါ့ဟာတွေကုန်ပါပြီ”ဟု ထမင်းထည့်ထား သောပုတ်ကြီးကို မ,ကာ မ,ကာနေလေတော့သည်။ထိုအချိန်အခါ အလှူဒါယ ကာကြီး၏ ရင်ဝယ်ပုတ်မစေတနာ သည်ဖြစ်ပေါ်၍လာလေ၏။ ထို့နောက် အလှူဒါယကာကြီးသည် ထမင်းကို အလှူအကျွံစားသော သူများကို ကြည့် ကာ မုန်းစစေတနာသည် ဖြစ်ပြန်လေ၏။ နောက်ဆုံးတွက်ကား အလှူဒါယကာကြီးသည် အပါယ်ရစေတနာ ဖြစ်လေတော့သတည်း။

မှတ်ချက်=ဗုဒ္ဓဘာသာဝင်တို့၏ထုံးတမ်းစဉ်လာအရ အလှူတစ်ခုပြုတော့မည်ဆိုလျှင်မလှူခင်ရှေးဦးအစ၌လှူချင် စိတ်တွေတစ်ဖွားဖွားဖြစ်နေခြင်းသည် ပုဗ္ဗစေတနာဖြစ်သည်။ သို့သော် အလှူဒါယကာကြီးသည်ကား ထိုပုဗ္ဗ စေတနာမဖြစ်မူ၍ “ငါ့ဟာတွေကုန်သွားပါပြီ၊ ငါ့ဟာတွေကုန်သွားပါပြီ”ဟု ပုတ်ကြီးကို မ,ကာ မ,ကာဖြစ်နေ လေတော့ ထိုဒါယကာကြီး၏ ရင်ဝယ်ပုတ်မစေတနာသာဖြစ်လေတော့သည်။ လှူဆဲတွင် ၀မ်းမြောက်ဝမ်းသာဖြစ် နေသော စေတနာသည် မုဉ္ဇစေတနာဖြစ်သည်။ထိုစေတနာမဖြစ်မူ၍ အလှူဒါယကာကြီးသည်ကား အလွန်စား သော သူများကို ကြည့်ကာ မုန်းစစေတနာဖြစ်လေတော့သည်။ အလှူပွဲပြီးနောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေရ မည်ဖြစ်သော စေတနာသည်ကား အပရစေတနာဖြစ်သည်။ သို့သော် အပရစေတနာမဖြစ်မူ၍ အလှူဒါယကာ ကြီးဖြစ်သွားသောစေတနာသည်ကား အပါယ်ရစေတနာဖြစ်သွားလေတော့သတည်း။
မှတ်ချက် ဤပုံပြင်ကို ဦးသုဝဏ် (ရမ်းဗြဲ သို့မဟုတ် ရမ်းပြည့်)မှ ပြောပြသည်။

Tuesday, September 7, 2010

“မမြဲသော ပုထုဇဉ်တို့၏ သဒ္ဓါတရား”

တစ်ခါက ခရီးသည်တင်သင်္ဘောတစ်စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်းဆင်းလာလေသည်။ ပုဂံညောင်ဦး မြို့အနီးရောက်သောအခါ ထိုသင်္ဘောကြီးသည် ရုတ်တရက်တိမ်းမှောက်သွားရာ ခရီးသည်များသည် ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်ကြလေသည်။ ထိုအထဲတွင် ဒါယကာတစ်ဦးသည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားသုံးပြား လှူပါမည် ဘုရား” ဟု ထူးဆန်းစွာ အော်နေလေသည်။ “အော် ဒါယကာတော်သည်ကား မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးကိုပင် လာဘ်လာဘဖြင့် မျှားပြီး ကယ်ခိုင်းနေပြန်ပြီ”။ ထို့သို့အော်ရင်း ဒါယကာတော်သည် ကံအား လျှော်စွာပင် သစ်တုံးတစ်တုံးကို ရရှိသွားလေသည်။ ထို့သို့ ဒါယကာတော်သည် သစ်တုံးကို ရရှိသွားသောအခါ
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားနှစ်ပြားလှူပါမည်ဘု ရား”ဟုလျှောက်ထားပြန်သည်။ သို့သော် နဂိုက ရွှေပြားသုံးပြားလှူမည်ပြောသော ဒါယကာတော်၏ စေတနာ သည်ကား အဘယ့်ကြောင့်ရယ်မသိ တစ်ပြားလျှောက်သွားလေပြီ၊
ဒါယကာတော်သည် ကယ်ပါယူပါ တစာစာ အော်ရင်း ကမ်းခြေ၏အနီးအနားသို့ ရောက်လာလေသည်။ထိုအခါ ဒါယကာတော်အော်လိုက်သည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ ဘုရားတပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားတစ်ပြားလှူပါ မည်ဘုရား၊”ဟု လျှောက်ထားပြန်လေသည်။ ရွှေစည်းခုံဘုရားကြီးကို လှူမည်ဖြစ်သော ရွှေပြားသည်ကားတစ် ပြားသာကျန်တော့လေသည်။
ထိုသို့အော်ဟစ်ရင်း ကူးလာရာ အဆုံးတွင် ကမ်းခြေသို့ ရောက်ရှိသွားလေတော့သည်။ ထိုအခါ ဒါယကာတော် ရွှေစည်းခုံဘုရားကြီးကို လျှောက်ထားလိုက်သည်ကား
“အို ရွှေစည်းခုံဘုရားကြီးဘုရား တပည့်တော်အရှင်ဘုရားကို ရွှေပြားလှူမယ်လို့ လျှောက်ထားမိတာဟာ ယောင်ပြီး လျှောက်ထားမိတာပါဘုရား”ဟူ၍ပင် ဖြစ်သတည်း။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက “ပုထုဇဉ်တို့၏ သဒ္ဓါ တရားသည်ကား မမြဲပေ”ဟု ဟောတော်မူပေ၏။ မြတ်ဗုဒ္ဓ၏ စကားတော်သည်ကား လက်တွေ့ကျလှပါပေ၏။ ယုတ္တိရှိလှပါပေ၏။
သဒ္ဓါတရားမမြဲမှုနှင့်ဆက်စပ်လာသဖြင့် မိမိရွာမှ သဒ္ဓါတရားမမြဲသော ဒါယကာတစ်ဦး၏ အကြောင်းကို တင်ပြ ပေအံ့။
မိမိရွာတွင် ဦးစံညွန့်ဟုအမည်ရှိသော ဒါယကာတစ်ဦးရှိလေသည်။ တစ်နေ့သော ဥပုသ်နေ့တွင် သူသည် ချဲထီ ထိုးလေသည်။ ထို့သို့ချဲထီထိုးစဉ်
“ကျုပ်က ချဲထီပေါက်ရင် ယခုအသစ်ဆောက်နေတဲ့ ရွာဦးကျောင်းကြီးအတွက် အလှူတော်ငွေတော်တော်များ များထည့်မယ်၊ ပြီးတော့ သမီးပေါက်စကို ကျောင်းတက်ဘို့အတွက် စက်ဘီးတစ်စီဝယ်ပေးမယ်၊ ပြီးတော့ နို့စား နွားမတစ်ကောင်ကိုလဲ ၀ယ်ထားမယ်၊”ဟု အခြားသော ဥပုသ်သည်များကို သူ၏ မမြင်ရသေးသော အနာဂတ်အစီအစဉ်များကို ပြောပြနေလေ၏။ ကြားရသည်ကား သာဓုအကြိမ်ကြိမ်ခေါ်ရန်ပင် ကောင်းလှပါပေ ၏။မကြာလိုက်ပါ၊ ချဲထီထွက်ပါလေပြီ၊ ကံအားလျှော်စွာပင် ဒကာဦးစံညွန့်တစ်ယောက်ချဲထီပေါက်ပါလေပြီ။ ချဲထီထွက်သောနေ့သည်ကား ဥပုသ်နေ့ဖြစ်ရာ ဦးစံညွန်တစ်ယောက်အလွန်ပင် ပျော်နေလေသည်။ သူသည် “ခုကျနော် ချဲထီ(၅၀၀)ဘိုးပေါက်တယ်၊ သမီးပေါက်စအတွက် စက်ဘီးဝယ်မယ်၊ ပြီးတော့ နို့စားနွားမတစ် ကောင်ဝယ်မယ်၊ ကျန်တဲ့ငွေကိုတော့ စီးပွားရေးလေး ဘာလေးလုပ်မယ်။” သူ၏ အနာဂတ်အစီအစဉ်များကို ဥပုသ်များသည်ကို ပြောပြန်လေ၏။ ထိုအခါ ဥပုသ်သည်များက
“စံညွန် အစက မင်းပြောတော့ ကျောင်းဆောင်သစ်အတွက် ငွေလှူမယ်ဆို၊ ခုတော့ မပါတော့ပါလား၊ ဘယ်လို ဖြစ်ပြန်တာလဲကွ” ဟု ၀ိုင်းဝန်းအပြစ်တင်ကြလေ၏။ ထိုအခါ စံညွန်က
“ခင်ဗျားတို့ကလဲဗျာ ကျောင်းကြီးဆောက်တာ အနည်းဆုံး နှစ်နှစ်တော့ ကြာအုံးမှာပါ၊ နောက်တစ်ခါပေါက်တော့ လှူတာပေါ့ဗျ”ဟု ပြောကာ ကျောင်းအတွက်အလှူငွေလှူဘို့ရန်ပင် ငြင်းဆန်သွားလေသည်။ စံညွန်တစ်ယောက် ချဲထီပေါက်သဖြင့် ပျော်နေလေသည်။ သို့သော် ချဲဒိုင်းသည်ကား သူ၏ ပေါက်သောငွေကိုကား လာရောက်မပေး သေးချေ၊ မကြာလိုက်ပါ၊ အကြောင်းအကျိုးအစုံကို သိလိုက်ရပါပြီ။ ဦးစံညွန့်ထိုးသော ချဲဒိုင်သည် မလျှော်နိုင် သဖြင့် ထွက်ပြေးပြီဖြစ်ကြောင်း ကြားသိလိုက်ရလေသည်။ ထိုနေ့မှစကာ ဦးစံညွန်တစ်ယောက် ဥပုသ်ကိုပင် မစောင့်နိုင်တော့ပေ။ ဥပုသ်သည်များက ကောက်ချက်ချကြသည်ကား
“ဒီကောင် ချဲထီပေါက်ငွေ မရမှာလဲ မပြောနဲ့၊ သူရဲ့သဒ္ဓါတရားကိုက မမြဲတာ၊ ကျောင်းအတွက် ငွေလှူမယ်ပြော ပြီး လှူမှ မလှူတာ”ဟူ၍ပင်ဖြစ်သတည်း။

Sunday, September 5, 2010

“နှစ်ခါ ကံဆိုးသော ဆရာတော်”

ဒီအဖြစ်အပျက်ကလေးသည်ကား ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းက တကယ်ဖြစ်ရပ်က လေးတစ်ခု ဖြစ်သည်။ လှိုင်သာယာမြို့အတွင်းဝယ် စာသင်တိုက်တစ်တိုက်မှ ဆရာတော်ကြီးတစ်ပါးသည် နံနက်ဆွမ်းဘုဉ်း ပေးရန်အလို့ငှာ ကျောင်းတိုက်အနီးမှ အိမ်တစ်အိမ်သို့ ဆွမ်းစားကြွသွားသည်။ ဆရာတော်ကြွသွားသော အိမ်သည်ကား မပြီးပြတ်သေးသော အကာအရံ မကာရသေးသော နှစ်ထပ်အိမ်ဖြစ်သည်။ ဆရာတော်များကြွလာ မည်ဖြစ်သဖြင့် အိမ်ရှင်များသည် ယာယီအားဖြင့် ကန့်လန့်ကာများဖြင့် အိမ်ကို ကာရံထားသည်။ ဆရာတော်သည် ရောက်လျှင် ရောက်ချင်း
“ဆွမ်းမကပ်မီ ငါ့ကို ရေနွေးကြမ်းကပ်ကွာ”ဟု မိန့်တော်မူကာ ရေနွေးကို ဘုဉ်းပေးပြီးနောက် အိမ်၏ နောက်ကာကို မှီလိုက်လေသည်။ ဆရာတော်မှီလိုက်သော နောက်ကာသည်ကား ကန့်လန့်ကာသာဖြစ်သဖြင့် ဆရာတော်သည် အိမ်ပေါ်မှ အောက်သို့ ၈ျွမ်းထိုးကျသွားလေသည်။ကံဆိုချင်းတော့ ဆရာတော်၏ ဦးခေါင်းသည် ရေအနည်းရှိသော ကန်အတွင်း ရွံ့ညွန်အတွင်းဝယ်စိုက်နေလေတော့သည်။ မြင်ကွင်းကား မကောင်းလှပေ၊ ဆရာတော်၏ မြင်ကွင်းကို မြင်ကြရသော ဆွမ်းအမနှင့် အမျိုးသမီးများပင်သည် ရုတ်တရက် နောက်ဆုတ် လိုက်ကြရသည်။ ၊ သို့ဖြစ်သဖြင့် ဆွမ်းဒကာနှင့် အမျိုးသားများသည်သာဆရာတော်၏ နောက်သို့ လိုက်ကာ ရွံ့ညွှန်အိုင်အတွင်းမှ ဆရာတော်ကို ဆယ်ယူကြရလေသည်။ဦးခေါင်းအနည်းငယ်ကွဲသွားသည်မှ တစ်ပါးအခြား ဒဏ်ရာအကြီးအကျယ်မရလိုက်ပေ။ ထို့နေမှစ၍ ဆရာတော်ကြီးသည် အရှက်ရကာ ဘယ်ဆွမ်းကပ် ဘယ်အလှူ ပွဲမှ မလိုက်တော့ဟူ၍ ဆုံးဖြတ်ချက်ချလိုက်လေသည်။
သို့သော်လည်း မကြာလိုက်ပါ၊ ဆရာတော်၏ ဒဏ်ရာသည်ပင် မပျောက်သေးပေ။ သူ၏ အရင်းနှီးဆုံး ဆွမ်းဒကာ တစ်ယောက်သည် ရုတ်တရက် ကားတိုက်မှုဖြင့် ဆုံးသွားလေသည်။ ကျန်ရစ်သော ဇနီးသည်နှင့် သားသမီးများ သည် ဆရာတော်အား အသုဘရှုရန်လာရောက်ပင့်ဆောင်လေသည်။ ဘယ်ပွဲမှ မလိုက်ဟု ဆုံးဖြတ်ချက်ချ ထားသော ဆရာတော်သည် ရင်းနှီးသော ဒကာ ဒကာမများဖြစ်နေသည်ကတစ်ကြောင်း နာရေးဖြစ်သည် ကတစ်ကြောင်း မကြွလို့တော့မကောင်းဘူးဟု စဉ်းစားကာ ကြွမည်ဟု အာမခံလိုက်လေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ဒကာတော်၏ အသုဘပွဲသို့ ကြွသွားလေသည်။ ဆရာတော်သည် ရောက်လျှင်ရောက်ချင်း သီလစတင်ပေးနေပါပြီ။သီလပေးနေစဉ် ရုတ်တရက် ဘယ်ကလာသည်မသိ ၀ုန်းကနဲဆိုသော အသံကြီး ပေါ်ပေါက်လာလေသည်။ ထိုအသံကြီးနှင့်အတူ အလောင်းကောင်ကြီးသည်လည်း ၀ုန်းကနဲထလာလေသည်။ ရှေ့တည့်တည့်ရှိ အလောင်းကောင်ကြီးထလာသည်ကို မြင်လိုက်ရသော ဆရာတော်သည် “သရဲခြောက် တယ်ဟေ”ဟု ငယ်သံပါအောင် အော်ကာ သီလကိုပင် ဆုံးအောင်မပေးတော့မူ၍ ရုတ်တရက် ထွက်ပြေးသွား လေတော့သည်။ ဆရာတော်ကြီးပြေးတော့ အခြားဒကာ ဒကာမတို့သည်လည်း
“ဆရာတော့ ပြေးပြီ ဒကာလဲပြေးမှ”ဟု ဆိုကာ ထွက်ပြေးသွားကြလေတော့သတည်း။
မှတ်ချက် ==နောက်မှ အလောင်းကောင်ကြီးထလာရခြင်းအကြောင်းကို သိကြရလေသည်။ ကားတစ်စီသည် ထိုအသုဘအိမ်၏ရှေ့တွင်ကြမ်းတုံးခုကာပြင်နေလေသည်။ထိုသို့ပြင်နေစဉ် ကား၏ အောက်၌ ခုထားသော ကြမ်း တုံးသည် ပြုတ်ကျသွားလေသည်။ ကြမ်းတုံးပြုတ်သွားသည်နှင့်တစ်ပြိုင်နက် ထိုကားသည် အရှိန်နှင့်ပြေးသွားကာ အသုဘအိမ်၏အောက်ထပ်ကို ၀င်ရောက်တိုက်မိသွားလေသည်။ ကားတိုက်မိသော နေရာသည်ကား အလောင်း ကောင်၏ အောက်တည့်တည့်ဖြစ်လေရာ အလောင်းကောင်ထောင်သွားခြင်းဖြစ်လေသည်။ အမှန်စင်စစ်သူရဲ ခြောက်ကားမဟုတ်ပေ။ သို့သော် ဆရာတော်ကြီးသည်ကား ကံနှစ်ခါ ဆိုးသဖြင့် ဘယ်တော့မှ အလှူပွဲများကို မလိုက်တော့ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်လေတော့သတည်း။


Thursday, September 2, 2010

“Don't hot”

ယခုဆယ်စုနှစ်အတွင်း သံဃာတော်အရှင်သူမြတ်များသည် နိုင်ငံခြားသို့ ကြွရောက်ကာ ပညာသင်ကြားကြသည်မှာ အတော်ပင်များလာလေပြီ။ ဤသည်မှာ မြတ်ဗုဒ္ဓ၏ သာသနာတော်တိုးတက်လာစေရန်အတွက် အဓိကအကြောင်း တစ်ရပ်ဖြစ်ပေသည်။ အလွန်အင်မတန်မှပင် ၀မ်းမြောက်စရာပင်ဖြစ်ပေသည်။ သို့သော် အချို့သော သံဃာတော် များသည် အင်္ဂလိပ်စာကောင်းကြပြီ အချို့သော သံဃာတော်များသည်ကား အင်္ဂလိပ်စာကို ကြီးမှ သင်ကြရသည့် အတွက် အခက်အခဲတွေ့ကြလေသည်။ သို့ဖြစ်သဖြင့် အင်္ဂလိပ်စကားပြောသောအခါ အတွေ့အကြုံမရှိသေး သည့်အတွက် အဆင်ပြေသလိုပြောကြရသည်။ တစ်နှစ်က ပြည်ပတွင် ပညာသင်နေသော ကိုယ်တော်လေးတစ်ပါး သည် စင်္ကာပူနိုင်ငံသို့ အလည်ကြွရောက်လာသည်။ စင်္ကာပူနိုင်ငံတွင် တစ်လနေပြီးနောက်သူသည် မလေးရှား နိုင်ငံသို့ ဆက်လက်ခရီးကြွချီရမည်ဖြစ်ရာ သူငယ်ချင်းများက
“ကိုယ်တော်မလေးရှားအင်မီဂရေရှင်းဌာနအရာရှိတွေက ဘုန်းကြီးဆိုရင် တော်တော်ရစ်တယ်နော်၊ အဲဒါသတိ ထားပြီး သူတို့မေးတာကို သေချာနားထောင်ပြီးမှ ဖြေပါ၊ ဟိုတလောက ကိုယ်တော်တစ်ပါး သုံးခါမေးတာ နားမလည်မလို့ အရာရှိတစ်ယောက်က ဆဲလွှတ်တယ်၊ ဆဲရုံတင်မကဘူး၊ ဗီဇာတောင်မပေးဘူးကိုယ်တော်ရေ၊ သတိထားပါ”ဟု သတိပေးကြလေသည်။ သို့သော်ကိုယ်တော်လေးက ထိုသို့သတိပေးသည်ကို ဂရုမစိုက်သော လေသံဖြင့်လည်းကောင်း သူမှာနိုင်ငံခြားအတွေ့အကြုံတွေတော်တော်ရှိပြီးသားဟူ၍လည်းကောင်း သိရှိစေရန် အလို့ငှာ လူကြားသူကြားတွင်
“Don't hot, don't h0t”ဟု ကြယ်လောင်စွာ အင်္ဂလိပ်လိုပြောချလိုက်လေတော့သည်။ ကိုယ်တော်လေး ပြောလိုက်သော အသုံးကို အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ပြောတတ်သော နားထောင်သူများ ပင်
“ဒီကိုယ်တော်က Don't hot, Don't hot နဲ့ပြောသွားတယ်၊ ဘာအဓိပ္ပာယ်နဲ့ ပြောသည်မသိ၊”ဟု ဇဝေဇ၀ါများပင်ဖြစ်သွားကြလေသည်။ နောက်ပိုင်းမှ ကြားရသူ ပညာရှင်များက သဘောပေါက်ကြသည်။
သူပြောလိုသည်မှာ
“သူ၏ မလေးရှား ခရီစဉ်အတွက် ဘာမှ စိတ်မပူနဲ့လို့ ပြောလိုသည်ကို D0n't worry , don't worry ဟူ၍ပြောမည့်အစား စိတ်မပူပါနဲ့ကို မြန်မာအတွေးဖြင့် Don't hot, don't hotဟူ၍ ပြောချလိုက်သောအခါ ပညာရှင်များဇဝေဇ၀ါဖြစ်မည်ဆိုလျှင်လည်း ဖြစ်ကောင်းပေရာ၏။အော် မှတ်သားဖွယ်ရာပါပေသည်တကား။
မှတ်ချက် စိတ်မပူပါနဲ့ကို Don't worry.ဟု အများပြောကြပေ၏။ စိတ်မပူပါနဲ့ကို Don't hotဟု ပြောလိုက်ခြင်းသည် ဂရမ္မာလည်းမှား၊ အသုံးလည်းမှာသည်ဟုထင်မြင်မိ၏။ အော် မိမိကပင် ဥာဏ်မမှီရော့လေ သလား၊ သို့မဟုတ် ကိုယ်တော်လေး၏ အသုံးကပင် မြင့်နေရော့သလားတော့မသိ မှန်ကန်သော အသုံးကို ပညာရှင်များကသာ ဆုံးဖြတ်ပေးကြပါတော့ဟူ၍ တိုက်တွန်းလိုက်ရပေသည်။
နော်ဆရာတော်တစ်ပါးရှိသေးပေသည်။ ထိုဆရာတော်သည်ကား နိုင်ငံခြားနေသည်မှာလည်း အတော်ကြာပြီဖြစ် လေသည်။ သူသည် သူ့ကိုယ်သူလည်း အင်္ဂလိပ်စာအတော်ပင်တတ်နေပြီဟူ၍ အထင်တစ်လုံးရှိထားသူ ပင်ဖြစ် သည်။ တစ်နေ့ နိုင်ငံခြားသား တက္ကစီမောင်းသမားနှင့် အလ္လာပသလ္လာပစကားပြောကြရာက ဖုန်းတော့ ပစ်ဆီသည်သို့ ရောက်သွားလေသည်။ ဆရာတော်က သူ၏ ဖုန်းဟာငွေအလွန်စားကြောင်းကို နိုင်ငံခြားသားအား
“My phone eats a lot of money”ဟု ပြောကြားလိုက်လေသည်။ အင်္ဂလိပ်စာတတ် ကားဒရိုင်ဗာသည်ပင် နောက်စီလည်သွားလေ၏(မျက်စိလည်သွားလေ၏)။ မှတ်သားဖွယ်ရာပါပေတည်း။
နောက်အဖြစ်အပျက်တစ်ခုသည်ကား တစ်နေ့ မြန်မာကျောင်းသို့ အင်္ဂလန်နိုင်ငံမှ ပညာရှင်တစ်ယောက်ရောက် ရှိလာသည်။ သူသည် သူနှင့်ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးကို တွေ့ရန်ရောက်ရှိလာသည်။ ကံဆိုးချင်တော့ ထိုဆရာတော်နှင့် ပက်ပင်သွားတိုးသည်။ သူသည် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ် ကြောင်းကို မြန်မာသံဃာတော်များကို သိစေချင်သည်။ သို့ဖြစ်သဖြင့် သူသည် အင်္ဂလန်နိုင်ငံသားကို ဘာကိစ္စနှင့် လာသလဲဆိုသည်ကို သွားရောက်မေးမြန်းလေသည်။ နိုင်ငံခြားသားက သူသည် သူ၏ သူငယ်ချင်းဖြစ်သော မြန်မာရဟန်းတော်ကို တွေ့လိုကြောင်းပြောကြားလေသည်။ ထိုအခါ ဆရာတော်က ခဏနေအုံးကို
“moment, moment, ကို မြန်မာအသံဖြင့်“ မိုးမင်း မိုးမင်း”ထွက်လေတော့ အင်္ဂလိပ်စာဘိုးအေ အင်္ဂလန်နိုင်ငံခြားသားကြီးပင် နောက်စိလည်သွားလေ၏(မျက်စိလည်သွားလေ၏)ထိုသို့ မိုးမင်း မိုးမင်း ပြောသံကို ဘေးမှ သံဃာတော်များက ကြားသောအခါ
“ဆရာတော် မိုးမင်းတင်ပဲလား၊ မိုးဝင်းကော မပါဘူးလား” ဟု စကြသောအခါ ဆရာတော်စိတ်ဆိုးပြီး ဖိနပ်ဖြင့် လိုက်ပေါက်သဖြင့် စကြနောက်ကြသော ကိုယ်တော်လေးများသည်ပင် ထွက်ပြေးကြရလေသည်။ ဆရာတော် သည်ကား သူ၏ အမှားကို ဘယ်တော့မှ မှားသည်ဟု ၀န်ခံလေ့မရှိ။ တစ်နေ့ အင်္ဂလိပ်စာအကြောင်းပြောကြရာ ဆရာတော်က
“အင်္ဂလန်ကကောင်တွေ အင်္ဂလိပ်စာ နားလည်းတယ်၊ ကျွမ်းတယ်နဲ့ပြောကြတယ်၊ ဟိုတစ်နေ့က အင်္ဂလန်က ကောင်တစ်ကောင် ငါမေးတာ ဘာမှနားမလည်ပါဘူးကွာ”ဟု သူ၏ အမှားကို ၀န်မခံမူ၍ တဖက်လူကို ပုတ်ချ ပြောပြန်လေ၏။ ဆရာတော်သည်ကား ဘဲဖင်ကွဲရင် ကွဲပေ့စေ၊ သူ၏ ဘဲဥအကြီးစားကြီးကိုကား လျှော့မည် မဟုတ်တော့ချေ။


“ကံလေးမျိုး လေးစားအပိုင်း(၂)

Second one is bright action with bright result. ဒုတိယမြောက်ကံသည်ကား အဖြူအကျိုးကို ပေးသော အဖြူကံဖြစ်သည်။ What is bright action with bright result? အဖြူအကျိုးကို ပေးသော အဖြူကံဟူသည် အဘယ်နည်း၊Here someone performs ten kinds of good deed. ဤနေရာတွင် တစ်စုံတစ်ယောက်သည် ကောင်းသောကံဆယ်မျိုးကိုပြုသည်။ Having performed ten kinds of good deed, he reappears in happy worlds such as human, god, and brahma. ကောင်းသော ကံဆယ်မျိုးကို ပြုပြီးဖြစ်တဲ့ အတွက်ကြောင့် သူသည် လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံဟုဆိုအပ်သောသုဂတိဘုံများမှာ ပြန်လည်ဖြစ်ကြရသည်။ Here I would like to explain the ten kinds of bright deed. ဤနေရာတွင်အဖြူကံဆယ် မျိုးအကြောင်းတို့ကို ရှင်းပြပေအံ့။They are as follows:အဖြူကံဆယ်မျိုးဟူသည် အောက်ပါအတိုင်းဖြစ်သည်။
(1) Abstaining from killing any living beings;သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(2) Abstaining from stealing other persons’ belongings; and သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း
(3) Abstaining from making sexual misconduct. ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုခြင်းမှ ရှောင်ကြဉ်ခြင်း
These three are called Kayakamma (bodily action).ဤကံသုံးမျိုးတို့ကို ကာယကံသုံးပါးဟူ၍ ခေါ်သည်။

(4) Abstaining from telling lie;မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
(5) Abstaining from slandering;ဂုံးတိုက်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
(6) Abstaining from telling harsh works; and ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
(7) Abstaining from telling frivolous talk. အကျိုးမဲ့သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
These four are called Vacikamma (verbal action).ဤကံလေးမျိုးတို့ကို ၀စီကံလေးမျိုးဟု ခေါ်ဆိုပါသည်။
(8)Non-greed;မတပ်မက်ခြင်း
(9)Non-hatred; and ဒေါသမဖြစ်ခြင်း
(10) Right view.မှန်ကန်သော အယူ
These three are called Manokamma (mental action). ထိုကံသုံးမျိုးတို့ကို မနောကံဟု ခေါ်ဆိုပါသည်။
These ten kinds of good action are called Dasakusalakamma. ထိုကောင်းသော ကံဆယ်ပါးကို ဒသကုသလကမ္မပထဆယ်ပါးဟုခေါ်ဆိုပါသည်။If someone performs these ten kinds of gooddeed (bright action), he or she will reap bright result. အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကံဆယ်မျိုးကို ပြုလျှင် ကောင်းသောကံ သို့မဟုတ် အဖြူကံဆယ်မျိုးကို ပြုလျှင် သူ သို့မဟုတ် သူမသည် အဖြူအကျိုးကို သို့မဟုတ် ကောင်းသော အကျိုးကို ခံစားရမည်ဖြစ်သည်။It is called bright action with bright result (Sukkakammasukkavipaka). ထိုကံကို အဖြူအကျိုးကိုပေးသော သို့မဟုတ် ကောင်းသော အကျိုးကို ပေးသော (သုက္ကကမ္မသုက္က၀ိပါက)ကံဟူ၍ ခေါ်ဆိုပါသည်။

Tuesday, August 31, 2010

“မိန်းမကြောက်သူ မ၀င်ရ”

တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိလေသည်။ ဘုရင်ကြီးသည် သူ၏ မိဖုရားခေါင်ကြီးကို အလွန်အင်မတန်မှကြောက်ရလေသည်။ထိုဘုရင်ကြီးသည် တိုင်းပြည်ရေးရားကိစ္စနှင့် နန်းရေးနန်းရာကိစ္စများကို စီမံရာတွင် သူ၏ မိဖုရားခေါင်းကြီး၏ စကားကို လိုက်နာကာ စီမံနေရသည်။ တစ်နေ့ ဘုရင်ကြီးအကြံဖြစ် သည်ကား
“ငါရဲ့တိုင်းပြည်အတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသားမှန်သမျှလဲ သူတို့၏ အမျိုးသမီးတွေကို ငါလိုပဲကြောက် ကြသလား သို့တည်းမဟုတ် မကြောက်ကြဘူးလားဆိုတာကို စုံစမ်းကြည့်အုံးမှပဲ”ဟု အကြံဖြစ်တော်မူလေသည်။ သို့ဖြစ်သဖြင့် မှူးကြီးမတ်ရာများနှင့်တိုင်ပင်ကာ မဏ္ဍပ်ကြီးနှစ်ခုကို ဆောက်လုပ်လိုက်လေသည်။ ထိုမဏ္ဍပ်နှစ်ခု တွင် တစ်ခုသည်ကား
“မိန်းမကို ကြောက်သော ယောက်ျားများဝင်ရန်ဖြစ်သည်။ နောက်မဏ္ဍပ်တစ်လုံးသည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်ဖြစ်သည်” ပြိုင်ပွဲနေ့ရောက်လာပါပြီ။ ဘုရင်ကြီးသည် သူ၏ နန်းတော် လေသာပြုတင်းပေါက်မှ ထိုင်တော်မူကာ အမျိုးသမီးကို ကြောက်သော အမျိုးသာကများသလား သို့တည်းမဟုတ် အမျိုးသမီးကို မကြောက်သော အမျိုးသားကများသလားဆိုသည်ကို ကြည့်ရှုတော်မူနေလေသည်။ အမျိုးသား များသည်ကား
“အမျိုးသမီးကို ကြောက်သော အမျိုးသားများဝင်ရန်”ဟူသော မဏ္ဍပ်သို့သာ စုပြုံတိုးဝင်နေကြသည်ကို တွေ့နေရ သဖြင့် ဘုရင်ကြီးသည်
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားတွေလဲ ငါလိုပဲ သူတို့ရဲ့ အမျိုးသမီးတွေ(မိန်းမတွေ)ကို ကြောက်နေရတဲ့ သူတွေချည့်ပါလား”ဟု စိတ်ပျက်အားငယ်တော်မူနေလေသည်။ ထိုအချိန်တွင် ထူးထူးခြားခြား အမျိုးသား တစ်ယောက်သည် မိန်းမကို မကြောက်သော မဏ္ဍပ်ဆီသို့ တမ်းတမ်းမတ်မတ်ဝင်လာလေသည်။ ထိုအခါ ပရိသတ်ကြီးသည် သြဘာလက်ခုပ်တစ်ဖျောင်းဖျောင်းဖြင့် ကောင်းချီးပေကြလေသည်။ ဘုရင်ကြီးသည်ပင် အားရကျေနပ်နှစ်သက်တော်မူခဲ့လေသည်။ သို့ဖြစ်သဖြင့် ထိုအမျိုးသားအား ဆုပေးရန် နန်းတော်သို့ ဖိတ်မန်ကာ
“အမောင်ယောက်ျား သင်သည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ မဏ္ဍပ်ကို ၀င်တယ်ဆိုတော့ သင်သည်ကား သင်ရဲ့ မိန်းမကို မကြောက်ဘူးဆိုတဲ့သဘောလားကွယ့်”ဟု မေးတော်မူသောအခါ အမျိုးသားက
“ဘုရင်ကြီးရယ် ကျွန်တော်က မိန်းမကို မကြောက်လို့မဟုတ်ပါဘူး၊ ကျွန်တော်မိန်းမက မှားလိုက်တယ်ပါတယ်၊ မိန်းမကြောက်သူများ ၀င်ရန်လို့ ရေးထားတဲ့ မဏ္ဍပ်ထဲကို တော်သွားမ၀င်နဲ့နော်လို့မှာလိုက်လို့ ကျွန်တော်မျိုးက မ၀င်တာပါအရှင်မင်းကြီး”ဟု လျှောက်ထားလိုက်လေသည်။ ထိုအခါ ဘုရင်ကြီးညည်းချင်းထုတ်လိုက်သည်ကား
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားမှန်သမျှလဲ သူတို့ရဲ့ အမျိုးသမီးတွေကို ငါကိုယ်တော်မြတ်ကဲ့သို့ ကြောက်နေကြရပါလားနော်”ဟူ၍ပင်ဖြစ်သတည်း။

Tuesday, August 24, 2010

ွှ“The Full Moon Day of War Khaung”

This day(25. 8. 2010) is the full moon day of Wa Khaung. We Buddhists regard the full moon day of Wa Khaung as an auspicious day of Metta (loving-kindness) (Metta A Khar Taw Nayt). Why do we Buddhists regard this day as the Metta (loving-kindness) Auspicious day? I am going to explain to my Dhamma fellows the reason why we Buddhists regard this day as an auspicious day of Metta (loving-kindness).

According to Suttanipata commentary of Kuddaka Nikaya, while residing at Jatavana monastary in Savatthi, the Buddha spoke Metta Sutta, with reference to the five hundred monks.On one occasion, the five hundred monks learnt meditation method under the Buddha. The Buddha taught the objects of meditation them according to their temperaments. As soon as they got the objects of meditation from the Buddha, they went to Himavanta Mountain to practise meditation and they went into monsoon retreat there. After that, some monks practised meditation under the trees and some monks engaged in the course of meditation inside the caves. When Vipassana meditation was practised by the monks, the spirits who had been living in the caves got out of caves and the spirits who were in the trees got down from the trees. They have done so for a long time. As a result of it, they got angry with them and made them frighten with the dreadful visible form, sound and foul odour. The monks who were being harassed by the ghosts could not continue to stay there. Thus, they went back to Jatavana monastery in Savatthi even a period of Vassa(War Twin Kar La). When the Buddha asked them “Why do you come back here during rainy season?” they explained to the Buddha their experiences. When the Buddha knew of it very well, He expounded them the Metta Sutta (Loving-kindness meditation)
which can be loved and looked after by the spirits and gave them the object of Metta.

Having got it, they went back to Himalaya Mountain and went into the second monsoon retreat (Du Ti Ya War) there. And then, they cultivated the Metta meditation to all beings including the spirits who are living in the trees and caves. When the spirits knew that the five hundred monks were cultivating Metta meditation to all of them, they helped the five hundred monks to meditate easily. So the five hundred monks could practiced Metta meditation happily and easily. Through it (Metta meditation), they noticed the arising and disappearing of the five aggregates (Khan Dar Ngar Par ). As they kept meditating on the arising and disappearing of the five aggregates (Khan Dar Ngar Par ), they gradually attained the two high developedstages of Vipassana knowledge, namely Yathabhutanana (knowledge according to reality) and Nibbindanana(the knowledge of disgust); and eventually they gained the Arahattamagganana
(Path knowledge) during rainy retreat. When we search for the reason why the five hundred monks attained to Arahants, it was because of the basic Metta meditation.That day which the Buddha taught the Metta Sutta the five hundred monks was the full moon day of Wa Khaung. That is why we Buddhists regard the full moon day of Wa Khaung as an auspicious day of Metta (loving-kindness) (Metta A Khar Taw Day). At an auspicious day of Metta, loving-kindness (the full moon day of War Khaung), we should practised Metta meditation.

The Meaning of Metta
In this case, I am going to explain to you about Metta(loving-kindness) The term of Mettā has been translated as "loving-kindness," "friendliness," "benevolence," "amity," "friendship," "good will," "kindness," "love," "sympathy," and "active interest in others." It is one of the ten pāramitās of the Theravāda school of Buddhism, and the first of the four Brahmavihāras. The mettā bhāvanā ("cultivation of mettā") is a popular form of meditation in Buddhism. The object of mettā meditation is loving kindness (love without attachment). Traditionally, the practice begins with the meditator cultivating loving kindness towards themselves, then their loved ones, friends, teachers, strangers, enemies, and finally towards all sentient beings. Commonly, it can be used as a greeting or closing to a letter or note. Buddhists believe that those who cultivate mettā will be at ease because they see no need to harbour ill will or hostility. Buddhist teachers may even recommend meditation on mettā as an antidote to insomnia and nightmares. It is generally felt that those around a mettā-full person will feel more comfortable and happy too. Radiating mettā is thought to contribute to a world of love, peace and happiness. Mettā meditation is considered a good way to calm down a distraught mind by people who consider it to
be an antidote to anger. According to them, someone who has cultivated mettā will not be easily angered and can quickly subdue anger that arises, being more caring, more loving, and more likely to love unconditionally. Recent neurological studies have shown that compassion meditation can increase one's capabilities for empathy by changing activity in brain areas and increase the subject's ability to understand the mental and emotional states of othersas well as deal more effectively with external stressors.

The Various kinds of way for Radiating Metta
In the Khuddaka Nikaya's Paṭisambhidāmagga, traditionally ascribed to Ven. Sariputta, is a section entitled Mettākathā (Ps. 2.4, "Metta Instruction").In this instruction, a general formula (below, in English and Pali), essentially identical to the aforementioned Cunda Kammaraputta Sutta verse (especially evident in the Pali), is provided for radiating metta:
"May all beings be
free from enmity, affliction and anxiety,
and live happily." Sabbe sattā
averā abyāpajjā anīghā
sukhī attānaṃ pariharantu.
In addition, this instruction categorizes twenty-two ways in which "the mind-deliverance of lovingkindness" (mettācetovimutti) can be radiated as follows:
• five ways of "unspecified pervasion" (anodhiso pharaṇā):
6. all beings (sabbe sattā )
7. all breathing things (sabbe pāṇā bhāvapariyāpannā)
8. all creatures (sabbe bhūtā bhāvapariyāpannā)
9. all persons (sabbe puggalā bhāvapariyāpannā)
10. all with a personality (sabbe attabhāvapariyāpannā)
• seven ways of "specified pervasion" (anodhiso pharaṇā):
8. all women (sabbā itthiyo)
9. all men (sabbe purisā)
10. all Noble Ones (sabbe ariyā)
11. all non-Noble Ones (sabbe anariyā)
12. all deities (sabbe devā)
13. all humans (sabbe manussā)
14. all born in lower realms (sabbe vinipātikā)
• ten ways of "directional pervasion" (disā-pharaṇā):
11. of the eastern direction (puratthimāya disāya)
12. of the western direction (pacchimāya disāya)
13. of the northern direction (uttarā disāya)
14. of the southern direction (dakkhīṇāya disāya)
15. of the eastern intermediate direction (puratthimāya anudisāya)
16. of the western intermediate direction (pacchimāya anudisāya)
17. of the northern intermediate direction (uttarā anudisāya)
18. of the southern intermediate direction (dakkhīṇāya anudisāya)
19. of the downward direction (heṭṭhimāya disāya)
20. of the upward direction (uparimāya disāya).
Moreover, the directional pervasions can then be applied to each of the unspecific and specific pervasions. For instance, after radiating metta to all beings in the east (Sabbe puratthimāya disāya sattā ...), one radiates metta to all beings in the west and then north and then south, etc.; then, one radiates metta to all breathing things in this fashion (Sabbe puratthimāya disāya pāṇā ...), then all creatures, persons,and so forth until such is extended for all those born in the lower realms.In the Metta Sutra, the Buddha has expounded the nature of love in Buddhism. ‘Just as a mother would protect her only child even at the risk of her own life, even so, let one cultivate a boundless heart towards all beings. Let his thoughts of boundless love pervade the whole world, above, below and across without any obstruction, without any hatred, without any enmity.’ If we can radiate Metta to all beings so, we are sure to get the benefits of radiation of Metta.
The Benefits of Radiation of Metta
He who practices ‘METTA’ sleeps happily & sleeps immediately on closing his eyes.
As he goes to sleep with a loving heart, he awakes with an equally loving heart.
He will not have bad dreams, either he falls into ‘ deep sleep’ or have pleasant dreams.
He becomes dear to all human beings. As he loves other, so do others love him.
He becomes dear to non-human beings as well. Animals are also attracted to him.
He becomes immune from poison fire & weapons. These do not affect him.
'METTA’ leads to quick mental concentration.
Invisible deities protect him because of the power of his ‘METTA’.
‘METTA’ tends to beautify his facial expressions. His face becomes serene.
He dies peacefully. Even after death, his serene face reflects his peaceful death. Since a person
with ‘METTA’ dies happily, he will be born in a blissful state. He will be born is a ‘Brahmin realm.’
I conclude my Dhamma message here while I admonish all of my Dhamma fellows “Please radiate your Metta to all beings from the full moon day of Wa Khaung(Metta A Khar Taw Nayt) onward if you want to get the benefits of radiation of Metta”. May all of my Dhamma fellows and all livingbeings be free from enmity, affliction and anxiety, and live happily!

Sunday, August 22, 2010

“မိမိတို့၏ ရွာမှ ဦးဆာမိ”

ယခုတလောဦးဆာမိတစ်ယောက်သည် ထူးထူးခြားခြား ဥပုသ်နေ့တိုင်း ကျောင်းကို အစောကြီးရောက်လာလေ့ ရှိသည်။ မိမိသည်ကား
“ ဦးဆာမိကြီးတော့ ဇရာ(အိုခြင်း) ဗျာဓိ(နာခြင်း)တို့ကြောင့်လည်းကောင်း၊ လက်ရှိမျက်မှောက်ဘ၀တွင် တွေ့ကြုံ ရင်ဆိုင်နေရသော အခက်အခဲအကြတ်အတည်းစသည်တို့ကြောင့်လည်းကောင်း ၊ သံဝေဂတရားတွေရလာသည့် အတွက်ကြောင့် တရားကို တကယ်ရှာတော့မည်ဟူသော ရည်ရွယ်ချက်နဲ့ ဥပုသ်လာ စောင့်တာဖြစ် မယ်”ဟုထင်မြင်နေမိသည်။ ဥပုသ်သည် ဒါယကာ ဒါယိကာမကြီး များပြောမှ မိမိအမှန်အတိုင်းသိရှိခဲ့ရလေသည်။
“ဦးဇင်းက ဆာမိများ သံဝေဂရလို့ ဥပုသ်လာစောင့်တယ်လို့ထင်တာ အံ့လဲ အံ့ပါရဲ့ ဦးဇင်းရယ်၊ ဒီကောင်ကခွေး မြည်းကောက်ခြေတောက်စွပ်၊ ခုဥပုသ်ယူတယ်၊ ပြီးရင် မကောင်းတာလုပ်တာ၊ ပြီးခဲ့တဲ့အပတ်ဥပုသ်က ဒီ ကောင်ဥပုသ်ကျိုးတယ်လေ၊ အပြင်ဘက်ရေအိုင်မှ သူများတွေငါးဖမ်းတာမြင်တော့ မနေနိုင်လို့ ဥပုသ်နေ့ တောင်မရှောင်ဘူး ရေအိုင်ထဲငါးဆင်းဖမ်းတယ်လေ”ဟု ဆိုသဖြင့် မိမိသည်ပင် သံသယ၀င်လာလေသည်။ သို့သော် လက်တွေ့မမြင်သေးသည့်အတွက် အယုံအကြည်မရှိသေးပါ။
တစ်ခုသော ဥပုသ်နေ့တွင် မိမိသည် ဥပုသ်သည်များအား တစ်ယောက်လျှင် ငါးလုံးနှုန်းဖြင့် ထန်းလျှက်ခဲများကို ဒါနပြုနေသည်။ ဦးဆာမိအလှည့်ရောက်သောအခါ ထန်းလျှက်ခဲငါးလုံးကို သူ၏ လက်အတွင်းသို့ထည့်ကာ စွန့်ကြဲလိုက်သည်။ ဤတွင် ဦးဆာမိ အတွန့်တက်လာသည်ကား
“ဦးဇင်းကလဲ ငါးလုံးထည်း ဘယ်လိုလုပ်ဝမှာလဲ”ဟူ၍ပင်ဖြစ်သည်။ သို့ဖြစ်သဖြင့် မိမိက
“ဦးဆာမိ ခင်ဗျားက တကယ်ကော ဥပုသ်ရအောင် နေကုန်စောင့်မှာလား”ဟု မေးလိုက်သောအခါ
“ဦးဇင်းက ထန်းလျှက်ခဲပိုလှူရင် တပည့်တော်ဥပုသ်ရအောင်စောင့်မယ်ဘုရား”ဟု ကတိများပင်ပေးလာသဖြင့် မိမိသည် ဦးဆာမိအား ထန်းလျှက်ခဲအလုံးနှစ်ဆယ်ကို အခြားဥပုသ်များရှေ့တွင်ပင် ရက်ရက်ရောရော လှူဒါန်းစွန့်ကြဲလိုက်လေသည်။ အခြားဥပုသ်များက
“ဦးဇင်း ဒီကောင်များသွားယုံတယ်၊ ကြည့်နေ၊ ဦးဇင်းလှူလိုက်တဲ့ ထန်းလျှက်ခဲတွေ သူလဲစားမှာလဲ မဟုတ်ဘူး သူ့တူမ “တစ်တောင်”လက်ထဲရောက်မှာ”ဟု ၀ိုင်းဝန်းတားကြပါသေးသည်။ သို့သော် မိမိသည် သဒ္ဓါတရားထက် ထက်သန်သန်နှင့်ပင်လှူဒါန်းစွန့်ကြဲလိုက်လေသည်။
ညနေအချိန်တွင်ကား ဥပုသ်သည်များလည်းပြန်သွားကြလေပြီ၊ မိမိသည် ပျင်ပျင်းရှိသည်နှင့် အပြင်ဘက်လမ်း ထွက်လျှောက်ထွက်မိသည်။ ကျောင်းအပြင်ဘက် ထမင်းဆိုင်နားရောက်သွားသောအခါတွင်ကား ဦးဆာမိ တစ်ယောက် ကို တွေ့လိုက်ရပါပြီး။ သူသည်မိမိကို မမြင်ပေ၊
“ ဥပုသ်ရအောင်စောင့်ပါမယ်၊ တပည့်တော်ကို ထန်းလျှက်ခဲကို ပိုစွန့်ပါဘုရား”ဟုဆိုသော ဦးဆာမိတစ်ယောက် ထမင်းကို အ၀အပြဲကြိတ်နေလေသည်။ မိမိသည်
“ဦးဆာမိကိုတော့ လူကြားသူကြား အရှက်ရအောင် သွားစလို့အုံးမယ်”ဟု အကြံဖြစ်ကာ ဦးဆာမိနားကို ကပ်သွား ကာ
“ဦးဆာမိ ခင်ဗျားပြောတော့ ဥပုသ်မကျိုးအောင် စောင့်မယ်ဆို၊ ခုတော့ ထမင်းတွေဘာတွေခိုးစားလို့ပါလား”ဟု နောက်လိုက်သည်။ ခိုးထုတ်ခိုးထယ်နှင့်တကွမိသော ကိုဆာမိတစ်ယောက်ဘာမျှမပြောရှာပေ။ ခေါင်းငိုက်စိုက်ချ လျှက်ပင်။ ဤတွင်ဘေးမှာ ထိုင်နေသော ရွာသားများက
“ဦးဇင်းက ကိုဆာမိများယုံတာ အံ့လဲ အံ့ပါရဲ့”ဟု မိမိကိုပင် အပြစ်ဝိုင်းတင်ကြလေသည်။ ဤတွင် ဦးဆာမိက အလျှော့မပေးပါ။
“မင်းတို့ကောင်တွေ ဦးဇင်းကို မဟုတ်တာတွေလျှောက်မပြောနဲ့နော်၊ မင်းတို့ကို ဘယ်သူကမှ အကယ်ဒမီလာပေးမှာမဟုတ်ဘူး၊ ငါက ဒီတစ်ခါပဲစားသေးတာ၊ ရွာတောင်ပိုင်းက ပြုံးကြည်ဆို ဥပုတ်တိုင်း ဥပုသ် ကျိုးတယ်၊ ထမင်းအမြဲတမ်းစားတာကွ၊ ငါက ဒီနေ့ဗိုက် အလွန်ဆာလို့ပါကွ”ဟုဆိုသောအခါ ရွာသားများက ထမင်းဆိုင်ရှင်ကိုသိန်းဆောင်ဘက်လှည့်ကာ
“ဟေ့ သိန်းဆောင် ကိုဆာမိ ဒီတစ်ခါဘဲ ဥပုသ်နေ့မှာ ညစာခိုးစားတယ်ဆိုတာဟုတ်လားကွ”ဟုမေးသောအခါ မလိမ်တတ် မညာတတ်သော ကိုသိန်းဆောင်က
“အွန်းတစ်ခါလား နှစ်ခါလားတော့ ကျုပ်လဲအတိအကျမသိဘူး၊ ဦးဆာမိ ကျုပ်ဆိုင်ကို ထမင်းလာစားနေတာတော့ နေ့စဉ်ပဲဗျ”ဟု ဆိုလိုက်သဖြင့် ဦးဆာမိတစ်ယောက် မည်သည့်စကားမျှပင် ဆက်မပြောနိုင်တော့ပေ၊ လစ်ထွက် သွားလေတော့သတည်း။
မှတ်ချက်=တစ်တောင်ဟူသည်ကား ဦးဆာမိ၏ တူတော်မောင်၏ ဇနီးပင်ဖြစ်သည်။ ဦးဆာမိအား ပိုက်ဆံများ များရမလာလျှင် ဒဏ်ခတ်လေ့ရှိသော အမျိုးသမီးပါပေတည်း။ အော် ရက်စက်မှုအပေါင်းသရဖူ ဆောင်းနိုင် ခဲ့ပါပေ၏။

Saturday, August 21, 2010

“အလွဲလွဲအမှားမှား မောင်ဆာမိ”

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းဝယ် ဂွေးဟုအမည်ရသော ရွာတစ်ရွာရှိလေသည်။ ထိုရွာသည်ကား မိမိ၏ ခမည်းတော်နှင့် မယ်တော်တို့၏ ဇာတိရွာလည်းဖြစ်ပေသည်။ ထိုဂွေးရွာတွင်(ယခုအခါ ရွှေ မင်းဝံဟုပြောင်းလဲထားသည်။)အလွန်အင်မတန်မှ ဥာဏ်ထိုင်းသော မောင်ဆာမိဟု အမည်ရသော လူငယ် တစ်ယောက်ရှိလေသည်။ သူသည် မိဘများက ခိုင်းလိုက်သော အရာအားလုံးကို အမြဲတမ်းလွဲအောင်လုပ် တတ်လေ့ရှိသည်။ တစ်နေ့ ဖခင်ဖြစ်သူက
“ငါ့သား ဆာမိ အဖေတို့ အိမ်မှာရှိတဲ့ ဂေါ်က မြေကော်ရတာ ကော်လို့ မကောင်းတော့ဘူး၊ ဒါကြောင့် မယ်ညို တောင်ရွာက ပန်ပဲဆရာဦးကျောက်လုံးထံမှ ဂေါ်သွားဝယ်စမ်း”ဟု ခိုင်းလေသည်။ တစ်ဆက်တည်းမှာပင် ဖခင်ဖြစ်သူက
“ငါ့သား ဆာမိ မင်းကို အဖေစိတ်မချဘူး၊ မင်းကခိုင်းလိုက်တိုင်းအလွဲချည့်လုပ်လာတာ၊ ဒါကြောင့် မယ်ညို တောင်ရွာကို မရောက်မချင်း ဂေါ်လို့ နှုတ်ကရွတ်သွားကွာ”သေချာမှာလိုက်လေသည်။ သို့ဖြစ်သဖြင့် မောင် ဆာမိတစ်ယောက်သည် ဖခင်က ခိုင်းသည့်အတိုင်း တစ်လမ်းလုံး “ဂေါ် ဂေါ် ဂေါ်”ဟု ပါးစပ်က တစ်တွတ်တွတ် ရွတ်ဆိုသွားလေသည်။ အနီးအနားမှ ဖြတ်သွားသူများက
“ဆာမိတစ်ယောက်တော့ ပါးစပ်ကလဲ ဂေါ် ဂေါ် ဂေါ်တစ်တွတ်တွတ်ဆိုသွားတယ်၊ ရူးများသွားပြီး လားမသိ၊”ဟု ကောက်ချက်များပင်ချနေကြသည်။ သို့ဖြစ်သဖြင့် မပြတ်ရွတ်သွားရာ ရွှေမင်းဝံတောင်နှင့် မယ်ညိုတောင်ကြား ရောက်သောအခါတွင်ကား မောင်ဆာမိသည် ကျောက်ခဲတစ်လုံးကို ခလုတ်တိုက်မိလိုက်ရာ ဂေါ်အဖြစ်မှ ဂေါ့ဖြစ် သွားလေတော့သည်။ ထို့နောက်တွင်ကား သူသည် “ဂေါ့ ဂေါ့ ဂေါ့”ဟု မှားယွင်းစွာ ရွတ်ဆိုသွားလေသည်။ မယ်ညိုတောင်ရွာ ပန်ပဲဆရာကြီး၏ အိမ်ရောက်သော အခါတွင်ကား
“ဦးလေးဦးကျောက်လုံး ကျနော်က မင်းဝံရွာ(ဂွေးရွာ)ကပါ၊ အဖေက ဂေါ့ဝယ်ခိုင်းလို့ လာဝယ်တာပါခင်ဗျ၊”ဟု ဆိုလေသောအခါ ဦးကျောက်လုံးက
“ဟ ငါ့တူရ ငါ့တစ်သက် ဂေါ့လို့တော့ မကြားဖူးပါဘူးကွာ၊ ဂေါ်ပြောတာမဟုတ်ဘူးလားကွ”ဟု မေးလေသည်။ ထိုအခါမှ
“ဟုတ်တယ်ဦးလေးရေ ဂေါ်ပြောတာ၊ မင်းဝန်တောင်နဲ့မယ်ညိုတောင်ကြားမှာခလုတ်တိုက်ပြီး ဂေါ့ဖြစ်သွားတာ ဗျ”ဟုဆိုလေတော့သည်။ ထိုအခါ ဦးကျောက်လုံးက
“အွန်း မင်းပဲတတ်လဲတတ်နိုင်ပါပေ့၊”ဆိုကာ ဂေါ်ပြားကို ထုတ်ပေးလေသည်။ ထိုအခါ မောင်ဆာမိက
“ဦးလေးဘယ်လောက်လဲဗျ”မေးလေသည်။ ထိုအခါ ဦးကျောက်လုံးက
“အေး နှစ်ထောင်ကျတယ်ကွာ”ဆိုလေသောအခါ မောင်ဆာမိအကြံဖြစ်သည်ကား
“အဖေပေးလိုက်တာ နှစ်ထောင်ပဲ၊ သို့သော် လမ်းမှာ ထန်းရည်ဖိုးလေးရအောင် ထောင့်ငါးရာလောက်နဲ့ ဆစ် လိုက်အုံးမှ”ဟုအကြံဖြစ်လေသည်။ သူ၏ အကြံအတိုင်း
“ဦးလေးဦးကျောက်လုံး ကျနော်တို့ မိသားစုက ခုတလော့ စီးပွားရေကြပ်နေလို့ပါဗျာ၊ ငါးရာလောက်တော့လျော့ပါ အုံးဗျ၊”ဟု ဆစ်လေသည်။ စကားကို ကတ်ပြီးဒဲ့တိုးပြောတတ်သော ဦးကျောက်လုံးက
“မင်းက ကြပ်ရုံရှိသေးတာ၊ ငါ့က နှုတ်တောင်မရဘူး”ဟု သူ၏ စီးပွားရေးအဆင်မပြေပုံကို ညည်းပြလိုက်သော အခါ မောင်ဆာမိက
“ဦးလေးကလဲ ညည်းလိုက်တာ၊ ခိုညည်းဘို့လဲချန်ပါအုံးဗျ”ဟု ဆက်ပြောလိုက်လေသည်။
(မှတ်ချက်=ခိုငှက်များသည်ကား တစ်နေ့ကုန် ညည်းကြလေသည်။) ထိုအပြောကို သဘောကျသွားသော ဦး ကျောက်လုံးသည်။ ငါးရာမလျော့နိုင်သော်လည်း မောင်ဆာမိအား “ဂေါ်”ကို တစ်ထောင့်ခုနှစ်၇ာဖြင့် ရောင်း လိုက်လေတော့သည်။ အဆုံးတွင် ဥာဏ်ထိုင်းသော်လည်း အပြောကောင်းသော မောင်ဆာမိတစ်ယောက် ထန်းရည်ဘိုးသုံးရာကိုတော့ ပန်ပဲဆရာကြီး ဦးကပ်စီး ဦးကျောက်လုံးထံမှ ရအောင်စွမ်းဆောင်နိုင်ခဲ့ပါပေ၏။
မှတ်ချက်=ဂေါ်ဟူသည် မြေကော်သော ဂေါ်ပြားကို ဆိုလိုသည်။ မိမိတို့၏ အရပ်တွင် ဂေါ်ပြားကို အတိုကောက် အားဖြင့် ဂေါ်ဟုခေါ်ဝေါ်သုံးစွဲလေ့ရှိကြသည်။
နေရာတကာတွင် အမှားလုပ်တတ်လေ့ရှိသော မောင်ဆာမိတစ်ယောက်သည် ကံအားလျှော်စွာ ကားစပယ်ယာ တစ်ယောက်ဖြစ်သွားလေသည်။တစ်နေ့ ကျောက်ဆည်မှ မင်းဝံရွာသို့ ထွက်သောကားပေါ်တွင်ဖြစ်လေသည်။ သူ သည် ခရီးသည်များကို
“ခရီးသည်များခင်ဗျာ့ စပယ်ယာခလေးရှင်းလိုက်ကြရအောင်ခင်ဗျာ့”ဟု မှားယွင်းစွာတောင်းလေသည်။ ဤတွင် ကားပေါ်တွင် ပါလာသော သူနှင့်ရင်းနှီးသော ဆပ်စလူးစိန်အဖွဲ့ အမျိုးသမီးများက
“သေနာဆာမိ အ,စရာမရှိ ကြံဖန်အတယ်၊ စပယ်ယာခဆိုရင်တော့ နင့်ဘာသာနင့်ရှင်းရမှာပေါ့ဟ၊ ခရီးသည် များခဗျာ့၊ ကားခလေးရှင်းကြရအောင်ခင်ဗျာ့၊ဟုပြောရတယ်ဟဲ့ သေနာရဲ့”ဟု ဆဲဆိုကာ ဥာဏ်ထိုင်းသော မောင်ဆာမိကို ၀ိုင်းဝန်းနှိပ်ကွပ်ကာ သင်ပြပေးလေတော့သည်။“အော်ခံပေအုံးတော့ မောင်ဆာမိရေ မင်းကလဲ တယ်လဲဥာဏ်ထိုင်းတာကိုး”
မောင်ဆာမိတစ်ယောက်ကံဆိုးချင်တော့ အသက်ကလေးရလာသည်ကတစ်ကြောင်း၊ အသိဥာဏ်ဗဟုသုတ ကမရှိသည်ကတစ်ကြောင်း၊ အိုခြင်း နာခြင်းတို့၏ အနှိပ်စက်ခံရသည်က တစ်ကြောင်းစသော အကြောင်းတို့ ကြောင့် နောင်အခါတွင် မျက်စိမွဲသွားလေသည်။ ထို့နောက်သူသည် မင်းဝန်ရွာ(ဂွေးရွာ)မှ မိမိတို့၏ ရွာသို့ ပြောင်းလာခဲ့လေသည်။ သူသည် တူတော်မောင်များနှင့်အတူနေကာ ကူမဲကားဂိတ်တွင် ပိုက်ဆံတောင်း ရလေသည်။ တူတော်မောင်က သဘောကောင်းသော်လည်း သူ၏ဇနီးဖြစ်သူက သဘောမကောင်းပေ။ တောင်း၍ ရလာသော ပိုက်ဆံကို အကုန်သိမ်းယူသည်။ တစ်ပြားတစ်ချပ် မျှဦးဆာမိ တစ်ယောက် မသုံးရပေ။ ထိုအဖြစ်ကို ရွာအတွင်းမှ ကိုခင်မောင်က ကောင်းကောင်း သိပေသည်။ တစ်နေ့ ကိုခင်မောင်တစ်ယောက် မိတ္ထီလာကားကို စီးကာ မန္တလေးမှပြန်လာလေသည်။ ထိုကားသည် ကူမဲကျော်စား သောက်ဆိုင်တွင် ရပ်လေ သည်။ ကားရပ်သောအခါ ဦးဆာမိတစ်ယောက်ကားနားရောက်လာကာ
“ခရီးသည်များခမျာ၊ ကျွန်တော်ကို သနားသဖြင့် ပိုက်ဆံအကြွေလေးများပါရင် စွန့်ကြဲခဲ့ကြပါခင်ဗျာ။” ဟုတောင်း နေလေသည်။ ထိုအခါ သူ၏ အကြောင်းကို ကောင်းကောင်းသိသော ကိုခင်မောင်က
“ခရီးသည်များခင်မျာ၊ အဲဒီလူကြီးက ကောင်မလေးငယ်ငယ်လေးကို ယူပြီး လုပ်ကျွေးနေတာပါခင်ဗျ၊ မပေးကြပါ နဲ့ခင်ဗျ”ဟု အသံကို ဖျက်ပြောကာ စလေသည်။ ထိုအခါ ဦးဆာမိတစ်ယောက် ဆက်ကာမတောင်း ရဲရှာတော့ဘဲ ထိုကားကို စွန့်ကာ အခြားကားကို သွားတောင်းလေတော့သည်။ အော် အစသန်သော ဦးခင်မောင်နှင့် ဦးဆာမိ တို့လဲ တွေ့လဲ တွေ့တတ်ကြပါပေ့။ထိုနေ့က ဦးခင်မောင်နောက်လိုက်သဖြင့် ကောင်းကောင်းပင် ဆက်မတောင်းရဲ ရှာတော့ပေ။ ဆက်မတောင်းရဲရှာသော ဦးဆာမိတစ်ယောက် ငွေကောင်းကောင်းမရလိုက်ပေ။ ငွေကောင်း ကောင်းမရသော ဦးဆာမိကို တူတော်မောင်၏ ဇနီးက ဒဏ်ခတ်သည့်အနေဖြင့် ထမင်း၀၀မကြွေး တော့ပေ။ အော်ဦးဆာမိတဖြစ်လဲ သနားစရာပါပေသည်တကား။ ဆက်ရန်




Friday, August 20, 2010

“ကံလေးမျိုး လေးစား”

According to the Buddha’s teaching, there are four kinds of action (Kamma). မြတ်ဗုဒ္ဓ၏ တရားတော်အရ ကံလေးမျိုးလေးစားရှိပါပေ၏။
What are the four? ထိုကံလေးမျိုးလေးစားဟူသည်အဘယ်နည်း?
(1)There is dark action with dark result; မဲသောအကျိုးကို ပေးတဲ့ အမဲကံ
(2) There is bright action with bright result; ဖြူသောအကျိုးကို ပေးတဲ့ အဖြူကံ
(3) There is dark and bright with dark and bright result;အမဲအဖြူနှစ်မျိုးလုံးရောပေးတဲ့ အမဲအဖြူကံ and
(4) There is Path action ( Magga Kamma) that is neither dark nor bright with neither dark nor bright result,
action that leads to the destruction of Action.အမဲအဖြူနှစ်မျိုးလုံးသော အကျိုးကို ဖြတ်သော အမဲအဖြူမရောသောကံ
(မဂ္ဂကံ)
Among them, first one is dark action with dark result. ထိုကံလေးမျိုးတွင် ပထမကံသည်ကား မဲသောအကျိုးကို ပေး
သော အမဲကံဖြစ်သည်။
What is dark action with dark result? မဲသောအကျိုးကိုပေးသော အမဲကံဟူသည်ကား အဘယ်နည်း?
Here someone commits ten kinds of evil deed. ဒီနေရာတွင် တစ်စုံတစ်ယောက်သည် အကုသိုလ်ဆယ်ပါးကို ကြူး
လွန်တယ်၊
Having committed the ten kinds of evil deed, he reappears in unhappy worlds such as hell,
Peta (ghost), animal.ထိုအကုသိုလ်ကံ ဆယ်ပါးကို ကြူးလွန်တဲ့အတွက်ကြောင့် သူသည် ငရဲ ပြိတ္တာ တိရစ္ဆာန်ဟူသောဆင်းရဲသော ဘုံဌာနများမှာ ဖြစ်ရတယ်။
Here, I would like to explain the ten kinds of evil deed. ဒီနေရာတွင်အကုသိုလ်ကံဆယ်မျိုးအကြောင်းကို အနည်းငယ်ရှင်းပြပေအံ့။
They are as follows:အကုသိုလ်ကံဆယ်မျိုးဟူသည် အောက်ပါအတိုင်းဖြစ်သည်။
(1) Killing any living being;သက်ရှိသတ္တ၀ါတစ်ဦးဦး၏ အသက်ကို သတ်ဖြတ်ခြင်း
(2) Stealing other persons’ belongings; အခြားသူများ၏ ပိုင်းဆိုင်သော ဥစ္စာများကို ခိုးယူခြင်း and
(3) Making sexual misconduct. ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းကျင့်ခြင်း
These three are called Kayakamma (bodily action).ထိုသုံးများကို ကာယကံသုံးပါးဟူ၍ ခေါ်သည်။
(4) Telling lie;လိမ်ညာပြောခြင်း
(5) Slandering;ဂုံးတိုက်ခြင်း
(6) Telling harsh works; and ကြမ်းတမ်းသော စကားကို ပြောခြင်း
(7) Telling frivolous talk.အကျိုးမဲ့သော စကားကို ပြောခြင်း
These four are called VacÊkamma (verbal action). ထိုလေးပါးကို ၀စီကံလေးပါဟုခေါ်ဆိုသည်။
(8)Greed;လိုချင်ခြင်း
(9)Hatred; and ဒေါသကြီးခြင်း
(10) Wrong view.မှားယွင်းသော အယူ
These three are called Manokamma (mental action). ထိုသုံးမျိုးကို မနောကံသုံးပါးဟုခေါ်သည်။
These ten kinds of evil action are called Dasaakusalakamma. ထိုမကောင်းသော ကံဆယ်ပါးကို ဒသအကုသလကမ္မ
ဟုခေါ်သည်။
If someone commits these ten kinds of evil deed (dark action), he or she will reap dark result or evil result.
တစ်စုံတစ်ယောက်သည် အကယ်၍ ထို အမဲကံဖြစ်သော သို့မဟုတ် မကောင်းသောကံဆယ်ပါးကို လွန်ကြူးလျှင်
သူသည် သို့မဟုတ် သူမသည် မဲသောအကျိုးဆက်ကို သို့မဟုတ် မကောင်းသော အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်။
It is called dark action with dark result (Kanhakammakanhavipaka). ထိုအရာကို မဲသော အကျိုးကိုပေးသော အမဲကံ (ကဏှကမ္မ ကဏှဝိပါက)ခေါ်ဆိုသည်။ To continue (ဆက်ရန်)

Sunday, August 15, 2010

“ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်”

ကလေးမြို့နယ်အတွင်း ဂွေးကြီးဟုအမည်ရသော ရွာတွင် ဆရာတော်တစ်ပါးကျောင်းထိုင်တော်မူလေသည်။ ဂွေး ကြီးရွာ၌ ကျောင်းထိုင်တော်မူသည့်အတွက် ထိုဆရာတော်ကို “ဂွေးကြီးဆရာတော်”ဟု ခေါ်ဆိုကြလေသည်။ အလှူပွဲများရှိတိုင်း ထိုဆရာတော်သည်ကား တောရွာ များ၏ ဓလေ့ထုံးစံအတိုင်း ဆွမ်းလောင်းပွဲ အလှူပွဲများရှိတိုင်း သံဃာတော်များကို
“ချမ်းမြသာစည်ကျောင်းဆရာတော်ကြွတော်မူပါဘုရား၊အောင်မင်္ဂလာကျောင်းဆရာတော်ကြွတော်မူပါဘုရား”စသည်ဖြင့် အသံ ချဲ့စက်ဖြင့် အော်ကာ ပင့်လေ့ရှိကြသည်။ ဂွေးကြီးဆရာတော်အလှည့်ရောက်သောအခါ
“ဂွေးကြီးဆရာတော်ကြွတော်မူပါဘုရား”ဟု ဒါယကာများက အသံချဲ့စက်ဖြင့် အသံကုန်အော်ကာ ပင့်လျှောက် လေသည်။ ထိုဆရာတော်ကို ပင့်သောအခါတိုင်း အဘယ်ကြောင့်ရယ်မသိ၊ ကြွလာကြသော သံဃာတော်များ၊ ဒါယကာ ဒါယိကာမများက တဟာဟားရယ်ကြလေသည်။ ထိုအဖြစ်ကို သဘောပေါက်သော ဆရာတော်သည်
“အွန်းဒီနာမည်ကြီးတဲ့တော့ ငါဟာ ကြွလေရာ နေရာတိုင်း ရယ်စ၇ာဖြစ်နေပြီ၊ အရှက်တကွဲ အကျိုးနည်းဖြစ်နေပြီ၊ ဒီရွာနာမည်တော့ ပြောင်းမှဖြစ်မည်” ဟု အကြံပေါ်ပေါက်လာလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ရွာထိပ် တွင် ကိုးတောင်ပြည့်ဘုရား လေးတစ်ဆူတည်ကာ
“ဂွေးကြီးရွာနာမည်မှ ကိုးတောင်ပြည့်ရွာအဖြစ်သို့ ပြောင်းလဲလိုက်ပါပြီ၊ ဒီနေ့မှ စ၍ ကိုးတောင်ပြည့်ရွာဟူ၍ ခေါ်ရ မည်”ဟု ရွာသူ ရွာသားများရှေ့တွင်ပင် မိန့်တော်မူလိုက်လေသည်။ ဆရာတော်သည် ထိုအကြောင်းကို ရွာ အနီးချုပ်စပ်မှ ဂေါစရဂါမ်သံဃာတော်များ၊ ဒါယကာ+ဒါယိကာမများသို့လည်း အကြောင်းကြားလိုက်လေသည်။
တစ်နေ့ ကိုးတောင်ပြည့်ရွာကျောင်းဆရာတော်သည် ရွာတစ်ရွာသို့ ဆွမ်းလောင်းပွဲကြွသွားလေသည်။ ဆွမ်း လောင်းပွဲစတင်ချိန်တွင် ထိုရွာမှ ဒါယကာများက အသံချဲ့စက်ဖြင့်
“ဆရာတော်ဘုရားများဘုရား! ခုချိန်မှစ၍ ဆွမ်းလောင်းလှူတော့မည်ဖြစ်ပါသဖြင့် သင်္ကန်းများ သပ္ပါယ်တော်မူ ကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား” လျှောက်လေသည်။ မကြာလိုက်ပါ သံဃာတော်များကို စတင်ပင့်ပါပြီ၊
“ချမ်းမြသာစည်ကျောင်းဆရာတော် စာရေးတန်မဲနှင့် လှူဖွယ်ပစ္စည်းဝတ္ထုအလှူခံရန် ကြွတော်မူပါဘုရား” ဆရာ တော်ကြွသွားပါပြီ၊ မကြာလိုက်ပါ ဒါယကာတစ်ဦးက
“ချမ်းမြသာစည်ကျောင်းဆရာတော်ခြေသုတ်ခုံပါဘုရား”ဟု ပေါက်မဲကို ကြေငြာပေးသွားသည်။ ဆက်ကာ “အောင်မင်္ဂလာကျောင်းဆရာတော်ကြွတော်မူပါဘုရား”ဟု ပင့်လေသည်။ ပေါက်မဲအော်သံကြားလိုက်ရပါပြီ။ “အောင်မင်္ဂလာကျောင်းဆရာတော် တံမြက်စည်းပါဘုရား”ထို့နောက်
“ဂွေးကြီး+ကိုးတောင်ပြည့်ဆရာတော်ကြွတော်မူပါဘုရား”ဟု ဒါယကာက မိုက်ဖြင့် အသံကုန်ဟစ်ကာ ပင့်လိုက် လေသည်။ ထိုအခါ ဆရာတော်က
“ဟာ ဒီဒကာတွေ ဂွေးကြီးပျောက်အောင်လို့၊ ကိုးတောင်ပြည့်လို့နာမည်ပြောင်းထားတာကို ဒီဂွေးကြီးကို ထည့်ဖြစ်အောင် ထည့်လိုက်သေးတယ်၊ အော် တော်တော်အရှက်ရအောင်လုပ်တဲ့ ဒကာတွေပဲ”ဟု မြည်တွန်တောက် တီးလေသည်။ ထိုအခါ ကြွလာသော သံဃာတော်များနှင့်တကွ အနီးရှိ ဒါယကာ+ ဒါယိကာမအပေါင်းတို့သည် တခစ်ခစ်ကြလေသည်။ ထို့နောက် ကိုးတောင်ပြည့်ဂွေးကြီးဆရာတော်သည် မဲဆက်လက်နှိုက်တော်မူလေ သည်။ဆရာတော်၏ မဲလိပ်ကို ဒါယကာတစ်ဦးက ဖွင့်လိုက်သည်။ ထို့နောက် မိုက်ကိုင်သော ဒါယကာ တစ်ဦးကို လှမ်းပေးလိုက်သည်။ မိုက်ကိုင်သော ဒါယကာက
“ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်နှာဘူးပါဘုရား”ဟု ကြေငြာလိုက်ရာ ပရိသတ်မှာ ၀ါးကနဲရယ်ကြလေတော့ သည်။ထိုအခါ ဆရာတော်မိန့်တော်မူလိုက်သည်ကား
“ငါလခွီးမပဲ မင်းတို့ရွာက ဒကာတော်တွေက ငါ့ကို ပရိသတ်ကြားထဲ သက်သက်အရှက်ကွဲအောင် လုပ်တာလား ကွ၊ ဘယ်တော့မှ မင်းတို့၇ွာကို မကြွတော့ဘူးကွ”မိန့်တော်မူကာ ခပ်သုတ်သုတ်လစ် ထွက်သွား လေတော့သ တည်း။
မှတ်ချက် ဂွေးကြီး+ကိုးတောင်ပြည့်ဆရာတော်၏ ပေါက်မဲသည်ကား နှာရှုဗူဖြစ်သည်။ နှာရှုဗူးကို ပြောလို ဇောဖြင့် နှာဘူးဟု ပြောချလိုက်ရာ “ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်နှာဘူး”ဖြစ်သွားလေတော့သည်။
“အော် တိုက်လဲ တိုက်ဆိုင်တတ်ပါပေ့”

Saturday, August 14, 2010

“တယ်လဲဆိုးတဲ့ လောင်းကစားသမားပါလားနော်”

တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိလေသည်။ ထိုဘုရင်ကြီးအုပ်ချုပ်သော တိုင်းပြည်တွင် အမူး သမားများ ဘိန်းစားများ လောင်းကစားသမားများ အလွန်ပေါများနေလေသည်။ ဘုရင်ကြီးသည် ထိုပုဂ္ဂိုလ်များကို အကျွတ်တရားရစေလိုသည်။ သို့ဖြစ်သဖြင့် ဘုရင်ကြီးသည် အကျွတ်တရားရစေလိုသော နည်းလမ်းကို ရှာရန် အလို့ငှာ နန်းတွင်းရှိ ပညာရှိအမတ်များနှင့် တိုင်ပင်လေသည်။ အဖြေတစ်ခုထွက်လာသည်ကား
“အရက်သောက်တတ်သော ပုဂ္ဂိုလ်ကို အရက်ကို သူကြိုက်သလောက် ၀အောင်တိုက်လိုက်ပါ၊ ဘိန်းကြိုက်တတ် သော ပုဂ္ဂိုလ်ကိုလည်း ဘိန်းကို တစ်ထိုင်းတည်းဖြင့် အ၀ရှုခိုင်းလိုက်ပါ၊ လောင်းကစားလုပ်တတ်သော သူကို လည်း လောင်းကစားကို တစ်ဝကြီးလုပ်ခိုင်းလိုက်ပါ၊ ဒါဆိုလျှင် သူတို့၏ အမူအကျင့်တွေ ပျောက်သွား မှာပါ”ဟူ၍ ပင်ဖြစ်သည်။
သို့ဖြစ်သဖြင့် ဘုရင်ကြီးသည် ပထမနေ့တွင် အရက်သမားကို နန်းတွင်း ခေါ်ကာ သူကြိုက်တတ်သော အရက်ကို မုန်းသွားအောင် တစ်ခါတည်း အလွန်အကြူးတိုက်လေသည်။ အရက်သမားသည် သူကြိုက်တတ်သော အရက်ကို အလွန်းအကြူးသောက်လေသည်။ သောက်စတွင် ကောင်းနေလေသည်။ နောက်ဆုံး များလာသောအခါ ဆက် လက်မသောက်နိုင်တော့မူ၍ မုန်းသည်အထိဖြစ်သွားသည်။ အရက်သမားသည် ဘုရင်ကြီးကို လက် မြှောက်အရှုံး ပေးသွားသည်။ ထိုနေ့မှစ၍ အရက်သမားသည် အရက်မသောက်တော့မူ၍ တိုင်းပြည်အတွက် သားကောင်းတစ် ယောက်ဖြစ်သွားလေသည်။
ဒုတိယနေ့တွင်ကား ဘိန်းစားကို ခေါ်ကာ ဘိန်းကို အလွန်အကြူးဘိန်းရှုခိုင်းလေသည်။ ဘိန်းစားသည် ပထမရှု နေစဉ် အလွန်ပင်ကောင်းနေလေသည်။ ဘုရင်ကြီးသည် ဘိန်းစားကို တစ်နေကုန် အလွန်အကြူရှုခိုင်းလေ သည်။ ဘိန်းစားသည် ဘုရင်ကြီးကိုသာ ကြောက်၍ ဘိန်းရှုနေရလေသည်။ ရှုလိုစိတ်ကား လုံးဝမရှိတော့ပေ။ အလွန်အကြူရှုရသောအခါ ဘိန်းကို မုန်းသွားလေသည်။ ထိုနေ့မှစ၍ ဘိန်းစားသည် ဘိန်းပြတ်သွားကာ တိုင်းပြည်အတွက် သားကောင်းရတနာတစ်ယောက်ဖြစ်သွားလေသည်။
တတိယနေ့တွင်ကား လောင်းကစားသမား၏ အလှည့်သို့ ရောက်ရှိလာလေသည်။ ဘုရင်ကြီးသည် လောင်း ကစားသမားကို
“အမောင် မင်းဒီနေ့ ကြိုက်သလောက်ငါ့နန်းတော်မှ ငွေယူပြီး ကြိုက်သလောက် လောင်းကစားလုပ်စမ်းကွာ”ဟု ခွင့်ပြုလိုက်လေသည်။ လောင်းကစားသမားသည် ဘုရင်ကြီး၏ ဘဏ္ဍာတိုက်မှ ငွေများယူကာ တခြားနိုင်ငံမှ အရာရှိများနှင့် လောင်းကစားလုပ်လေသည်။ တစ်နေ့ကုန် လောင်းကစားလုပ်ရာ ဘုရင်ဘဏ္ဍာတိုက်ရှိငွေများ ကုန်သွားလေတော့သည်။ နောက်ဆုံးတွင် ငွေမရှိတော့သဖြင့် ဘုရင်စံမြန်းနေသော နန်းတော်ကြီးကို ပေါင်ကာ လောင်းကစားလုပ်လိုက်ရာ အရှုံးပေါ်သဖြင့် နန်းတော်ကြီးတစ်ခုလုံးကိုပင် တစ်ခြားနိုင်ငံသို့ ထိုးအပ်လိုက်ရ လေသည်။ ဘုရင်ကြီးသည်ပင် စံမြန်းစရာနန်း တော်မရှိတော့ပေ။ အဆုံးတွင် ဘုရင်ကြီးညည်းညူချက်ထုတ် လိုက်သည်ကား
“ငါကိုယ်တော်မြတ် စံမြန်းတဲ့ နန်းတော်ကိုတောင် ပေါင်ကာ လောင်းကစားလုပ်ပစ်တယ်၊ အော် တယ်လဲဆိုးတဲ့ လောင်းကစားသမားပါလားနော်”ဟူ၍ပင်ဖြစ်သတည်း။

Monday, August 9, 2010

“ရွှေဧည့်သည်တစ်စုနှင့် ကိုရွှေအတို့တစ်စု တွေ့ကြတော့”

မိမိတို့၏ ရွာအနီးတွင် တိန်ညက်တောဟုအမည်ရသော ရွာတစ်ရွာရှိလေသည်။ ထိုရွာကျောင်းတွင် ဘိုးတော်ကြီး ဟုအမည်ခံရသေ့တစ်ပါးရှိလေသည်။ အထူးအားဖြင့် ရှမ်းလူမျိုးများက သူ့ကို လာရောက်ကိုးကွယ်ကြည်ညို လေ့ရှိကြသည်။သူတို့သည်
“ဘိုးတော်ကြီးသည် ဘုန်းတန်ခိုးအလွန်ကြီးမားသည်။ သူကို ကြည်ညိုလျှင် လာဘ်လာဘပေါများသည်။ ဘေးအန္တရယ်ကင်းရှင်းသည်။လိုအင်ဆန္ဒပြည့်ဝသည်”ဟု အယုံအကြည်ရှိကာ အလွန်အကြူး ကိုးကွယ်ကြသည်။

တစ်နေ့သ၌ တောင်ကြီးကားပေါ်မှ ဧည့်သည်တစ်စုသည် ဘိုးတော်ကြီးကျောင်းသို့ သွားရန်အလို့ငှာ မိမိတို့၏ ရွာထိပ်ကားမှတ်တိုင်တွင် ဆင်းကြလေသည်။ သူတို့သည် အသစ်ဧည့်သည်များဖြစ်ကြသဖြင့် ဘိုးတော်ကြီး ကျောင်းသို့ သွားရာလမ်းကို အတိအကျမသိပေ။သို့ဖြစ်သဖြင့် အနီးအနားရှိ လမ်းဘေးတွင် နွားကျောင်းနေသော နွားကျောင်းသားကြီးကို
“နောင်ကြီး!ကျွန်တော်တို့က တောင်ကြီးက လာတာပါ၊ ဘိုးတော်ကြီးကျောင်းကို သွားချင်လို့၊ ဘယ်လိုသွား ရပါသလဲခင်ဗျာ့၊”မေးကြလေသည်။ ထိုအခါ နွားကျောင်းသားကြီးက တောင်ဘက်လမ်းဆီသို့ လက်ညှိုးညွှန်ကာ
“အပလား အပလား”ဟု ပြောကာ လမ်းပြလိုက်လေသည်။ ဤတွင် ဧည့်သည်တစ်ယောက်က
“အွန်း လမ်းမသိလို့မေးပါတယ် အရေးထဲ အ, အနဲ့မှလာတွေ့တယ်”ဟုညည်းချင်းထုတ်လေတော့သည်။ မှန်ပါပေ ၏။ထိုနွားကျောင်းနေသော နွားကျောင်းသားကြီးသည်ကား ၀မ်းတွင်းမြို့နယ် မိုးကောင်းကုန်းရွာမှ စကားမပြော တတ်သော အ,အပင်ဖြစ်လေသည်။ ထိုအချိန်က ၀မ်းတွင်းမြို့နယ်အတွင်းဝယ် နွားစာမြက်ရှားပါးသည့် အတွက် မိမိတို့၏ ရွာဘက်ဆီသို့ နွားလာကျောင်းလေ့ရှိသည်။

ထို့နောက် ဧည့်သည်များသည် ရွှေအ,လမ်းညွှန်လိုက်သည့်အတိုင်း တောင်ဘက်လမ်းဆီသည် ချီတက်လာကြ လေသည်။ထိုတွင် ရွာမှ ကိုလူလည် ပါးယားနှင့်တွေ့ကာ
“နောင်ကြီး ကျွန်တော်တို့က တောင်ကြီးက လာတာပါ၊ တိန်ညက်တောရွာ ဘိုးတော်ကြီးကျောင်းကို သွားချင်လို့ တစ်ဆိတ်လောက်လမ်းပြပေးပါခင်ဗျာ့”ဟု ယဉ်ကျေးသိမ်မွေ့စွာ မေးကြလေသည်။ ထိုအခါ ကိုပါးယားက
“အပလား အပလား” ဟု ပြောကာ တောင်ဘက်ဆီသို့ လမ်းညွှန်လိုက်ပြန်လေသည်။ ဤတွင် ရွှေဧည့်သည် တစ်ယောက်က
“အွန်း ဒီနေ့ ထွက်လာတာ ပြဿဒါးနေ့လာမသိ၊ အဆင်ကိုမပြေဘူး၊ လမ်းမသိလို့ မေးပါတယ်၊ အ,အတွေနဲ့ချည်း လာတွေ့နေတယ်”ဟု ညည်းချင်းထုတ်ကြပြန်သည်။ အမှန်စင်စစ် ထိုကိုရွှေဧည့်သည်များတွေ့သော ကိုပါးယား သည်ကား မွေးရာပါ ရွှေအတစ်ယောက်ပင်ဖြစ်လေသည်။

ထို့နောက် ဧည့်သည်များသည် ကိုပါးယားလမ်းညွှန်းလိုက်သည့်အတိုင်း ရှေ့ဆက်လျှောက်လာလေသည်။ လမ်းတွင် ရွာမှ ဦးဖိုးစုနှင့် တွေ့ပြန်လေသည်။ ဤတွင် ဧည့်သည်များက
“ဦးလေးကြီး ကျွန်တော်တို့က တောင်ကြီးက ဧည့်သည်တွေပါ၊ ဘိုးတော်ကြီးကျောင်းကို သွားမလို့၊ တစ်ဆိတ် လောက် လမ်းပြပေးပါအုံးခင်ဗျာ့” ဟု သိမ်သိမ်မွေ့မွေ့ မေးကြပြန်သည်။ ထိုအခါ ဦးဖိုးစုက
“ဘိုး ဘိုး ဘိုး”ဟုဆိုကာ ရှေ့ဆက်မပြောနိုင်မူ၍ ဖြစ်နေလေသည်။ ဤတွင် ဧည့်သည်တစ်စု စိတ်မရှည်တော့ပါ။
“ဒီငါ( )မရွာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေကလဲ တစ်ရွာလုံး အ, အတွေချည်းလားမသိ”ဟု ရက်ရက်စက်စက် မိမိရွာကိုပင် ဆဲဆိုသွားလေတော့သတည်း။
“အော် ဧည့်သည်များ ဆဲမည်ဆိုလျှင်လည်း ဆဲပေရာ၏၊ သူတို့နောက်ဆုံးမေးသော ဒါယကာကြီးဦးဖိုးစုသည် လည်း
အ,အမဟုတ်သော်လည်း စကားတစ်လုံးပြောမည်ကြံလျှင် မထွက်တော့ပေ၊ ထစ်အ ထစ်အဖြစ်နေလေ့ရှိသည်။
သူသည်လည်း ငယ်စဉ်ကပင် ထစ်အ ထစ်အဖြစ်လာပေ၏။ အော် တွေ့လည်း တွေ့တတ်ပါပေ့ ကိုရွှေဧည့် သည်နှင့် ကိုရွှေအတို့ရယ်”ဟု ပြောလိုက်မိပါတော့သတည်း။




Friday, August 6, 2010

“အတွေးလွန်သွားသော ကိုရင်လေးများ”

တစ်ခါက ရွာတစ်ရွာ ရွာဦးကျောင်းတွင် ကိုရင်လေးတစ်ပါးရှိလေသည်။ ကိုရင်လေးသည် နေ့စဉ်ပင် ရွာအတွင်းသို့ ဆွမ်းခံကြွလေသည်။ တစ်နေ့ ဆွမ်းခံကြွစဉ် ရွာအတွင်းမှ အမျိုးသမီးကလေးတစ်ယောက်က ကိုရင်လေးအား ဟင်းတစ်ခွက် လောင်းလှူလိုက်လေသည်။ ကျောင်းရောက်သောအခါ ကိုရင်လေးသည် အမျိုး သမီးကလေး လောင်းလှူလိုက်သော ဟင်းခွက်ကို ဖွင့်ကြည့်လိုက်ရာ အရည်ကြဲကြဲ ပဲဟင်းကလေး ဖြစ်နေလေ သည်။ ထိုအခါ ကိုရင်လေးသည်
“အင်း ဒကာမလေးလောင်းလိုက်တဲ့ ပဲဟင်းက အရည်ကြဲကြဲလေးဖြစ်တယ်၊ ဒါဟာ သူ့ကို ခပ်ကြဲကြဲမဆက်ဆံဘို့ ပြောတဲ့သဘောပဲဖြစ်ရမယ်၊ အွန်း ဒီနေ့က စပြီး ဆွမ်းခံပြတ်လို့ မဖြစ်ဘူး၊ မှန်မှန်ကြွမှဖြစ်မယ်၊ သူ့ကိုလဲ စကား များများပြောပေးမှ ဖြစ်မယ်”ဟု အကြံအစည်ဖြစ်လေတော့သည်။ ထိုကဲသို့ အကြံအစည်ဖြစ်မယ်ဆိုလဲ ဖြစ် လောက်ပေရာ၏။ ကိုရင်လေးနှင့် ထိုဒါယကာမလေး၏ အသက်အရွယ်သည်ကား ရွယ်တူပင်ဖြစ်နေလေသည်။ နောက်ရက် ကိုရင်ကလေးဆွမ်းခံကြွသည်။ အမျိုးသမီးကလေးသည် ထုံးစံအတိုင်း ကိုရင်ကလေးအား ဆွမ်း လောင်းလှူသည်။ ထို့နောက် ဆွမ်းဟင်းလောင်းလှူသည်။ ကိုရင်ကလေးသည် ကျောင်းရောက်သောအခါ အမျိုးသမီးကလေးက လောင်းလှူလိုက်သော ဆွမ်းဟင်းခွက်ကို ထုံးစံအတိုင်း ဖွင့်ကြည့်လိုက်ရာ အရည် ခပ်ပြစ်ပြစ် ချက်ထားသော ပဲဟင်းလေးပင်ဖြစ်နေလေသည်။ ကိုရင်လေးသည်
“အွန်း ဒကာမလေးက ငါ့ကို အရည်ခပ်ပြစ်ပြစ်ပဲဟင်းလောင်းလိုက်တာဟာ သူ့ကို ပစ်မထားဘို့၊ သူ့ကို လာခိုးဘို့ပြောတာဖြစ်ရမယ်”ဟု စဉ်းစားပြီး အမျိုးသမီးကလေးကို သွားခိုးရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက် လေသည်။ ထိုနေ့က ကိုရင်ကလေးသည် ဆွမ်းမဘုဉ်းပေးနိုင်တော့ပါ။ နေ့တာသည်ကာ အလွန်ပင်ရှည်လျား သည်ဟု ကိုရင်လေး ထင်မှတ်နေလေသည်။ ညအချိန်ကို မရောက်နိုင်သေးပါ။ သန်းခေါင်းယံအချိန်ကို ရောက်ဘို့ရန် ကိုရင်လေးသည် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရလေသည်။ ညသန်းခေါင်ယံအချိန်ရောက်ပါပြီ ကိုရင်လေးသည် တစ်ပါးတည်း ရွာအတွင်းဝင်သွားသည်။ ပြီးနောက် ကိုရင်လေးသည် အမျိုးသမီးကလေး၏ အိမ်အောက်သို့ ၀င်ကာ
“ချစ်နှမ ထလော့၊ ချစ်နှမ ထလော့၊ မောင်ကြီး နှမကို လာခိုးတာလေ” ဟု ဆိုကာ အမျိုးသမီးကလေးကို နှိုးလေ တော့သည်။ ထိုအခါ အမျိုးသမီးကလေးသည်
“လာကြပါအုံး သူခိုး သူခိုး”ဟု ကြောက်လန့်တကြား အော်လိုက်ရာ ရွာသားများရောက်လာကာ ကိုရင်လေးကို ဖမ်းမိသွားလေသည်။ သို့ဖြစ်သဖြင့် ကိုရင်လေးကို သူကြီးထံ ခေါ်သွားရာ သူကြီးက
“ကဲ ကိုရင်လေးဘာကြောင့် ဒီအမျိုးသမီးကလေးရဲ့ အိမ်အောက်ကို ၀င်ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပါအုံး ဘုရား”ဟု မေးလျှောက်သောအခါ ကိုရင်လေးက
“ဒကာကြီးရယ် အဲဒီအမျိုးသမီးလေးပဲ ခပ်ကြဲကြဲမဆက်ဆံပါနဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပဲဟင်းခပ်ကြဲကြဲလောင်း ခဲ့တယ်၊ ပြီးတော့ ပစ်မထားပါနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ ခပ်ပြစ်ပြစ်ပဲဟင်း လောင်းလေတော့ ကိုရင်လဲ သူ့ကို ခိုးခိုင်း တယ်ထင်ပြီး အိမ်အောက်ကို ၀င်ကာ သူ့ကို ခိုးဘို့ရန် နှိုးမိပါတယ် ဒကာကြီးရယ်”ဟု ရှင်းပြသောအခါမှ သူကြီး လည်းသဘောပေါက်သွားလေသည်။ သူကြီးသည်
“ကဲကဲ ဒီကိစ္စက ကိုရင်လေး အတွေးလွန်ပြီး ဖြစ်သွားတဲ့ ကိစ္စဆိုတော့ ငါ့တူမလေးကလဲ ကိုရင်ကို ခွင့်လွှတ် လိုက်ပါ၊ ကိုရင်ကလဲ နောင်ကို ဒါမျိုးမလုပ်ပါနဲ့ဘုရား”ဟု ကလေး မလေးနှင့် ကိုရင်ကြား ဖြန်ဖြေပေးလိုက်သည်။ ဆက်လက်၍ သူကြီးက ရွာသားများကိုလည်း ကိစ္စပြီးသွားပြီဖြစ်သည့်အတွက် မိမိတို့၏ အိမ်အသီးသီးသို့ ပြန်ကြရန် တိုက်တွန်းလိုက်လေသည်။ ထို့နောက် ရွာသားများသည်လည်း
“အော် တော်တော် အတွေးလွန်တဲ့ ကိုရင်ပဲ”ဟု ပြောကာ သူတို့၏ အိမ်အသီးသီးသို့ ပြန်သွားကြလေတော့ သတည်း။
အတွေးလွန်မှုနှင့်ပတ်သက်လာသဖြင့် နောက်ပုံပြင်တစ်ပုဒ်ဆက်လိုပါ၏။
“ကံစမ်းတော့ မန်း”ဆိုသည်စကားပုံလေးတစ်ခုသည် သံဃာတော်များအကြားတွင် ရေပန်းစားလျှက်ရှိသည်။ အဓိပ္ပာယ်မှာ မိမိ၏ကံကောင်း မကောင်းသိလိုလျှင် မန္တလေးမြို့ကို တက်ပြီး စာသင်ကြည့်ပါ။ မန္တလေး မြို့ရောက်၍ ဆွမ်းဒါယကာ ဆွမ်းဒါယိကာမပေါလျှင်ကား ထိုသံဃာတော်ကို ဘုန်းကြီးသော သံဃာဟုပင် ခေါ်ဆို ထိုက်ပါပေ၏။ ထို့သို့မဟုတ်မူ ဘုဉ်းကံနည်းပါးသော သံဃာဟုပင် မှတ်ထိုက်ပါပေ၏။ မန္တလေးမြို့ရှိ သံဃာအရေ အတွက်သည် မြို့နှင့်မလိုက် အလွန်အင်မတန်မှများလှပါပေ၏။ သို့ဖြစ်သဖြင့် သံဃာတော်များအနေဖြင့် ဆွမ်းကွမ်းရှားပါးလှပေ၏။ ထိုင်အိမ် ဆွမ်းဒါယကာ+ဆွမ်းဒါယိကာမရဘို့ရန်ကား ခက်ခဲလှပေသည်။ ဆွမ်းရှား ပါးခြင်းသည်ကား မန်းမြို့သူ မြို့သားတို့က သဒ္ဓါတရားမရှိ၍ မဟုတ်ပေ။ သံဃာအရေအတွက်သည်ကား အလွန် များလွန်သဖြင့် မထိမ်းနိုင်ခြင်းဖြစ်ပါပေ၏။ ဘုန်းကံမရှိသော ဆွမ်းခံအိမ်မရှိသော ကိုယ်တော်များအနေဖြင့်ကား ဘုံလောင်းကို တိုးကာ ဘုဉ်းပေးကြရရှာလေ၏။ ဘုံလောင်းဟူသည်ကား
“သူ့ကိုယ်တော် ငါ့ကိုယ်တော်ဟူ၍ မသတ်မှတ်၊ အရပ်လေးမျက်နှာမှ ကြွလာသော သံဃာတော်အပေါင်းကို လောင်းလှူခြင်းဖြစ်ပေသည်”။
တစ်နေ့ မန်းမြို့ အိမ်တစ်အိမ်မှ အလွန်အင်မတန် ကြီးမားလှသော ဇလုံကြီးများအထဲတွင် ငှက်ပျောသီးများကို ထည့်ကာ ကြွလာကြသော သံဃာတော်မြတ်အပေါင်းကို ဘုံလောင်း လောင်းလှူနေလေသည်။ သံဃာတော် တို့သည်လည်း သူ့ထက်ငါ အလှူခံရန်အလို့ငှာ ကြိတ်ကြိတ်တိုးနေကြသည်။ အလှူ့ရှင်ဒါယကာ ဒါယိကာမကြီး များသည်လည်း တစ်ပါးကို နှစ်လုံးကျလောင်းလှူနေလေသည်။ သံဃာတော်အပါး တစ်ရာခန့်မျှ လောင်းလှူအပြီး တွင် အလှူရှင်များသည် ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ကြွလာသော သံဃာတော်များကို မမြင်တော့သဖြင့် နောက်ဆုံး ကျသော ကိုရင်လေးကို ရှိသမျှငှက်ပျောသီးတစ်ဖီးလုံးကို လောင်းလှူလိုက်လေသည်။ ထိုအခါ အလှူခံ ကိုရင်လေးသည်ကား
“ဒီဒကာ+ဒကာမကြီးတွေက ငါ့ကို ကြည်ညိုလို့ တစ်ဖီးလုံးလောင်းလိုက်တာဖြစ်မယ်၊ နောက်ရက် ဒီအိမ်ကို ထပ် ကြွမှဖြစ်မယ်၊ ငါ့တော့ သူဋ္ဌေးဆွမ်းခံအိမ် တစ်အိမ်တိုးပြန်ပြီး”ဟု စိတ်ကူးများယဉ်ကာ ကျောင်းသို့ ပြန်ခဲ့လေ သည်။ နောက်နေ့ ကိုးနာရီခန့်တွင် ငှက်ပျောသီးတစ်ဖီးလုံး လောင်းလှူသော အိမ်သို့ တက်ကာ ထိုင်နေလိုက် သည်။ ထိုအခါ ဒါယကာမကြီးက
“ကိုရင်ကဘယ်ကျောင်းကလဲ၊ အရှင်ဘုရားကိုလဲ တပည့်တော်တို့မသိပါဘူး၊ တပည့်တော်တို့က ထိုင်ကိုယ်တော် လက်မခံဘူးဘုရား၊”ဟု လျှောက်ထားလိုက်လေသည်။ ဤတွင် ကိုရင်က
“ဒကာမကြီး မမှတ်မိဘူးနဲ့တူတယ်၊ ကိုရင်က မနေ့က ဒကာမကြီးတို့ ငှက်ပျောသီး တစ်ဖီးလုံးလောင်းလှူလိုက်တဲ့ တစ်ဖီးကိုယ်တော်လေ”ဟု ပြန်လည်မိန့်ကြားလိုက်သောအခါတွင်ကား ဒါယကာမကြီးက
“အော် မှတ်မိပြီးဘုရား၊ ကိုရင် အဲဒါက ဒီလိုရှိပါတယ်ဘုရား၊ မနေ့က တပည့်တော်တို့က သံဃာတော်အပါးတစ် ရာလောက်ကို တစ်ပါးလျှင် ငှက်ပျောသီးနှစ်လုံးကျ လောင်းလှူပါတယ်ဘုရား။ ကိုရင်အလှည့်ကျတော့ ကိုရင်က နောက်ဆုံးလဲဖြစ်တယ်၊ နောက်ထပ်သံဃာတော်တွေလဲ ကြွလာတာမမြင်လို့ တစ်ဖီးလုံးလောင်း လှူလိုက်တာ ပါဘုရား၊ တခြားလျှော်မတွေးပါနဲ့ကိုရင်၊”ဟု လျှောက်ထားလိုက်သောအခါတွင်ကား
ကိုယ်တော်လေးသည်လည်း မည်သည့်စကားမျှ မပြောနိုင်တော့မူ၍ ရှက်ကိုးရှက်ကန်းနှင့် မျက်လွှာချကာ ခပ် သုတ်သုတ်လစ်ထွက်လာခဲ့လေသည်။ထိုအချိန်မှစ၍ ထိုကိုယ်တော်လေးသည်ကား
မန်းမြို့ရှိ သံဃာတော်များအကြားတွင် “တစ်ဖီးကိုယ်တော်” ဟူ၍ နာမည်ဟီးဟီးကျော်သွားလေတော့သတည်း။
 

Go Up အပေါ်သို့