Pages

Monday, August 2, 2010

“လေအကြီးတကာ ထွဋ်ခေါင်”

တစ်ခါက တောရွာကျောင်း တစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ဦးဇင်းကြီးသည် ၀ါတော်အားဖြင့် ငယ်သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ထိုတောကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးဖြစ်နေလေသည်။ သူ သည် သဘောကောင်းသည်။ ရပ်ရေးရွာရေး ကိစ္စများကိုလည်း အထူးတက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိသည်။ သို့သော် သူ့မှာ ငြင်ဆိုးလေးတစ်ခုရှိလေသည်။ အရာရာကို ဟုတ်ဟုတ် မဟုတ်ဟုတ် သူကသာ အနိုင် ယူပြောလေ့ရှိသည်။ ရွာအတွင်းမှ လူအများကတော့ သူ့အကြောင်းကို သိရှိနေပြီဖြစ်သဖြင့် သည်းခံ ခွင့်လွှတ် လေ့ရှိကြသည်။ သူ့အကြောင်းကို ဂဃနဏ မသိကြသော ပုဂ္ဂိုလ်များကတော့ သည်းခံခွင့်လွှတ်ရန် မလွယ်ကူလှ ချေ။ တစ်နေ့ အခြားရွာမှ အလှူတစ်ခုတွင် ထိုရွာမှ ဒါယကာများနှင့် စကားလက်ဆုံကျကာ မြွှေအကြောင်း (T0pic)ဆီသို့ ရောက်သွား လေသည်။ ဒါယကာတစ်ဦးက
“တပည့်တော်တော့ အလွန်ကြီးမားတဲ့ မြွေတစ်ကောင်ကို တွေ့ဖူးတယ်ဘုရား၊ အဲဒီမြွှေက ဘယ်လောက်တောင် ကြီးသလဲဆိုရင် တပည့်တော်ရဲ့ပေါင်လုံးလောက်တုတ်တယ်ဘုရား”ဟု လျှောက်လေသည်။ ဘေးမှ နားထောင် နေသော အခြားဒါယကာများက
“ဟာ တော်တော်ကြီးတာပဲ”ဟု အံ့အားသင့်ကာ ပြောဆိုကြလေသည်။ ထိုအခါ အရာရာကို အနိုင်ယူ လေကြီးပြီး ပြောလေ့ရှိသော ဦးဇင်းကြီးက
“ဒကာရ အဲဒီလောက်ကြီးတယ်ဆိုတာ ဘာဟုတ်သေးမှာလဲ၊ ဦးဇင်းဟာ တစ်ခါက တောင်ပေါ်လမ်းကနေ ရွာငံ ရေဦးဘက်ကို ကြွခဲ့တယ်၊ ရုတ်တရက် တောင်တစ်တောင်ပေါ်မှာ ထန်းပင်ရဲ့ ပင်စည်ခန့်လောက်ရှိတဲ့ မြွေကြီး တစ်ကောင် ဖြတ်သွားတာကို တွေ့လိုက်ရတယ် ဒကာတော်ရေ”ဟု ဖြတ်ကာရွှီလုံး ကြွားလုံးများပင် ထုတ်လိုက် သေးသည်။ အကြောင်းမသိသော ရွာသားများက
“အော် တောထဲ တောင်ထဲဆိုတော့လဲ အဲဒီလောက်ရှိတဲ့မြွေလဲ ရှိပေမှာပဲပေါ့ဘုရား”လျှောက်ထားကြလေသည်။္ဆဤတွင် ဒါယကာတစ်ဦးက
“တပည့်တော်ကြားဖူးတာတော့ ယောနယ်ဘက်မှာ အိမ်နာတွင်းတူးတော့ စပါးပုတ်လောက်ရှိတဲ့ မြွှေကြီးတွေ့ တယ်လို့ကြားဖူးတာပဲဘုရား”ဟု လျှောက်လေသည်။ ဤတွင် ဦးဇင်းကြီးက
“ဒကာတော်လို အကြားပြောရမယ်ဆိုရင် မကွေးဘက်မှာ အစိုးရက ရုံးတွေဆောက်ဘို့ မြေတူးတော့ အိမ်တစ်လုံး စာလောက်ရှိတဲ့ အကွက်ကြီးတစ်ကွက်တွေ့သတဲ့၊ အဲဒီအကွက်ကြီးဟာဘာကြီးလဲလို့ ဆက်တူးတော့ မြွေကြီးဖြစ်နေသတဲ့၊ အဲဒါ တူးတဲ့သူတွေတောင် ရူးကုန်သတဲ့” ဟု ရွှီးလုံးထုတ်လိုက်လေသည်။ ထိုအခါ ဘေးမှ ဒါယကာတော်များက
“ဟုတ်ကော ဟုတ်ရဲ့လား ကိုယ်တော်ရယ်”ဟု မေးကြလေသည်။
“မှန်ပါတယ် ဒကာတို့ရ” ဟု လေသံမလျှော့ပြောလေသည်။ ထိုအအခြေအနေကို စကားမပြော တိတ်ဆိတ်စွာ နားထောင်နေသော ဒါယကာ တစ်ယောက်က သဘောပေါက်သွားသည်။ သူက
“ဒီဦးဇင်းကြီး မသိပဲနဲ့ ငါ့စကားနွားရ အနိုင်လျှောက်ပြောနေတာ၊ နှိပ်လိုက်အုံးမှပဲ”ဟု ကြံကာ
“တပည့်တော်ဟာ တောင်ခြေကုန်းကို ထင်းခုတ်သွားတော့ အဲဒီမှာ လုံပတ်အားဖြင့် မကျည်းပင် တစ်ပင်စာ လောက်ရှိတဲ့ မြွေကြီးတစ်ကောင်ကို တွေ့ဖူးတယ်ဘုရား၊ အဲဒီမြွေထက် ကြီးတဲ့ မြွေကို တွေ့ဖူးတဲ့ သူကတော့ နှမပေးချင်လို့ပဲဘုရား” လျှောက်ထားသောအခါ ဦးဇင်းကြီးက
“ဦးဇင်းလဲ အဲဒီမြွေလောက်ပဲတွေ့ဖူးပါတယ် ဒကာတော်ရေ” ဟု ဒါယကာတော်၏ အလိုနောက်သို့ လိုက်သွား လေသည်။ မလိုက်လို့လည်း မဖြစ်ပေ။ အကယ်၍ ဦးဇင်းကြီးက “အဲဒီမြွေထက် ကြီးတဲ့မြွေကို တွေ့ဖူးတာပေါ့ ဒကာတော်ရ”ဟု ဆိုလိုက်ပါက ဦးဇင်းကြီးမသက်သာတော့ပေ။အကယ်စင်စစ် ဦးဇင်းကြီးသည်ကား တကယ်ပါး သော ကိုယ်တော်ကြီးပါပေတည်း။

Friday, July 30, 2010

“မောင်ဖြူရဲ့ မေ့တတ်ပုံကလဲ တော်တော်ဆိုး”

တစ်ခါက ရွာတစ်ရွာတွင် မောင်ဖြူအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ သူ၏ ငယ်စဉ်ကတည်းက မေ့တတ်သော အကျင့်သည် ယခုအိမ်ထောင်ကျသည့်အထိ မပျောက်သေးပေ။ တစ်နေ့ မှောင်မိုက်သော ညတစ် ည၀ယ် သူသည် အခြားရွာ၌ ပွဲကြည့်ရန်အလို့ငှာ တစ်ယောက်တည်း ထွက်လာခဲ့လေသည်။ ပွဲကြည့်လိုဇောဖြင့် ထွက်လာခဲ့ရာ ရေကိုပင် မချိုးခဲ့ရပေ။လမ်းတွင် အလွန်အင်မတန်မှ ကြည်လင်အေးမြသော ရေမြောင်းတစ်ခုကို တွေ့ရာ ရေဆင်းချိုးလိုက်လေသည်။ ရေချိုးပြီးနောက် မောင်ဖြူသည် ပွဲခင်းဆီသို့ သုတ်ခြေတင်ခဲ့လေသည်။ ပွဲခင်းသို့ရောက်သောအခါ မောင်ဖြူတစ်ယောက်ဇာတ်စင်နားတွင် ရပ်နေလေသည်။ သူသည် ဇာတ်စင်နား ရောက်သည်နှင့်တစ်ပြိုင်နက် ပွဲကြည့်ပရိသတ်သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ ပရိသတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသောအခါ မောင်ဖြူစဉ်းစားလိုက်သည်ကား
“ယနေ့ ပရိသတ်ဟာ ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ဆူလိမ့်မယ်နဲ့တူ”ဟု အကြံဖြစ်ကာ ဇာတ်စင်ပေါ်သို့ တက် သွားလေသည်။ မောင်ဖြူတစ်ယောက်ဇာတ်စင်ပေါ်ရောက်သွားသောအခါမှ ပရိသတ်သည် ပိုမိုရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။ ဤတွင် မောင်ဖြူစဉ်းစားလိုက်မိသည်ကား
“ဒီနေ့ ပရိသတ်ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ တကယ်ဆူမှာ ရန်တွေဖြစ်ကြမှာ သေချာတယ်၊ အိမ်ပြန်တာပဲ ကောင်းတယ်”ဟု လမိုက်မိုက် အိမ်ကို ပြန်လာခဲ့လေသည်။ သူအိမ်ရောက်သောအခါ ဇနီးဖြစ်သူသည် တံခါးကို ပိတ်ကာ အိပ်ယာဝင်နေပြီဖြစ်သည်။ သို့ဖြစ်သဖြင့် မောင်ဖြူသည် တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်ရသည်။ ထိုအခါမှ ဇနီးဖြစ်သူသည် နိုးလာကာ တံခါးကို လာဖွင့်ပေးလေသည်။ တံခါးဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုက်နှင့် သူမ၏ ယောင်္ကျား၏ အဖြစ်ကို တွေ့လိုက်ရသော ဇနီးဖြစ်သူသည် ခွက်ထိုးခွက်လန် ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ မောင်ဖြူသည်ကား
“ဒီမိန်းမ ငါက ပွဲမကြည့်ခဲ့ရလို့ စိတ်တိုလာတာ၊ နင်က ငါ့ကို ကြည့်ပြီး လှောင်နေတယ်ပေါ့လေ”ဟု စိတ်ဆိုးသွား လေသည်။ သူသည်
“ဒီလောက်တောင်ရှိလှတဲ့မိန်းမ အားရှိပါးရှိရိုက်လိုက်အုံးမယ်” ဟု ပုဆိုးကို ခါးတောင်းကြိုက်ရန် ပြင်လိုက်သော အခါမှ မောင်ဖြူတစ်ယောက်အဖြစ်မှန်ကိုသိလိုက်ရသည်။ သူ၏ ခါးမှာ ပုဆိုးမပါ ကိုယ်တုံးလုံးချည်ဖြစ် နေလေတော့သည်။ ထိုအခါမှ အဖြစ်မှန်ကို သိကာ ရှက်ရှက်နှင့် အိမ်နောက်ခန်းသို့ ၀င်ပြေးလေတော့သတည်း။ အကယ်စင်စစ် ပုဆိုးသည်ကား သူရေချိုးသော ရေမြောင်းအနီးတွင် မေ့ကျန်နေခဲ့လေ၏။ ပုဆိုးဝတ်ဘို့ရန်ပင် မေ့နေလေသည်။ ပုဆိုးမပါပဲ ပွဲသို့ သွားသော မောင်ဖြူ၏ အဖြစ်သည်ကား တွေးကြည့်လေ ရယ်စရာကောင်း လေပါ။(ကြာနီကန်ဆရာတော်၏ တရားမှ)

“အော် ဒီလောက်တောင် မေ့လည်းမေ့တတ်ပါပေ မောင်ဖြူရယ်၊” ဒါကြောင့်လည်း မြတ်ဗုဒ္ဓက ပရိနိဗ္ဗာန်စံ ခါနီးတွင် “မမေ့မလျှော့ မပေါ့မဆ ထက်သန်သော သတိတရားဖြင့် ကုသိုလ်ကောင်းမှုတရားတို့ကို ပြုကာ နေရစ် ကြကုန်လော့ ချစ်သားတို့”ဟု သူ၏ တပည့်သားများကို နောက်ဆုံးသြ၀ါဒစကားကို မိန့်ကြားတော်မူခဲ့ခြင်းပေ သည်။ သတိတရားသည်ကား ပိုသည်မရှိ အမြဲတမ်းလိုနေသည်သာဖြစ်သည်။ မြတ်ဗုဒ္ဓက
“သတိရှိခြင်းသည် မသေရာနိဗ္ဗာန်သို့ ရောက်ရာ ရောက်ကြောင်းနည်းလမ်းကောင်းပါပေတည်း။ သတိမေ့ လျှော့ခြင်းသည်ကား သေခြင်းတရားဆီသို့ သွားရာလမ်းကြောင်းပါပေတည်း။ မမေ့မလျှော့သတိရှိကြသော သူတို့သည်ကား မသေတော့ပေ။ သတိမရှိကြသော သူတို့သည်ကား သေသော သူများကဲ့သို့ ဖြစ်ကြပါပေကုန်၏။
သတိတရားသည်ကား အဆုံးတွင် ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် နိဗ္ဗာန်ကိုပင် ပို့နိုင်ပါပေ၏။ အဘယ်သို့ ပို့နိုင်ပါသနည်းဟူမူကား မိမိ၏ ခန္ဓာကိုယ်ကို သတိမပြတ်စောင့်ကြည့်မည်ဆိုလျှင် ခန္ဓာကိုယ်၏ ဖြစ်မှု ပျက်မှု သဘောတရားတို့ကို သိမြင်ကာ၊ သဘောမှန်ကို သိမြင်မှန်သော ယထာဘူတဥာဏ်၊ ခန္ဓာကိုယ်၏ ဖြစ်ပျက် သဘောတို့ကို ရွံမုန်းသော နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်ဆုံးသွားသော မဂ်ဥာဏ်တို့ကို ရရှိမည်ဖြစ်ပေသည်။ စာရှုသူ အပေါင်း သတိရှိပြီး နိဗ္ဗာန်သို့ ရောက်နိုင်ကြပါစေသတည်း။

Tuesday, July 27, 2010

“နံရံကပ်စာ”

တစ်ခါက မြန်မာပြည်အထက်ပိုင်းတွင် ဘုတလင်ဟုအမည်ရသော ရွာကြီးတစ်ရွာရှိလေသည်။ ထိုရွာ၏ ဂုဏ်သ တင်းသည်ကား အလွန်အင်မတန်မှ မွှေးလှပါပေ၏။ ထိုဂုဏ်သတင်းမွှေး၏ဟူသည်ကား အဘယ်နည်း? ထိုရွာ အနီးတွင် နွားပျောက်သွားပါက ပြန်မရှာလေနှင့်၊ ရှာပါက မောရုံသာအဖတ်တင်မည်။ရေထဲကို လွှတ်လိုက်သော စူဠလိပ်ကို ပြန်ရကောင်း ရနိုင်ပါပေ၏။ ကျောက်ခဲကို ညှစ်၍ အဆီထုတ်ပါက ရကောင်း ရနိုင်ပါပေရာ၏။ ထို ရွာအနီးတွင် ပျောက်သွားသော နွားကို ပြန်ရရန် မလွယ်ကူတော့ပေ။ အဘယ့်ကြောင့်နည်းဟူသည်ကား ရွာသား များသည် ထိုနွားကို သတ်၍ ရွာအတွင်းဝယ် ဝေမျှစားလိုက်သောကြောင့်ပေတည်း။ ရွာ၌ အလေ့အထ တစ်ခုရှိ သည်။ မကောင်းမှုလုပ်လျှင် အတူတကွပြုလုပ်လေ့ရှိကြသည်။ ရလာသော အကျိုးဆက်ကိုလည်း အတူတကွခံစားကြသည်။ ထို့ကြောင့် သူတို့ပြုလုပ်လေ့ရှိသော မကောင်းမှုသည် ဘယ်သောအခါမှ ပေါ်သည်ဟူ၍ မရှိပေ။ ရွာ၏ ၀န်းကျင်တွင် သစ်ပင်ကြီးများ၊ရေချိုးရန် ရေဆိပ်များ၊ နားခိုစရာဇရပ်တို့ဖြင့် ပြည့်စုံနေသောကြောင့် အကြောင်းမသိသော အဝေးမှရောက်လာသော ခရီးသည်များအတွက် နားခိုလိုစိတ်ဖြစ်ပေါ်မည်မှာ မလွဲပေ။ အ ကြောင်းသိခရီးသည်များကတော့ မိုးချုပ်နေ၀င်သည်နှင့်တစ်ပြိုင်နက် ထိုရွာအနီးအနားကိုပင် ဖြတ်မသွားရဲ တော့ပေ။ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးကပင် ရှောင်ကြဉ်ကြလေ၏။ တစ်နေ့သော နွေခေါင်ခေါင် နေ့လည် ခင်းတွင် အဝေးမှ ခရီးသည်တစ်ယောက်သည် လှည်းမောင်းကာ ထိုရွာအနီးသို့ ရောက်ရှိလာလေသည်။ အလွန် အင်မတန်မှ ဝေးသော ခရီးမှ လာရောက်ခဲ့ရသည့်အတွက် အလွန်အင်မတန်မှ ပင်ပန်းလာသည်။ ရေချိုးရန် အနားယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သစ်ရိပ်ကောင်းသော သစ်ပင်ကြီးအောက်၌ သူ၏ နွားလှည်းကို ရပ်လိုက်သည်။ စမ်းချောင်းတွင် ရေးဆင်းချိုးသည်။ ထို့နောက် သစ်ပင်အောက်တွင် ဖျာခင်းကာ တရေးတမောအိပ်လိုက်သည်။ တစ်နာရီခန့်ကြာမည်ထင်၏။ အိပ်ယာမှ နိုး၍ ကြည့်လိုက်သောအခါ သူ့၏ နွားနှစ် ကောင်မရှိတော့ပေ။ နွားလှည်း၏ ဒေါင့်ကို ဖြုတ်ကာ နွားနှစ်ကောင်လုံး အခိုးခံလိုက်ရလေသည်။ ရွာလူကြီးကို အကူအညီတောင်းသော်လည်း ဘယ်လိုမှ ရရန်လမ်းစ မမြင်တော့ပေ။ အဆုံးမတော့ သူသည် ထိုရွာ၏ ရွာထိပ် ဇရပ်တွင် စာရေးကာ ကပ်သွားလေသည်။ ထိုစာသည်ကား
“ရွာတစ်ကာတွင် ဘုတလင်
ဝင်သာဝင် မအိပ်နဲ့
အိပ်သာအိပ် မမှိတ်နဲ့
မှိတ်သာမှိတ်မပျော်နဲ့
ပျော်လျှင်ဒေါက်ဖြုတ်နွားခိုးတတ်သတည်း” ဟူ၍ပင် ဖြစ်သတည်း။
ဇရပ်တွင် စာရေးကပ်သွားမှုနဲ့ပတ်သက်လာသဖြင့် ဆက်နွယ်မှုအဖြစ်အပျက်ပုံပြင်တစ်ပုဒ်ကို ဖော်ပြပေအံ့။
တစ်ခါက ရွာတစ်ရွာရှိလေသည်။ ရွာ၏ ထိပ်တွင် အဝေးမှ ဧည့်သည်များ တည်းခိုနိုင်စေရန်အလို့ငှာ ဇရပ်တစ် ဆောင်ကို တည်ဆောက်ထားလေသည်။ တစ်နေ့ ငမှုံဟုအမည်ရသော ဧည့်သည်တစ်ယောက်သည် ထိုဇရပ် တွင် ၀င်ရောက်တည်းခိုလေသည်။ဇရပ်တွင် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ရာ နံရံတွင် ရေးထားသော စာတမ်းကို တွေ့ရှိလေတော့သည်။ စာတမ်းသည်ကား
“သတိ, နှုတ်ခမ်းမွှေးရှည်သောသ၊ူ ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်”ဟူ၍ပင် ဖြစ်သတည်း။ထိုစာကို ဖတ်ပြီးသော အခါ ငမှုံသည် စိတ်တိုသွားသည်။ သူသည် ဆေးလိပ်လည်း သောက်တတ်သည်။ နှုတ်ခမ်းမွှေးကလည်း ရှည်နေ လေသည်။
“ဒီစာက ငါ့ကို စောင်းရေးတာပဲ၊ ဘယ်ကောင်ရေသွားတယ်မသိ၊”ဟူ၍ပင် အတွေးဝင်လာသည်။ ထို့ကြောင့် စိတ် တိုတိုဖြင့် ဆေးလိပ်တိုကို မီးညှိကာ
“နှုတ်ခမ်းမွှေရှည်တယ်ကွာ၊ ဆေးလိပ်တိုကို မီးညှိသောက်တယ်ကွာ၊ ဘာဖြစ်လဲ၊”ဟုဆိုကာ ဆေးလိပ်တိုကို မီးညှိကာ သောက်လိုက်လေသည်။ မကြာလိုက်ပါ။ သူ၏ နှုတ်ခမ်းမွှေး မီးလောင်းသွားလေသည်။ ထိုအခါမှ ငမှုံ သည် အထက်ပါစာတမ်း၏ အောက်တွင် သူ၏ ကိုယ်တွေ့အတွေ့အကြုံကို အခြေခံကာ
“မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူသော စာသားကို ဆက်လက်ရေးသားလိုက်လေသည်။ နှစ်ရပ်ပေါင်းသော်
“သတိ, နှုတ်ခမ်းမွှေးရှည်သောသူသည် ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်၊
မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူ၍ပင် ဖြစ်သတည်း။



Monday, July 26, 2010

"The Full Moon Day of Vaso"

The full moon day of Vaso is one of the most important days for Buddhists. We Buddhists regard this day
as the auspicious and noble day. Why do we Buddhists regard this day as the auspicious and noble day?
It has four reasons:
(1) On this day Queen Mahamaya was pregnant with Bodhisatta(Bu Yar Laung),
(2) On this day Siddhattha Bodhisatta went to the forest to search for the truth for His own sake or convenience but for the sake of suffering humanity,
(3) On this day the Buddha preached Dhammacakkapavattana Sutta Deva(gods) and Brahma leading His five friends, sush as Koddanna, Vappa, Baddaya, Mahanan, and Assaji and,
(4) On this day Buddhist monks go into the rains retreat.
That’s why we Buddhists regard this day as the auspicious and noble day.
On this special day, Buddhists offer food, shelter, robes and medicines to the monks whom are going into the rains retreat. And then, on this day, Buddhists offer food, fragrant sticks, candles, water, flowers, cakes,various kinds of fruit, golden robes and so on and so forth to pagodas and the images of the Buddha.
Some Buddhist count beads and practice meditation by honouring the Buddha on this day. I admonish all Buddhists “Please do good deeds from this day onward.
I conclude my Dhamma message while I wise “May my Dhammafellows who pay a visit to my site be the noble persons who can support the Buddha’s Sasana and finally attain Nibbana which is free from suffering!
With infinite Metta
A Shin Javana
 

Go Up အပေါ်သို့