Pages

Friday, September 30, 2011

"ဆုကြီးပန်နှင့် ဆုငယ်ပန်"

တစ်ခါက ရွာတစ်ရွာတွင် ဦးသာဦးနှင့် ဒေါ်ချစ်ဥအမည်ရှိ ဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။ သူတို့နှစ်ဦးသည် ပစ္စုပ္ပုန် ဘ၀တွင် တစ်ဦးကို တစ်ဦး အလွန်ချစ်ခင်ကြသည်။ ကိစ္စကြီးငယ်ရှိတိုင်း နှစ်ဦးသဘောတူ ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေကာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် သူတို့နှစ်ဦး တိုင်ပင်၍ မရသော အချက်တစ်ချက် ရှိလေသည်။ ဦးသာဦးသည်ကား ဆုကြီးပန်ဖြစ်သည်။ ဆုကြီးပန်ဟူသည်ကား ဘုရားဖြစ်ရန်အလို့ငှာ ဆုပန်ထား ခြင်းကို ဆိုလိုသည်။ ဒေါ်ချစ်ဥသည်ကား ဆုငယ်ပန်ဖြစ်သည်။ ဆုငယ်ပန်ဟူသည် ရိုးရိုးရဟန္တာအဖြစ်ကို ဆုတောင်းထားခြင်းပင်ဖြစ်သည်။ တစ်နေသတွင် ဘုရားလောင်းလမ်းစဉ်ကို ကြိုက်နေသော ဦးသာဦးက ပြောသည်-
"လောကမှာ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ထူးက အလွန်အင်မတန်မှ နည်းပါတယ်၊ ဘုရားတွေ ပွင့်ဘို့ အများကြီးလိုတယ်၊ ချွတ်ဖို့ သတ္တ၀ါတွေကလဲ အများကြီး မဟုတ်လား၊ဒါကြောင့် ဘုရားလောင်းသင်တန်းများ ဖွင့်ရင်တောင် ကောင်း မယ်"တဲ့။
သို့သော် ဇနီးသည် ဒေါ်ချစ်ဥကမူ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတွေကို နာထားသူဖြစ်၍ ဘ၀ရှည်လျား မည်ကို မကြိုက်၊ "ယခုပြတ်ရင် ယခု ကောင်းတာဘဲ"တဲ့၊ ဤသို့ ခံယူထား၏။
ဦးသာဦးက ဘုရားဆုပန်ထားသည်။ "သူပါရမီတွေ ဖြည့်နေမျှကာလပတ်လုံး သူ့နောက်က ရေပူ ရေချမ်းကမ်း လှမ်းပြီး လိုက်စမ်းပါ"ဟု ဇနီးအား စည်းရုံးကြည့်၏။ ဒေါ်ချစ်ဥက
"မလိုက်ချင်ပါဘူးတော် သူ့လမ်းစဉ်ကြီးက အရှည်ကြီး"ဟုဆိုသည်။ ပြောမရ၍ ဦးသာဦးက ရွာဦးကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယကို အကူအညီတောင်း၏။ ဘုန်းတော်ကြီးကလည်း ဦးသာဦးဘက်က ကူညီဟောပေးရှာ သည်။ သို့သော်မရပါ။ထိုအခါ ရွာဦးကျောင်းဆရာတော်ကြီးက
"ဒကာကြီးရေ ဟောမရဘူး၊ နောက်တစ်ယောက်သာ ရှာပေတော့"ဟု မိန့်တော်မူရသတတ်။
မှတ်ချက်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ (ဆရာတော်ဦးဃောသိတ)

0 comments:

Post a Comment

 

Go Up အပေါ်သို့