Pages

Saturday, January 30, 2010

The Doctrine of Paticcasamuppada (Part 1)

Paticcasamuppada is Pali language, a combination of 'Paticca, Sam, and Uppada, 'Paticca' because of, 'Sam' well, and 'Uppada' arising of effect because of cause.
ပဋိစ္စသမုပ္ပါဒဟူသည် ပဋိစ္စ, သမ်, ဥပ္ပါဒဟူသော စကားများကို ပေါင်းစပ်ထားသော ပါဠိသာသာဖြစ်သည်။ ပဋိစ္စဆိုသည် စွဲ၍ သို့မဟုတ် ကြောင့် ဟု အဓိပ္ပာယ်ရှိသည်။ သမ်ဟူသည် ကောင်းစွာဟု အဓိပ္ပာယ်ရသည်။ ဥပ္ပါဒဟူသည် အကြောင်းကြောင့် အကျိုးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။

Therefore Paticcasamuppada means there arises effect because of cause well.
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဟူသည် အကြောင်းကြောင့် အကျိုး၏ ကောင်းစွာ ဖြစ်ပေါ်မှုဟု ဆိုလိုပါသည်။

According to the Late Venerable Moe Gok Sayadaw's view, Paticcasamuppada means the arising and disappearing of the five aggregates, such as Rupakkhandha, Vedanakkhandha, Sannakkhandah, Samkharakkhandha and Vinnanakkhandha or the arising and passing away of Rupa (matter) and Nama (mind).
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အလိုအရ ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ ရူပက္ခန္ဓာ,ဝေဒနက္ခန္ဓာ,သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာဟူသော ခန္ဓာငါးပါး၏ ဖြစ်မှု ပျက်မှု တစ်နည်းအားဖြင့်သော်ကား ရုပ်နာမ်နှစ်ပါး၏ ဖြစ်မှု ပျက်မှုကို ဆိုလိုပါသည်။

Here, if we trance where, when the Buddha paid attention Paticcasamuppada (cause and effect) in direct and reverse order, we will come to know it very well.
ဤနေ၌ မြတ်စွာဘုရားသည် ပဋိစ္စသမုပါဒ်တရားတော်ကို အနုလောမ ပဋိလောမအားဖြင့် ဘယ်နေရာ ဘယ်အချိန်က ဆင်ခြင်ခဲ့သည်ဆိုသည်ကို နောက်ကြောင်းပြန်လိုက်ရသော် ကျွန်တော်တို့ ကောင်းမွန်စွာ သိရှိလာပါလိမ့်မည်။

On one occasion, the Buddha was staying at Uruvera in the bank of the river Neranjara at the foot of the Tree Awakening ( Mahabodhirukkha).
အခါတစ်ပါး မြတ်စွာဘုရားသည် ဥရုဝေလတောအုပ် နေရဉ္ဖရာဖြစ်ကမ်းအနီး မဟာဗောဓိပင်၇င်း၌ သီတင်းသုံး ထိုင်နေတော်မူပါသည်။

Then, the Buddha sat cross-legged in one posture for seven days at the foot of the Tree Awakening experiencing the bliss of freedom.
ထို့နောက် မြတ်စွာဘုရားသည် နိဗ္ဗာန်၏ ချမ်းသာကို ခံစားရင် မဟာဗောဓိပင်ရင်းဝယ် ရ ရက်ကြာ တစ်ထိုင်တည်း တင်ပလ္လင်ခွေကာ ထိုင်နေတော်မူခဲ့ပါသည်။ (To be continued ဆက်ရန်)

0 comments:

Post a Comment

 

Go Up အပေါ်သို့