Pages

Thursday, June 17, 2010

ရောက်ရာ ပေါက်ရာဟာသများ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းဝယ် ရွာတစ်ရွာရှိလေသည်။ ထိုရွာသားဖြစ်သော သူငယ်ချင်းတစ်ပါးမှ ပြောပြသဖြင့် စာရှုသူများ ဟာသရသခံစားနိုင်စေရန် အလို့ငှာ ထိုရွာအကြောင်းကို တင်ပြလိုက်ရပေသည်။ ထို ရွာသားများသည် စကားကို ကတ်ကတ်သတ်သတ် ပြောတတ်သော အလေ့ရှိကြလေသည်။
တစ်နေ့သော နံနက်ခင်းတွင် ထိုရွာသားမျာသည် မန္တလေးမြို့သို့ သွားရန် ကားစောင့်နေကြလေသည်။ ထိုစဉ် ကားတစ်စီးသည် သူတို့၏ ရှေ့မှ ဖြတ်မောင်းသွားသည်။ ထိုအခါ ဆယ်တန်းကျောင်းသားတစ်ယောက်သည် ထိုကားတွင် ရေးထားသော 'Made in Japan' ဟူသော စာတမ်းကို ဖတ်လိုက်ရသဖြင့် သူ့ရွာသားများကို ဗဟုသုတရရှိကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်
“ခုနက ကျုပ်တို့ရှေ့က ဖြတ်မောင်းသွားတဲ့ကားက ဂျပန်ကလာတာပဲ”ဟု ပြောလိုက်လေသည်။ ထိုအခါ စကား ကတ်ပြောတတ်သော ရွာသားတစ်ယောက်က
“ဟာ ဒီကားက ဂျပန်ကလာတာဆိုတော့ တော်တော်စောသားပဲ၊ ဘယ်အချိန်ကများ ထွက်လားသလဲမသိဘူး”ဟု
စကားကတ်ကာ မေးလေသည်။ သူ၏ ရွာသားများအကြောင်းကို သိသော ဆယ်တန်းကျောင်းသားသည်လည်း စကားဆက်မပြောတော့မူ၍ အသာလေးငြိမ်းနေလိုက်လေသတည်း။
တစ်ခါတွင်လည်း ထိုရွာသားတစ်ယောက်သည် အရက်မူးပြီး သူ့အိမ်သို့ ပြန်လာလေသည်။ မူးကန်းကန်းနှင့် အိမ် ထဲဝင်လိုက်ရာ အိမ်၏ တံစက်မြိတ်နှင့် သူ၏ ခေါင်းနှင့် သွားဆောင့်လေသည်။ ထိုအခါ မူးနေသည်က တစ်ကြောင်း သူ၏ ခေါင်းကို တံစက်မြိတ်နှင့် အတိုက်ခံလိုက်ရသည်ကတစ်ကြောင်း၊ အကြောင်းပေါင်းများစွာတို့ ကြောင့် စိတ်တိုသွားကာ သူသည်
“ငါမအရပ် ငါမအရပ်”ဟု အရပ်ကို အော်ဆဲနေလေတော့သည်။ ဤအရာကို သည်းမခံနိုင်သော လူငယ်တစ် ယောက်က
“ဟေ့ကောင် အရပ်ကိုတော့ ဆဲမနေနဲ့၊ သတ္တိရှိရင် ဖိုက်မယ်၊ ဒီဘက်ကို လာခဲ့စမ်း”ဟု စိန်ခေါ်လိုက်လေသည်။ ထိုအခါ အမူးသမားက
“အရပ်ဆိုတာ ငါ့အရပ်ကို ဆဲတာကွ၊ ငါ့အရပ်က ရှည်တော့ အိမ်ရဲ့ တံစက်မြိတ်နဲ့သွားတိုက်တယ်၊ ငါ့ခေါင်းကွဲ သွား၊ ဒါကြောင့် ငါ့ရပ်ကို ငါဆဲနေတာကွ”ဟု ပြန်လည်ဖြေရှင်းချက်ပေးလိုက်သောအခါ တစ်ဖက်မှ လူငယ်သည်လည်း သူမှားသွားသည်ကို သိရှိကာ စုံဒေါက်ကြီး ဦးစံရှားနှင့် ဦးဒိန်းဒေါင်းတို့ကဲ့သို့ ဒီနေ့ကံကောင်း မကောင်းပါလား”ဟု ငြီးချင်းထုတ်ကာ ငြိမ်သွားလေတော့သတည်း။
မှတ်ချက်= ထိုအရက်သမားသည် အိမ်၏ တံစက်မြိတ်နှင့် တိုက်မည်ဆိုလျှင်လည်း တိုက်ပေရာ၏။ သူ၏ အရပ်ကို ဆဲမည်ဆိုလျှင် ဆဲပေရာ၏။ စင်စစ် သူ၏ အရပ်သည်ကား ခြောက်ပေနည်းပါးမျှရှည်လေသတည်း။
တစ်နေ့သော ညအခါတွင် ရွာသားများသည် စုပေါင်းကာ ဗွီဒီယိုကြည့်ကြလေသည်။ ပရိသတ်သည် ဗွီဒီယိုကို စိတ်ဝင်တစား ကြည့်နေစဉ် တစ်ယောက်သူသည် မသိမသာ လေလည်လေလိုက်သည်။ ထိုသို့လေလည် လိုက်သောကြောင့် အနံ့ဆိုးသည် ဗွီဒီယိုရုံအတွင်းရှိ ပရိသတ်အလယ်သို့ တခဏချင်း ပြန့်နှံ့သွားလေသည်။ ထိုအ ခါ သည်းမခံနိုင်သော လူငယ်တစ်ယောက်က
“လေလည်တာဘယ်ကောင်လဲကွ”ဟု အော်မေးလိုက်လေသည်။ သူစကားသည်ကား လေလည်သောသူကို သိလျှင် ဖိုက်မည့်လေသံမျိုးဖြင့် မေးလိုက်ခြင်းဖြစ်လေသည်။ ထိုအခါ လေလည်သောသူက စိတ်တို သွားကာ
“ငါကွ” ဟု သတ္တိရှိသောလေသံ တင်းမာသော လေသံဖြင့် ဖြေလိုက်လေသည်။ ဗွီဒီိယိုကြည့်သော ပရိသတ်က “ဒီးခလေးတွေတော့ တစ်ယောက်နှင့် တစ်ယောက်ရန်ဖြစ်ကုန်တော့မှာပဲ ”ဟုစိုးရိမ်နေကြလေသည်။ သို့သော် တစ်ဖက်က မေးသောသူ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ပရိသတ်မှာ “ဟင်ကနဲ”ဖြစ်သွားလေသည်။ သူတုံ့ပြန်လိုက်သော အရာသည်ကာ
“အေး မင်းဆိုရင် ပြီးတာဘဲကွ”ဟူသတည်း။
“အော် သတ္တိကတော့ မဟာဗန္ဓုလကတောင် အရှုံးပေးရလောက်ပါပေသည်တကား၊ မှတ်သားပေစွ၊ အတုယူ လောက်ပါပေစွတကား”။

0 comments:

Post a Comment

 

Go Up အပေါ်သို့