Pages

Saturday, July 17, 2010

“သတ်ပုံကျမ်းပြုအကျော် ဒို့မထေရ်မော်”

တစ်ခါက တောကျောင်းတစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ထိုဦးဇင်းကြီးသည် သတ်ပုံကျမ်းကို ပြုစု နေလေ၏။ သူ၏ သတ်ပုံကျမ်း မှန်မမှန်ကို ဥပဇ္ဈာယ်ဆရာတော်ကို စစ်ဆေးခိုင်းရန် အကြံဖြစ်လေ၏။ ပထမနေ့ ဦးဇင်းကြီးသည် ဆရာတော်ထံသို့ သွားရောက်ကာ
“ဆရာတော်ဘုရား တပည့်တော်ရဲ့ သတ်ပုံကျမ်းလေးကို မှန်မမှန်စစ်ဆေးပေးပါအုံးဘုရား”ဟု စစ်ဆေးခိုင်း လေ၏။ ဦးဇင်းကြီး၏ သတ်ပုံကျမ်း လင်္ကာသံပေါက်သည်ကား
“ငါမွေးသည့်မျောက် ငါ့ကိုချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်၊
ဇမ္ဗုသပြေ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။ ဖြစ်လေသည်။ ဆရာတော်ကြီးသည် ထိုသတ်ပုံလင်္ကာသံပေါက်ကို ဖတ်ပြီးသောအခါ
“ကောင်းတယ် ဦးဇင်းကြီးရေ၊ ဆက်ပြီးပြုစုပါ”ဟု တိုက်တွန်းလိုက်လေသည်။ ဦးဇင်းကြီးသည်လည်း သူ၏ သတ်ပုံကျမ်းကို ဆရာတော်က ကောင်းကြောင်းထောက်ခံလိုက်သောအခါ သတ်ပုံကျမ်းလေးကို ကိုင်ကာ ပီတိ စိတ်ဖြင့် သူ၏ ကျောင်းဆီသို့ ကြွသွားလေ၏။ပထမနေ့တွင်ကား ဦးဇင်းကြီးသည် အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ လေပြီ။ သုံးလေးရက်ကြာပြီးနောက် ဒုတိယမြောက် သတ်ပုံလင်္ကာသံပေါက်ကို ဆရာတော်အား စစ်ဆေးခိုင်းပြန်လေ၏။ သတ်ပုံလင်္ကာသံပေါက်သည်ကား
“စုန်လှေဆန်လှေ၊ ခက်သည့်လှေ၊ လှော်လှေကိုလည်း သဝေထိုး”ဟူ၍ပင်ဖြစ်သည်။ ထိုသတ်ပုံလင်္ကာသံပေါက် ကို ဖတ်ပြီးသောအခါ ဆရာတော်သည်
“လှော်လှေမှ သဝေမထိုးရင် နင်ကြီးတော်ကြီး သွားထိုးရမှာလားဟ”ဟု မိန့်တော်မူကာ စိတ်ပေါက်ပေါက်နှင့် ထွေးခံဖြင့် ပစ်ပေါက်လိုက်ရာ ဦးဇင်းကြီးသည် ဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေ တော့သတည်း။

1 comments:

Crystal said...

သိပ်သဘောမပေါက်ဘူး ဖြစ်နေတယ်ဘုရား... :)

Post a Comment

 

Go Up အပေါ်သို့