အကျွန်ုပ်သည် သာသနတက္ကသိုလ်၌ ပညာသင်ကြားနေစဉ်က အဖြစ်အပျက်ကလေးတစ်ခုပါ။ အကျွန်ုပ်တို့၏ ဇာတိရွာကလေးသည် ရန်ကုန် မန္တလေး ကားလမ်းမကြီးဘေးမှာ တည်ရှိပါသည်။ တစ်နေ့ နိုင်ငံခြားသားများ တင်ဆောင်လာသော ကားတစ်စီးသည် အကျွန်ုပ်တို့၏ ရွာအနီး၌ ပျက်သွားလေသည်။ ထိုစဉ် နိုင်ငံခြားသားများ သည် အကျွန်ုပ်တို့၏ ရွာဦးကျောင်းသို့ ၀င်လာကြလေသည်။ ရွာမှာ အင်္ဂလိပ်စကားပြောတတ်သော ပုဂ္ဂိုလ် တစ်ယောက်မှ မရှိလေတော့ တော်တော်လေး အခက်တွေ့နေကြလေသည်။ မိမိကိုပင်တမ်းတနေကြလေသည်။ သို့သော်လည်း ချက်ချက်ချာချာ သွက်သွက်လက်လက်ရှိသော မိမိရဲ့ အမဖြစ်သူကပင် (ဟန်ပန်အမူအရာ) ဖြင့် ဦးဆောင်သွားလေသည်။ အင်္ဂလိပ်စကားတော့ မပြောတတ်ပါ၊ တစ်နေ့ မိမိသည် ကိစ္စတစ်ခုဖြင့် ရွာပြန်လာရာ ရွာရောက်လျှင်ရောက်ချင်းဘဲ ရွာသားများကတော့ အကျွန်ုပ်အား
"ဦးဇင်းရာ ဟိုတစ်ပတ်က နိုင်ငံခြားသားတွေ ရွာရောက်လာတာ အင်္ဂလိပ်လို ပြောတတ်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ ဦးဇင်းကို မျှော်နေကြတာ ဦးဇင်းသာရှိရင် ပွဲပြတ်တာပေါ့" တဲ့ အားရပါးရ မိမိအား အထင်ကြီးစွာဖြင့် ပြောနေကြသည်။ မိမိသည်လည်း သူတို့၏ မိမိအပေါ် အထင်ကြီး အားကိုးမှုများကို အမှန်တကယ် ၀န်ခံရလေသော် သဘောကျနေမိပါတော့သည်။
မိမိကတော့ စိတ်ထဲမှာ
"အော် ငါရွာမှာ မရှိလိုက်တာ ကံကောင်းတာဘဲ၊ ရှိလို့ကတော့ ပွဲမပြတ်ဘဲ ပွဲပျက်တော့မှာ၊ အဘယ်ကြောင့် ဆိုသော် မိမိသည်ကား သူတို့ အထင်ကြီးသလို အင်္ဂလိပ်စကားကို ကောင်းကောင်းမှ မပြောတတ်ဘဲကိုး အော်သူတို့ကလဲ မိမိနိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး)မှာ နေတာဆိုတော့ အထင်ကြီးမယ်ဆိုလဲ ကြီးပေရာ၏။
0 comments:
Post a Comment