Pages

Wednesday, August 12, 2009

ငါအော်ပရေးရှင်း(operation)သွားမလို့

Inside International Center, University of Pune, Pune, India

ဒီအဖြစ်အပျက်ကလေးဟာ ရွာတစ်ရွာမှ တကယ့်အဖြစ်အပျက်ကလေး ပါ၊ သူကြီးသားတစ်ယောက်ဟာ မြို့မှ ပညာသင်ပြီး ရွာသို့ပြန်ရောက် လာလေသည်၊ သူကြီးသားသည် စကားပြောသောအခါ အင်္ဂလိပ်စကား လုံးများကို ကြားညှပ်သုံးလေ့ရှိသည်။ ထိုရွာတွင် သူကြီးသားကို အားကျနေသော နွားကျောင်းသား ဖိုးသံချောင်း တစ်ယောက်ရှိ လေသည်။ တစ်နေ့ဖိုးသံချောင်းတစ်ယောက် နွားများမောင်းပြီး တောသို့ထွက် လာခဲ့လေသည်။ လမ်းတွင်သူ့ရဲ့သူငယ်ချင်း များနှင့် တွေ့ဆုံလေရာ သူငယ်ချင်းများက
"ဟ ဖိုးသံချောင်းကြီး ဘယ်သွားမလို့"လဲ လို့ မေးကြလေသည်။
ထိုအခါ သူကြီးသား အားကျနေသော ဖိုးသံချောင်းက ခပ်တည်တည် နှင့် ပြောလိုက်လေသည်။
"အေး ငါ အော်ပရေးရှင်း (operation)သွားမလို့ "တဲ့

အဆင့်မြင့်မြင့်သုံးချလိုက်သော ဖိုးသံချောင်းစကားလုံးကြောင့် သူငယ်ချင်းတစ်သိုက်နားမလည် ဖြစ်သွား ကြသည်။ ထို့ကြောင့် သူငယ်ချင်းများက ပြန်မေးရလေသည်။
"ဟ ဖိုးသံချောင်းရ အော်ပေ၇းရှင်း(operation) ဆိုတာ ဘာလဲကွ ဒို့က မင်းရဲ့ မော်ဒန်စကားလုံးကို နားမလည်ဘူးကွ"တဲ့
ထိုအခါ ဖိုးသံချောင်းက
အေး အော်ပေ၇းရှင်း(operation)ရဲ့ မြန်မာလိုဘာဆိုလိုတယ်ဆိုတာ ငါလဲမသိဘူးကွ၊ ရွာထဲက သူကြီးသားပြော လို့သာ ငါပြောလိုက်တာ ငါသွားမှာကတော့ နွားကျောင်းဘဲ"တဲ့
ဖိုးသံချောင်းရဲ့ ပြောစကားကြောင့် သူငယ်ချင်းတစ်သိုက်လဲ အူလှိုက်သဲလှိုက်ရယ်ကြရလေတော့သတည်း

0 comments:

Post a Comment

 

Go Up အပေါ်သို့