Pages

Monday, August 10, 2009

"ဦးဇင်း ဒီနေ့ ဟင်းခွက်တွေကတော့ ပောာလီဒေး(Holiday) ဘဲတဲ့"


Remembrance at my friend, Thailand monk's viva day, University of Pune, India

အကျွန်ုပ် သာသနတက္ကသိုလ်တက်နေစဉ်က အဖြစ် အပျက် ကလေးတစ်ခုပါဘဲ၊ အကျွန်ုပ်တို့၏ သာသန တက္ကသိုလ်(မန္တလေး)သည် ခြောက်လတစ်ကြိမ်ပိတ်ပေးလေ့ရှိသည်၊ ကျောင်းပိတ်သောအခါ မိမိရဲ့ ဇာတိရပ်ရွာသို့ ပြန်ကြရလေသည်။ အကျွန်ုပ်သည်လည်း ကျောင်းပိတ်သော အခါ မိမိရွာသို့ ပြန်၍ ကျောင်းမှ ကိုရင် ကျောင်းသားများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ စာပေများနှင့် အင်္ဂလိပ်စာပေများကို သင်ကြားပေးခဲ့ပေသည်၊ အကျွန်ုပ်သည် စကားပြောသောအခါ အင်္ဂလိပ်စကားလုံးများကို ထည့်ထည့်သုံးလေ့ရှိသည်၊ တပည့်ကျော်များထဲမှ အကျွန်ုပ်စကားပြောသည်ကို အားကျနေသော ကိုရင်တစ်ပါးရှိလေသည်။ သူသည် မိမိပြောသော အင်္ဂလိပ်စကားလုံးများကို မှတ်ထား၍ အခွင့်ကြုံရင်တော့ ဦးဇင်းကို ပြောလိုက်မယ်လို့ ကြိုက်ကြံနေဟန်ရှိသည်။ တစ်နေ့ ရွာအတွင်းမှ ဆွမ်းခံပြန်လာစဉ် မိမိနှင့် ကျောင်းမှာ ပက်ပင်းတိုလေသည်၊အမောင်ကိုရင်က အားရ၀မ်းသာ မိမိအားပြောချလိုက်လေသည်။
"ဦးဇင်း ဒီနေ့ ဟင်းခွက်တွေကတော့ ဟောလီဒေး(Holiday)ဘဲ"တဲ့ ဒါနဲ့ဘဲ မိမိက ပြန်မေးရလေသည်။
ဟ မောင်ကိုရင်ရ ဟောလီဒေး(Holiday) ဆိုတာဘာ အဓိပ္ပယ်နဲ့ပြောတာလဲဟ" ဟုမိမိက မေးသောအခါ ကိုရင်ပြောချလိုက်တာက
"ဦးဇင်း ဟောလီဒေးဆိုတာ ဟင်းခွက်တွေ အများကြီးရတာကို ဆိုလိုတာ မဟုတ်ဘူးလားဘုရား"တဲ့ ဒါနဲ့ မိမိက ပြန်၍ သြ၀ါဒပေးရချေ၏။
"မောင်ကိုရင် မသိရင်လဲ မသုံးပါနဲ့ကွာ၊ ငါ့နဂိုက မရှိမဲ့ ၇ှိမဲ့ သိက္ခာလေးတွေ ကျကုန်ပါအုံးမယ်ကွာ" ဟုပြောထားရလေ၏။
ဆရာကောင်းတပည့် ပန်းကောင်းပန်တဲ့ သဘောမျိုးလားတော့မသိပေ။

0 comments:

Post a Comment

 

Go Up အပေါ်သို့