Pages

Thursday, August 20, 2009

"ရွှေအိုးလေး မစတော်မူပါ"

အကျွန်ုပ်၏ မယ်တော် ခမည်းတော်များ၏ ဇာတိဖြစ်သောမြစ်သားမြို့နယ် ရွှေမင်းဝန်ရွာမှ အဖြစ်အပျက်ကလေးတစ်ခုဖြစ်သည်၊ ထိုရွာ၌ နွားကျောင်းသားလေး မောင်ငမှုံသည် နှစ်ပေါင်းများစွာကြာ သူတပါးနွားများကို အငှားကျောင်းပေးနေရသည်၊ နွားကျောင်းလာရသည်မှာ ကြာပြီဖြစ်သော်လည်း မချမ်းသာခဲ့ပါ၊ ရွာအတွင်းမှာ သူ့နောက်မှ အလုပ်လုပ်ကိုင်ကြသော သူငယ်ချင်းတစ်ချို့ ကားတွေဝယ်ပြီး စီးနေကြသည်၊ သူလဲ သူငယ်ချင်းများကဲ့သို့ ချမ်းသာလိုသည်၊ သို့ဖြစ်၍ ကြံရာမရသည့်အဆုံး သူ၏ နွားကျောင်းစားကျက်ဖြစ်သော ရွှေမင်းဝန်တောင် နတ်မင်းကြီးထံ အပူကပ် ဆုတောင်းလေတော့သည်၊ သူ့၏ ဆုတောင်းက
"အို ဘုန်းတော်ကြီးတော်မူလှသော ရွှေမင်းဝန်တောင်ပိုင် နတ်မင်းကြီ! အကျွန်ုပ်မောင်ငမှုံသည် အလွန်အင်မတန်မှ ဆင်းရဲလှပါတယ်၊ သို့ဖြစ်တဲ့အတွက် အကျွန်ုပ်အား ရွှေအိုးလေး မစတော်မူပါဘုရား၊"တဲ့
သူလည်း ဆုတောင်းပြီ နွားများမောင်းနှင်လျှက် ရွာသို့ပြန်လာခဲ့လေသည်၊ ပီတိစိတ်များတဖွားဖွား မျှော်လင့်ချက်များဖြင့်ပေါ့၊ ညအခါ မောင်ငမှုံ အိပ်နေသောအခါ ရွှေမင်းဝန်တောင်ပိုင် နတ်မင်းကြီးက ရက်ရက် စက်စက် အိမ်မက်ပေးလိုက်သည်မှာ
"ငါက မင်းကို ရွှေအိုးပေးရအောင်(ရွှေအိုးမစရအောင် ) မင်းအမေလင်လက်ထက်က မြှတ်ထားလို့ ပေးရမှာလား" တဲ့ ထိုသို့ အိမ်မက်ရသည့်နေ့မှစ၍ မောင်ငမှုံတစ်ယောက်လဲ ရွှေမင်းဝန်တောင်သို့ နွားကျောင်းတောင် မသွားရဲတော့ပေ၊
"အော် မောင်ငမှုံ အဖြစ်က ဖွတ်မရ ဓားမအဆုံးပါလားနော်" ဟူ၍ မိမိ ကောက်ချက်ချလိုက်မိသည်။
(ဤစာမျက်နှာ၏ အဆုံးတွင် 0lder post နှိပ်လိုက်ပါ၊ နောက်ထပ် ပုံပြင်များ တွေ့ရပါလိမ့်မည်)

0 comments:

Post a Comment

 

Go Up အပေါ်သို့